နယူးကာဆယ်နည်းပြရာထူးကို ရယူသွားမည်မဟုတ်ကြောင်း မော်ရင်ဟိုပြောကြား

October 18, 2021 sportviews 0

ဟိုဆေးမော်ရင်ဟိုကနယူးကာဆယ်နှင့် သူ့အကြားတွင် ဆက်နွယ်မှုများရှိနေပေမယ့်လည်း နယူးကာဆယ်နည်းပြရာထူးကိုရယူသွားမည် မဟုတ်ကြောင်းပြောကြားလိုက်ပါတယ်။ နယူးကာဆယ်အသင်းကိုစတိဗ်ဘရုစ် ကိုင်တွယ်နေဆဲဖြစ်ပေမယ့်အသင်းပိုင်ရှင်သစ်များဟာ များမကြာမီအပြောင်းအလဲပြုလုပ်သွားဖို့ရှိနေပါတယ်။ နယူးကာဆယ်နည်းပြရာထူးအတွက်လျာထားစာရင်းတွင် နည်းပြများစွာပါဝင်နေပြီးမော်ရင်ဟိုလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ဒါပေမယ့် ပေါ်တူဂီလူမျိုးနည်းပြကရိုးမားအတွက်သာ အပြည့်အဝအာရုံစိုက်နေပြီးနယူးကာဆယ်ကို ကိုင်တွယ်မှာမဟုတ်ကြောင်းဆိုလာပါတယ်။ မော်ရင်ဟိုက “နယူးကာဆယ်နဲ့ပတ်သက်ပြီး ကျွန်တော့်မှာများများစားစားပြောစရာမရှိပါဘူး။ ဘာမှမရှိတာပါ။ပြောစရာရှိတာကတော့ အလွန်ခဲ့တဲ့နှစ်တော်ကြာတုန်းကနယူးကာဆယ် သမိုင်းမှာအရေးအပါဆုံးသူတွေထဲကတစ်ဦးဖြစ်တဲ့ ဆာဘော်ဘီရော့ဘ်ဆင်နဲ့အလုပ်လုပ်ခဲ့တာပါ။ ဒီတော့ကျွန်တော်နဲ့ ဒီမြို့၊ဒီပရိသတ်တွေအကြားမှာ ဆက်နွယ်မှုကရှိနေပြီးသားပါ ဒီထက်မပိုပါဘူး […]

ဝိန်းရွန်းနီရဲ့ပရီးမီးယားလိဂ်အဝေးကွင်းဂိုးစံချိန်ကို ယခုရာသီအတွင်းရိုက်ချိုးလာနိုင်ဖို့ရှိတဲ့ ဟယ်ရီကိန်း

October 18, 2021 sportviews 0

ဟယ်ရီကိန်းဟာစိန့်ဂျိမ်းစ်ပါ့ခ်မှာနယူးကာဆယ် ဂန္ထဝင်တိုက်စစ်မှူးအလန်ရှီးယားရဲ့စံချိန်ကို ကျော်ဖြတ်လိုက်ပါတယ်။စပါးစ်အသင်းခေါင်းဆောင်ဟာ နယူးကာဆယ်ကို၃-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာ နယူးကာဆယ်ဂိုးသမားကားလ်ဒါလောကို ကျော်ပြီးသူ့ရဲ့ယခုရာသီပထမဆုံး ပရီးမီးယားလိဂ်ဂိုးကိုသွင်းယူခဲ့ပါတယ်။ ယင်းဂိုးကြောင့်စပါးစ်ဟာနယူးကာဆယ်ကို ၂-၁ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပါတယ်။ယင်းဂိုးကြောင့် ဟယ်ရီကိန်းဟာအလန်ရှီးယားရဲ့ ပရီးမီးယားလိဂ်အဝေးဂိုးစံချိန်ကိုလည်း ကျော်ဖြတ်ခဲ့ပါတယ်။ အသက်၂၈နှစ်ရှိအင်္ဂလန်အသင်းခေါင်းဆောင်ဟာ ပရီးမီးယားလိဂ်အဝေးကွင်းပွဲ၁၂၈ပွဲကစားထားရာမှာ ၈၈ဂိုးအထိသွင်းယူထားနိုင်ပြီဖြစ်ပါတယ်။ အလန်ရှီးယားဟာကစားသမားဘဝ ၁၈နှစ်အတွင်းမှာအဝေးကွင်းဂိုး၈၇ဂိုးသွင်းခဲ့ပါတယ်။ လက်ရှိအချိန်မှာမန်ယူဂန္ထဝင်တိုက်စစ်မှူးဝိန်းရွန်းနီက ပရီးမီးယားလိဂ်အဝေးကွင်းဂိုး၉၄ဂိုးဖြင့် အဝေးကွင်းဂိုးအများဆုံးသွင်းယူသူအဖြစ် ရပ်တည်ထားနိုင်ပါတယ်။ဟယ်ရီကိန်းအနေဖြင့် ဝိန်းရွန်းနီရဲ့ပရီးမီးယားလိဂ်အဝေးကွင်းဂိုး စံချိန်ကိုယခုရာသီအတွင်းမှာရိုက်ချိုးလာနိုင်ဖို့ရှိနေပါတယ်။ မနေ့ညတုန်းကနယူးကာဆယ်နှင့်စပါးစ်ပွဲစဉ်မှ ာအိမ်ရှင်အသင်းဟာပွဲအစ၂မိနစ်မှာဘဲဝီလ်ဆင်ရဲ့ဂိုးဖြင့် […]

အိုင်ဒေါတွေဖြစ်တဲ့ ဒိုကြီးနဲ့ဇီဒန်းတို့ရဲ့ခြေရာကိုနင်းနိုင်ဖို့ရည်မှန်းနေတဲ့ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှုးဘင်ဇီမာ

October 18, 2021 sportviews 0

  ရီးရဲလ်တိုက်စစ်မှုးဘင်ဇီမာဟာ Ballon d’Or ဆုအတွက် သူ့အိုင်ဒေါတွေဖြစ်တဲ့ ရော်နယ်ဒိုကြီးနဲ့ဇီဒန်းတို့ရဲ့ ခြေရာကိုနင်းနိုင်ဖို့ မျှော်လင့်နေပါတယ်။ အဲဒီပြင်သစ်လက်ရွေးစင်တိုက်စစ်မှုးဟာ ၂၀၂၁ ခုနှစ်အတွင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီးနောက် ဒီနှစ်ရဲ့Ballon d’Or ဆုအတွက် ဆန်ခါတင်စာရင်းထဲမှာ ပါဝင်နေတာပါ။ ၃၃ နှစ်အရွယ် ဘင်ဇီမာဟာ ကလပ်အသင်းမှာ အရေးပါဆုံးသူဖြစ်ခဲ့ကာ ပြီးခဲ့တဲ့ရာသီ လာလီဂါမှာ […]

ဗီတက်စ်ဆီပရိသတ်များ ခုန်ပေါက်အောက်ပွဲခံနေစဉ် ပွဲကြည့်စင်အစွန်းကျိုးကျ

October 18, 2021 sportviews 0

မနေ့တုန်းကဒတ်ချ်အဆင့်မြင့်တန်းလိဂ်မှာ ဗီတက်စ်ပရိသတ်များ အောင်ပွဲခံနေစဉ် ပွဲကြည့်စင်အစွန်းကျိုးကျတဲ့တုန်လှုပ်ဖွယ်ဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဗီတက်စ်ဆီဟာအဝေးကွင်းမှာ NEC ကို ၁-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးတစ်လုံးတည်းသော အနိုင်ဂိုးကိုပထမပိုင်းမှာနီကိုလိုင်ဘာ ဒန်ဖရီဒရစ်ဆင်ကသွင်းယူခဲ့ပါတယ်။ ပွဲအပြီးတွင်ဗီတက်စ်ဆီကစားသမားများဟာ Stadion Galfort ရှိ အဝေးကွင်းပရိသတ်များ ပွဲကြည့်စင်သို့သွားရောက်ကာအောင်ပွဲခံမှုပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့်ပရိသတ်များဟာခုန်ပေါက်အောင်ပွဲခံခဲ့ကြမှု နဲ့အတူပွဲကြည့်စင်မှာကျိုးကျသွားခဲ့ပါတော့တယ်။ ပရိသတ်အမြောက်အမြားတို့အောက်သို့ ပြုတ်ကျမှုဖြစ်ခဲ့ပေမယ့်လည်းကံကောင်းချင်တော့ ဘယ်သူမှဒဏ်ရာရရှိခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့်နီမင်ဂျင်မြို့တော်ဝန်ဟူဘတ်ဘရူလ်ကတော့ အထက်ပါဖြစ်ရပ်ကိုစုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့ တောင်းဆိုမှုပြုလုပ်ထားပါတယ်။ ဘရူလ်က […]

ပွဲကြည့်စင်ပေါ်နှလုံးဖောက်တဲ့ နယူးကာဆယ်ပရိသတ် စိုးရိမ်စရာမရှိတော့

October 18, 2021 sportviews 0

နယူးကာဆယ်အသင်းကစပါးစ်နှင့်ပွဲစဉ်တွင် ပွဲကြည့်စင်ပေါ် နှလုံးဖောက်ခဲ့တဲ့ ပရိသတ်မှာ ဆေးရုံတွင်အခြေအနေတည်ငြိမ်လာပြီ ဖြစ်ပြီးစိုးရိမ်စရာမရှိတော့ကြောင်း ကြေညာလာပါတယ်။ နယူးကာဆယ်နှင့်စပါးစ်တို့ရဲ့ပရီးမီးယားလိဂ် ပွဲစဉ်ရဲ့ပထမပိုင်းမတိုင်မီ အမျိုးသားဘောလုံး ပရိသတ်တစ်ဦးဟာကွင်းအတွင်း နှလုံးဖောက်ခဲ့ပြီး ဒိုင်လူကြီးက ပွဲကိုရပ်ဆိုင်းခဲ့ပါတယ်။ စပါးစ်စတားအဲရစ်ဒိုင်ယာဟာအရန်ခုံသို့ သွားရောက်ကာဆေးဝန်ထမ်းတစ်ဦးကို နှလုံးရှော့ရိုက်စက်ယူပြီး အကူအညီပေးရန် ပြောကြားခဲ့ပါတယ်။အင်္ဂလန်ဗဟိုနောက်ခံလူဟာ ကစားဖော်ရီဂူလွန်ကြောင့်သိရှိခဲ့တာလည်းဖြစ်ပါတယ်။ အထက်ပါအဖြစ်အပျက်မှာပထမပိုင်းမပြီးဆုံးခင် ၂မိနစ်အလိုမှာဖြစ်ပျက်ခဲ့တာဖြစ်ပြီးစပါးစ်က ၂-၁ဂိုးဖြင့်ဦးဆောင်နေပါတယ်။ဆေးအဖွဲ့က နှလုံးရောဂါဖောက်တဲ့ပရိသတ်ကို မိနစ်၂၀ခန့်ကွင်းအတွင်းအရေးပေါ်ကုသမှု […]

တရုတ်အသင်းကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ဖို့ဆိုရင် ဟယ်ရီပေါ်တာရဲ့မှော်အစွမ်းနဲ့ဖန်ဆင်းမှရတော့မယ်လို့ ဝမ်ရှောင်လုံ ဝေဖန်ပြောဆို

October 17, 2021 sportviews 0

    တရုတ်လက်ရွေးစင်အသင်းကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဝမ်ရှောင်လုံက တရုတ်အသင်း ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ဖို့ဆိုရင်တော့ ဟယ်ရီပေါ်တာရဲ့ ပဉ္စလက်မှော်တုတ်အစွမ်းနဲ့ ဖန်ဆင်းမှပဲဖြစ်နိုင်တော့မယ်လို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။ တရုတ်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန်တတိယအဆင့်မှာ (၄)ပွဲကစားအပြီး၊ (၃)ပွဲအထိရှုံးနိမ့်ခဲ့တာကြောင့် ၂၀၀၂ ကမ္ဘာ့ဖလား နောက်ပိုင်း နှစ်ပေါင်း(၂၀)ကြာဝေးကွာနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရဖို့ ခက်ခဲသွားပြီဖြစ်ပါတယ်။ တရုတ်ဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၂၂ […]

အခြေအနေနဲ့အချိန်အခါကို မစဉ်းစားဘဲ လုပ်ချင်ရာလုပ်ခဲ့လို့ ပွဲပြီးအနီကတ်နဲ့ညားခဲ့ရပေမယ့် ကံကောင်းလို့ သူငယ်ချင်း သံယောဇဉ်မပြတ်ခဲ့တဲ့ လာဇီယိုနောက်ခံလူ လူးဝစ်ဇ်ဖိလစ်

October 17, 2021 sportviews 0

    စနေနေ့တုန်းက စီးရီးအေပွဲကြီးပွဲကောင်းအဖြစ် လာဇီယိုနဲ့အင်တာမီလန်တို့ကစားခဲ့တဲ့ပွဲမှာ လာဇီယိုအသင်းက လက်ရှိချန်ပီယံအသင်းကို(၃-၁)ဂိုးနဲ့အနိုင်ကစားခဲ့ပြီး အင်တာမီလန်အသင်းကိုဒီရာသီပထမဆုံးစီးရီးအေ ရှုံးပွဲနဲ့ ရင်ဆိုင်ရအောင် စွမ်းဆောင်ခဲ့ပါတယ်။ ဘောလုံးပွဲဆိုတာက အနိုင်၊သရေ၊ အရှုံး (၃)မျိုးသာရှိလို့ အင်တာမီလန်အသင်းရှုံးပွဲတွေ့ခဲ့တာက ဘာမှမဆန်းပေမယ့် လာဇီယိုနောက်ခံကစားသမား လူးဝစ်ဇ်ဖိလစ်က အခြေအနေနဲ့အချိန်အခါကို မထည့်တွက်ဘဲ စိတ်ထဲရှိတဲ့အတိုင်းလုပ်ချင်တာလုပ်ချခဲ့လို့ ပွဲပြီးမှ အနီကတ်နဲ့အထုတ်ခံခဲ့ရပါတယ်။ ကွင်းလယ်ဒိုင်လူကြီးက […]

ယုံကြည်မှုပျောက်ဆုံးနေတဲ့ မန်ယူအသင်းရဲ့ စိုးရိမ်ဖွယ်အနေအထား

October 17, 2021 sportviews 0

ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ စပါး နဲ့ အက်စတွန်ဗီလာ အသင်းတို့မှာကစားခဲ့ဖူးပြီး တစ်ချိန်က မန်ယူအသင်းကို ပြိုင်ဘက်အနေနဲ့ ရင်ဆိုင်ခဲ့ဖူးတဲ့ စကော့တလန် ညာနောက်ခံ ကစားသမား အလန်ဟတ်တန် ကတော့မန်ယူအသင်းရဲ့ ကစားသမားတွေဟာ ယုံကြည်ချက်ပျောက်ဆုံးနေပြီလို့ လက်စတာအသင်း နဲ့ မန်ယူပွဲစဥ်အပြီးမှာ ပြောဆိုခဲ့ပါတယ်။မန်ယူအသင်းဟာ လက်စတာအသင်းကို စိတ်ပျက်စရာခြေစွမ်းနဲ့အတူ (၄−၂) ဂိုးနဲ့ဂိုးပြတ်အဂေးနိမ့်ခဲ့ပြီးနောက်မှာတော့ […]

ဆာလာကိုသူဆန္ဒအတိုင်းတစ်ပတ်ပေါင် (၅၀၀,၀၀၀) အထိပေးပြီး လီဗာပူးလ်စာချုပ်သက်တမ်းတိုးဖို့စီစဉ်

October 17, 2021 sportviews 0

    လီဗာပူးလ်အသင်းဟာ အသင်းရဲ့တိုက်စစ်မှာ ခြေစွမ်းပြနေတဲ့ အဓိက,ကစားသမား ဆာလာကို သူတောင်းဆိုတဲ့အတိုင်း တစ်ပတ်ပေါင်(၅၀၀,၀၀၀) အထိပေးပြီးတော့ စာချုပ်သက်တမ်းတိုးဖို့အတွက် ပြင်ဆင်နေပြီဖြစ်ပါတယ်။   ဝက်ဖို့ဒ်အသင်းနဲ့ကစားခဲ့တဲ့ပွဲမတိုင်ခင် စနေနေ့မနက်ပိုင်းက ဆာလာရဲ့အေးဂျင့်ဖြစ်သူ ရမ်မီအဘက်စ်အီဆာဟာ အင်္ဂလန်ကို လေယာဉ်နဲ့ရောက်ရှိခဲ့ပြီး ဝက်ဖို့ဒ်-လီဗာပူးလ်တို့ပွဲကို လာရောက်ကြည့်ရှုခဲ့ပါတယ်။ အဲဒီပွဲမှာ လီဗာပူးလ်အသင်းဟာ ဖေမီနိုရဲ့ဟက်ထရစ်ဂိုးအပါအဝင် ဝက်ဖို့ဒ်အသင်းကို […]

ရလဒ်ဆိုးတွေနဲ့ရင်ဆိုင်နေရပေမယ့် ရာထူးကအထုတ်ခံရဖို့မရှိသေးတဲ့ ဆိုးလ်ရှား

October 17, 2021 sportviews 0

မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်စတာနဲ့ပွဲမှာ ရှုံးနိမ့်ခဲ့တာအပါအဝင်ပြိုင်ပွဲစုံမှာစိတ်ပျက်စရာရလဒ်တွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း နည်းပြဆိုးလ်ရှားကို ဘုတ်အဖွဲ့က ရာထူးကနေထုတ်ပယ်ဖို့အစီအစဉ်မရှိသေးဘူးလို့ သတင်းထွက်နေပါတယ်။ယူနိုက်တက်အသင်းဟာ လက်စတာကို (၄-၂)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ပိုင်းက အသင်းတွေနဲ့အမှတ်ကွာဟမှု ပိုများနေပြီဖြစ်သလို ပရီးမီးယားလိဂ် ချန်ပီယံဆုမျှော်လင့်ချက်ကလည်း ရာသီအစမှာပဲ အဆုံးသတ်ရမယ့်အခြေအနေရောက်နေပါပြီ။ ဒါပေမဲ့လည်း ယူနိုက်တက်အသင်းဘုတ်အဖွဲ့ကတော့ ဆိုးလ်ရှားဘက်ကနေ ရပ်တည်နေဆဲဖြစ်ပြီး သူ့ကိုရာထူးက ထုတ်ပယ်သွားမယ့်အနေအထားမရှိဘူးလို့ The Athletic […]