အသင်းတွင်းစည်းလုံးမှုပျက်ပြားအောင်သတင်းထောက်တွေသီးသန့်ခေါပြီး l** စကားတွေပြောတဲ့လူကာကူနဲ့တူဟယ်တို့ထိပ်တိုက်တွေ့ပြီ
December 31, 2021 sportviews 0
      ချယ်လ်ဆီးအသင်းနည်းပြတူချယ်လ်ဟာ အင်တာဗျုးတစ်ခုမှာ လူကာကူက သူ့ရဲ့အနေအထားကို စိတ်ကျေနပ်မှုမရှိတော့ဘဲ တူချယ်လ်ရဲ့နည်းစနစ်တွေနဲ့ ပတ်သက်ပြီးဝေဖန်ပြောဆိုခဲ့တာကြောင့် အဲဒီပြောစကားတွေအတွက်မကျေမနပ်ဖြစ်နေပါတယ်။   သြဂုတ်လတုန်းက အင်တာမီလန်ကနေ အသင်းဟောင်းချယ်လ်ဆီးကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်(၉၈)သန်းနဲ့ပြောင်းရွှေ့ခဲ့တဲ့လူကာကူဟာ အသင်းကိုပြန်ရောက်ပြီး လပိုင်းအကြာမှာပဲပြီးခဲ့တဲ့ကြာသပတေးနေ့က အင်တာဗျူးတစ်ခုမှာ တူချယ်လ်ရဲ့နည်းစနစ်တွေက သူ့အတွက် အဆင်မပြေဘူးလို့ လူသိရှင်ကြားဝေဖန်ပြောဆိုခဲ့ပါတယ်။     […]
ကမ္ဘာ့တန်ဖိုးအကြီးဆုံး စာချုပ်လျော်ကြေးပိုင်ရှင်ကစားသမားများ
December 31, 2021 sportviews 0
    ပြီးခဲ့တဲ့ရက်ပိုင်းက လာလီဂါထိပ်သီးဘာစီလိုနာအသင်းဟာ မန်စီးတီးအသင်းရဲ့ စပိန်လူငယ်တိုက်စစ်ကစားသမားဖာရန်တောရက်စ်ကိုခေါ်ယူခဲ့ပြီး စာချုပ်လျော်ကြေးကိုလည်း မယုံနိုင်လောက်တဲ့ပမာဏဖြစ်တဲ့ ယူရို(၁)ဘီလီယံ(ပေါင်၈၄ရသန်း)အထိ သတ်မှတ်ခဲ့ပါတယ်။     ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်ဆိုပေမယ့် သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီက ချေးငွေရရှိခဲ့တာကြောင့် ဖာရန်တောရက်စ်ကို ပေါင်(၅၅)သန်းအထိပေးပြီးတော့ ခေါ်ယူနိုင်ခဲ့တာပါ။     အခုဆိုရင် ဖာရန်တောရက်စ်ဟာ ကမ္ဘာ့တန်ဖိုးအကြီးဆုံးစာချုပ်လျော်ကြေး ပိုင်ရှင်ကစားသမားစာရင်းမှာ […]
99 မှာချန်ပီယံလိဂ်ဖလားကိုင်မြှောက်ခဲ့ရတာကိုဘာမဟုတ်တဲ့ကိစ္စသေးသေးလေးကြောင့်လိပ်ပြာမလုံဖြစ်နေတဲ့ပေါလ်စခိုးလ်
December 31, 2021 sportviews 0
      မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကွင်းလယ်လူ ပေါလ်စခိုးလ်က ၁၉၉၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အသင်းအတွက်မပါဝင်နိုင်ခဲ့ဘဲနဲ့ ချန်ပီယံဆုဖလားကိုင်မြှောက်အောင်ပွဲခံခဲ့ရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ရှက်မိတယ်လို့ဝန်ခံပြောဆိုလိုက်ပါတယ်။ ၁၉၉၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေထဲမှာ အကောင်းဆုံးလို့သတ်မှတ်ရမယ့်ပွဲတစ်ပွဲဖြစ်ပြီး ယူနိုက်တက်အသင်းဟာ နောက်ဆုံးမိနစ်အထိ ဘိုင်ယန်မြူးနစ်အသင်းကို(၁-၀)ဂိုးနဲ့ရှုံးနိမ့်နေတာကနေ     လူစားဝင်လာတဲ့ ရှရင်ဂမ်၊ ဆိုးလ်ရှားတို့က ချေပဂိုး၊ အနိုင်ဂိုးတွေသွင်းယူခဲ့တာကြောင့် ယူနိုက်တက်အသင်း […]
ရည်းစားဟောင်းကိုတိုက်ခိုက်မှုအတွက်ရုံးတင်စစ်ဆေးမခံရမီလေးရက်အလိုတွင်ဆော်သစ်နဲ့ခွေးကျောင်းနေတဲ့ရိုင်ယန်ဂစ်
December 31, 2021 sportviews 0
စာချုပ်သစ်မှာလုပ်ခတိုးမြှင့်မပေးလျှင်ရာသီအကုန်တွင်ကလပ်မှထွက်ခွာမယ့်ဘာစီလိုနာစတား
December 31, 2021 sportviews 0
ဘာစီလိုနာနှင့်အူစမာနီဒမ်ဘီလီတို့အကြားစာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးမှု အဆင်မပြေဖြစ်နေကြောင်းသိရပါတယ်။ပြင်သစ်လက်ရွေးစင်စတားဒမ်ဘီလီဟာ ဘာစီလိုနာရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကိုပယ်ချလိုက်ပြီးစာချုပ်သစ်အတွက် လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုလိုက်ပါတယ်။     ပြင်သစ်စတားဟာစာချုပ်သစ်အတွက်တစ်နှစ်လုပ်ခယူရိုသန်း၄၀အထိ တိုးမြှင့်တောင်းဆိုတဲ့အပြင်စာချုပ်သစ်ချုပ်ဆိုကြေးယူရိုသန်း၂၀အထိ တောင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။ အသက်၂၄နှစ်ရှိဒမ်ဘီလီဟာ၂၀၂၂ခုနှစ်၊ဇွန်လတွင်ဘာစီလိုနာနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီးဇန်နဝါရီလ၁ရက်နေ့ မနက်ဖြန်မှ စတင်ကာနိုင်ငံခြားကလပ်များနှင့်လွတ်လပ်စွာဆွေးနွေးခွင့်ရှိနေပါတယ်။     ဘာစီလိုနာဟာမကြာသေးမီတုန်းကဖာရန်တောရက်စ်ကိုပေါင်၅၅သန်းဖြင့် ခေါ်ယူခဲ့ရာ၎င်းတို့တွင်ငွေကြေးတောင့်တင်းမှုရှိကြောင်းပြသခဲ့ပါတယ်။     တဖက်တွင်ဒမ်ဘီလီကလည်း၎င်းမှာလည်းဖာရန်တောရက်စ်ကဲ့သို့ပင် တန်ဖိုးရှိတဲ့ကစားသမားဖြစ်ကြောင်းသက်သေပြလိုမှုနဲ့အတူ စာချုပ်ချုပ်ဆိုကြေးနှင့်လုပ်ခတိုးမြှင့်တောင်းဆိုလာတာလည်းဖြစ်ပါတယ်။ ဒမ်ဘီလီဟာယခုရာသီမှာဘာစီလိုနာအတွက်လာလီဂါနှင့်ချန်ပီယံလိဂ်တို့တွင် ၈ပွဲကစားထားပြီးဂိုးသွင်းယူထားနိုင်ခြင်းမရှိပါဘူး။ဒါပေမဲ့သူဟာ အယ်လ်ချီ၊ဆီဗီလာတို့နှင့်ပွဲများမှာဖန်တီးမှုနှစ်ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ […]
ဂိုးသမားဖြစ်ချင်တဲ့ပရိသတ်ငယ်လေးအတွက်ဒီဂီယာပေးခဲ့တဲ့အကြီးမားဆုံးနှစ်ကူးလက်ဆောင်
December 31, 2021 sportviews 0
      နှစ်ဟောင်းကုန်ချိန်မှာ ပရိသတ်တွေပျော်အောင် သရဲနီတို့ ဖန်တီးပေးနိုင်ခဲ့ကြပါတယ်။ မနေ့က ယူနိုက်တက်တို့အနေနဲ့ အိမ်ကွင်းမှာ ပြန်ကစားရချိန်မှာ ခံစစ်ပိုင်းကို အပြောင်းအလဲလုပ်ခဲ့ပြီး လုခ်ရှောနဲ့ ဝမ်ဘစ်ဆာကာတို့ကို ဘိုင်လီနဲ့အတူ မက်ဂွိုင်းယားနဲ့ တွဲပေးခဲ့သလို ကွင်းလယ်မှာ မာတစ်ချ်ကို မက်တော်မီနေးနဲ့ အထိုင်ချခဲ့ပြီး တိုက်စစ်ပိုင်းမှာတော့ ဆန်ချိုနဲ့ ဂရင်းဝုဒ်တို့ရဲ့ […]
နေအိမ်ရဲ့မှာကွာရန်တင်းဝင်နေရပြီးနှစ်သစ်ကူးမိသားစုပါတီကိုဖျက်လိုက်ရတဲ့ဗစ်တာလင်ဒီလော့ဖ်
December 31, 2021 sportviews 0
ဗစ်တာလင်ဒီလော့ဖ်ဟာနေအိမ်ရဲ့တတိယအလွှာမှာကွာရန်တင်းဝင်နေရကြောင်း ဇနီးသည်မာဂျာနေးလ်ဆင်ကဖွင့်ချလာပါတယ်။အသက်၂၇နှစ်ရှိ ဆွီဒင်အသင်းခေါင်းဆောင်ဟာနော့ဝှစ်ချ်နှင့်ပွဲတွင်ရင်ဘတ်အောင့်မှုကြောင့် နှလုံးခုန်နှုန်းတိုင်းကိရိယာဖြင့်ရက်အနည်းငယ်ကြာနေခဲ့ရပြီးနောက် ယခုလအစောပိုင်းတုန်းကကိုဗစ်ပေါ့စတစ်တွေ့ခဲ့တာလည်းဖြစ်ပါတယ်။     ဗစ်တာလင်ဒီလော့ဖ်တို့မိသားစုအတွက်ယခုလဟာပျော်စရာကောင်းတဲ့လမဟုတ်ခဲ့ပါဘူး။ အငယ်ဆုံးသားဖရန်ဆစ်ကလည်းဦးနှောက်အမြှေးရောင်မှုကြောင့်ဆေးရုံတက်ခဲ့ရပါတယ်။ ယူနိုက်တက်နောက်ခံလူဟာလည်းဗုဒ္ဓဟူးနေ့တုန်းကကိုဗစ်ပေါ့စတစ်ထပ်မံတွေ့ရှိမှုနဲ့အတူ နေအိမ်ရဲ့တတိယအထပ်တွင်ကွာရန်တင်းဝင်နေရပါတယ်။     ယင်းကဲ့သို့လင်ဒီလော့ဖ် ကိုဗစ်ကူးစက်ခံရမှုနဲ့အတူ ယနေ့တွင်နှစ်သစ်ကူးပါတီပွဲ ပြုလုပ်ရန်စီစဉ်ထားမှုကိုလည်းဖျက်လိုက်ရပြီဖြစ်ပါတယ်။ဇနီးသည်မာဂျာက ၎င်းတို့ဟာနှစ်သစ်ကူးပါတီပွဲအတွက်စားဖိုမှူးတစ်ဦးငှားရမ်းထားပြီးမှ ဖျက်သိမ်းလိုက်ရကြောင်းဆိုလာပါတယ်။     ဒါ့အပြင်မာဂျာကခင်ပွန်းသည်ရဲ့Playstation ကစားတဲ့အသံ၊အော်ဟစ်သံများကို ကြားနေရပြီး၎င်းတို့အကြားနီးနီးကပ်ကပ်ရှိနေဆဲဖြစ်ကြောင်းဆိုသွားပါတယ်။   […]
ယူအီးအက်ဖ်အေထိပ်တန်းဒိုင်လူကြီးများကိုလာဘ်ထိုးကာလုပ်ပွဲကစားရန်ကြိုးပမ်းခဲ့ကြတဲ့မာဖီးယားခေါင်းဆောင်များ
December 31, 2021 sportviews 0
မာဖီးယားခေါင်းဆောင်များဟာယူအီးအက်ဖ်အေထိပ်တန်းဒိုင်လူကြီးများကို လာဘ်ထိုးကာဘောလုံးပွဲများကိုလုပ်ပွဲကစားရန်ကြိုးပမ်းနေကြောင်းသိရပါတယ်။     ပေါက်ကြားလာတဲ့စာရွက်စာတမ်းများအရဒိုင်လူကြီးများဟာလုပ်ပွဲကစားရန်အတွက် ပေါင်၂၅၀၀၀အထိကမ်းလှမ်းမှုရရှိခဲ့ကြကြောင်းသိရပါတယ်။ ဒုစရိုက်ဂိုဏ်းများဟာဒိုင်လူကြီးများကိုအသုံးပြုကာဥရောပပွဲများတွင် ငွေကြေးအကျိုးအမြတ်ရှာဖွေရန်ကြိုးပမ်းလာတာလည်းဖြစ်ပါတယ်။     ယင်းသက်သေခံအထောက်အထားများကိုအက်ဖ်အေ၊ယူအီးအက်ဖ်အေထံသို့ ပေးပို့ထားပြီးလည်းဖြစ်ပါတယ်။ယင်းသို့လုပ်ပွဲကစားရန်ကြိုးပမ်းမှုကိုအာရှမှ ဒုစရိုက်ဂိုဏ်းများကလုပ်ဆောင်တာဖြစ်ပြီး လုပ်ပွဲကစားရန်ကမ်းလှမ်းခံရတဲ့ အထဲမှာဗြိတိန်ဒိုင်လူကြီးတွေတော့မပါဝင်ပါဘူး။     ZawGyi   မာဖီးယားခေါင်းဆောင်များဟာယူအီးအက်ဖ်အေထိပ်တန်းဒိုင်လူကြီးများကို လာဘ်ထိုးကာဘောလုံးပွဲများကိုလုပ်ပွဲကစားရန်ကြိုးပမ်းနေကြောင်းသိရပါတယ်။     ပေါက်ကြားလာတဲ့စာရွက်စာတမ်းများအရဒိုင်လူကြီးများဟာလုပ်ပွဲကစားရန်အတွက်ေ ပါင်၂၅၀၀၀အထိကမ်းလှမ်းမှုရရှိခဲ့ကြကြောင်းသိရပါတယ်။ […]
ဘန်လေနဲ့ပွဲပထမပိုင်းမှာပြသခဲ့တဲ့ခြေစွမ်းကြောင့်မက်တော်မီနေးကိုမန်ယူပရိသတ်များကပီယာလိုနဲ့ခိုင်းနှိုင်း
December 31, 2021 sportviews 0
စကော့ မက်တော်မီနေးဟာ ကြာသပတေးနေ့ညက ဘန်လေအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ် ပထမပိုင်း ကွင်းလယ်မှာ ကမ္ဘာ့အဆင့် ခြေစွမ်းပြသခဲ့ပြီးနောက် ပရိသတ်တွေက ပီယာလိုနဲ့ နှိုင်းယှဉ်ခဲ့ကြပါတယ်။   အသက် ၂၅ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ပွဲစဉ် ပထမပိုင်း ၁၀ မိနစ်မှာ အလွန်ကောင်းမွန်တဲ့အဆုံးသတ်နဲ့ ဦးဆောင်ဂိုးကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ […]
လူဆိုးလေးဦးရဲ့ရန်မှမိသားစုကိုအနာခံပြီးကာကွယ်ပေးခဲ့တဲ့ယာအိုကန်ဆယ်လို
December 31, 2021 sportviews 0
ဂျိုအာအိုကန်စီလိုဟာနေအိမ်တွင်မိသားစုကိုရန်မူရန်ကြိုးပမ်းတဲ့ လူဆိုးလေးဦးကိုခုခံကာကွယ်မှုပြုလုပ်ခဲ့ရပြီးမျက်နှာတွင်ဒဏ်ရာရရှိခဲ့ပါတယ်။ အသက်၂၇နှစ်ရှိမန်စီးတီးစတားဟာမျက်ခုံးအပေါ်နားတွင်ကွဲနေတဲ့ ဒဏ်ရာကို ပြသပြီးသူ့ဖြစ်ရပ်ကို အင်စတာဂရမ်ကနေဖွင့်ချလာခဲ့တာလည်းဖြစ်ပါတယ်။     လက်ရှိအချိန်မှာရဲတပ်ဖွဲ့ဝင်များဟာကန်စီလိုရဲ့ဖြစ်ရပ်ကိုစုံစမ်းစစ်ဆေးနေတုန်းဖြစ်ပါတယ်။ ကန်စီလိုက၎င်းမှာချစ်သူဒါနီလာမာချာဒိုနှင့်၂နှစ်အရွယ်သမီးဖြစ်သူအလီစီယာတို့ကို ကာကွယ်တဲ့အနေဖြင့်လူဆိုးများကိုခုခံခဲ့ခြင်းဖြစ်ကြောင်းဆိုသွားပါတယ်။ လူဆိုးများဟာကန်စီလိုထံမှလက်ဝတ်ရတနာများရယူကာထွက်ပြေးသွားခဲ့ကြပါတယ်။     ကန်စီလိုက “ကံဆိုးစွာဘဲဒီကနေ့မှာငကြောက်လေးကောင်ရဲ့နာကျင်အောင် လုပ်တာခံလိုက်ရတယ်။ဒီကောင်တွေကငါ့မိသားစုကိုနာကျင်အောင်လုပ်ဖို့ ကြိုးစားကြတယ် ခုခံကာကွယ်မှုကိုပြသတဲ့အခါဒီလိုမျိုးဖြစ်တတ်ပါတယ် သူတို့ဟာကျွန်တော့်လက်ဝတ်ရတနာအားလုံးကိုရယူသွားခဲ့ကြတယ်။ မျက်နှာမှာဒီလိုဒဏ်ရာနဲ့ထားခဲ့တယ်။ဒီလူတွေအတွက် ဘယ်လောက်အရေးပါသလဲ ဆိုတာမသိပါဘူး”လို့ဆိုသွားပါတယ်။ဆက်လက်ပြီးကန်စီလိုက “ငါ့အတွက်အရေးအကြီးဆုံးကတော့မိသားစုပဲ ကံကောင်းစွာအားလုံးအဆင်ပြေတယ် […]