“ရပ်ရှ်ဖို့ဒ်နဲ့မာစီယဲလ်တို့ဟာ ကြိုးစားအားမှုမရှိဘူး”လို့ ပေါလ်ပါကားဝေဖန်

November 30, 2021 sportviews 0

မန်ချက်စတာယူနိုက်တက်နာမည်ကျော်ကစားသမားဟောင်း ပေါလ်ပါကားကလက်ရှိအသင်းရဲ့တိုက်စစ်ကစားသမားတွေဖြစ်တဲ့ မာစီယဲလ်နဲ့ရပ်ရှ်ဖို့ဒ်တို့နှစ်ဦးဟာ အသင်းအတွက် ကြိုးစားအားထုတ်မှု မရှိကြဘူးလို့ ဝေဖန်ပြစ်တင်လိုက်ပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ ရာသီမစခင်က ပခုံးဒဏ်ရာခွဲစိတ်ကုသမှုခံယူခဲ့ရတာကြောင့် လအတော်ကြာ အနားယူခဲ့ရပြီး အခုလောလောဆယ်ဒီရာသီပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားခွင့်ရခဲ့တာက (၃)ပွဲသာရှိခဲ့ပါတယ်။ ဒီရာသီမှာ ဒဏ်ရာပြဿနာနဲ့ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေတာကြောင့် ရုန်းကန်နေရတဲ့ မာစီယဲလ်ဟာ ဒီရာသီပရီးမီးယားလိဂ်ပွဲစဉ်(၁၂)ပွဲမှာ (၂)ပွဲသာပွဲထွက်ကစားခွင့်ရခဲ့သလို ချန်ပီယံလိဂ်မှာ စုစုပေါင်း(၆၇)မိနစ်သာ ကစားခဲ့ရပါတယ်။ […]

ကယ်လ်ဗင်ဖိလစ်ကို ယူနိုက်တက်နဲ့အပြိုင် မျက်စိကျနေတဲ့မန်စီးတီး

November 30, 2021 sportviews 0

မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာဟာ လိဒ်စ်အသင်းက အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူကယ်လ်ဗင်ဖိလစ်ကို ခေါ်ယူဖို့ မျက်စိကျနေပြီး မြို့ခံပြိုင်ဘက်မန်ချက်စတာ ယူနိုက်တက်နဲ့အပြိုင် ကြိုးပမ်းသွားဖို့ရှိနေပါပြီ။ အသက်(၂၅)နှစ် အရွယ်ရှိပြီဖြစ်သူ ကယ်လ်ဗင်ဖိလစ်ဟာ ပြီးခဲ့တဲ့ရာသီက လိဒ်စ်အသင်းပရီးမီးယားလိဂ်တန်းပြန်တက်ခွင့်ရရှိအောင် အဓိကနေရာကပါဝင်ကူညီပေးခဲ့ပြီး ကလပ်အသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့တဲ့အတွက် ယူရို-၂၀၂ဝပြိုင်ပွဲဝင် အင်္ဂလန်အသင်းအတွက်ရွေးချယ်ခံခဲ့ရသလို အခုအချိန်မှာလည်း အင်္ဂလန်အသင်းရဲ့အဓိက,ကွင်းလယ်လူတစ်ဦးအဖြစ် ပါဝင်ကစားခွင့် ရရှိနေတာဖြစ်ပါတယ်။ မန်စီးတီးအသင်းရဲ့ ၀ါရင့်ကွင်းလယ်လူ ဖာနန်ဒင်ဟိုဟာအခုရာသီကုန်ကျရင် […]

လူးဝစ်ဆွာရက်ဇ်ထံမှ Ballon d’Or ဆုချီးမြှင့်ခံရဖို့ရှိနေတဲ့ လီဝန်ဒေါ့စကီး

November 30, 2021 sportviews 0

Ballon d’Or ဆုရှင်ဟောင်းတစ်ဦးကတနင်္လာနေ့ညတုန်းက ပဲရစ်တွင်ကျင်းပတဲ့ Ballon d’Or ဆုပေးပွဲမှာရောဘတ် လီဝန်ဒေါ့စကီးသာမဆွတ်ခူးခဲ့ဘူးဆိုရင်သူ့ဆုကို လွဲပြောင်းချီးမြှင့်မယ်လို့ပြောကြားခဲ့ဖူးပါတယ်။ လူးဝစ်ဆွာရက်ဇ်မရာမိုတက်စ်ဟာပရော်ဖက်ရှင်နယ် ကစားသမားဘဝ၁၆နှစ်တာကာလအတွင်းတွင်ဒီပို့တီဗို၊ အင်တာမီလန်၊ဘာစီလိုနာတွင်ကစားခဲ့ပြီးဆုဖလားများစွာ ဆွတ်ခူးခဲ့ကာစပိန်သမိုင်းတစ်လျှောက်အကောင်းဆုံး ကစားသမားများထဲမှတစ်ဦးအဖြစ်သတ်မှတ်ခြင်း ခံထားရသူလည်းဖြစ်ပါတယ်။ သူဟာဘာစီလိုနာတွင်ခြောက်ရာသီကြာကစားခဲ့ပြီး ၁၉၆၀ခုနှစ်တုန်းက Ballon d’Or ဆွတ်ခူးခဲ့ကာယင်းဆုကို ဆွတ်ခူးတဲ့ပထမဆုံးစပိန်ကစားသမားဖြစ်လာခဲ့ပါတယ်။ လူးဝစ်ဆွာရက်ဇ်ဟာယခုလအစောပိုင်းတုန်းက Carrusel Deportivo နှင့်ပြုလုပ်တဲ့အင်တာဗျူးတွင် […]

ရာသီကုန်မှာရာဖ်ရန်းညစ်ခ်ထံကနေ မန်ယူနိုက်တက်နည်းပြရာထူးကို လွဲပြောင်းရယူနိုင်ဖွယ်ရှိသူ(၃)ဦး

November 30, 2021 sportviews 0

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရာဖ်ရန်းညစ်ခ်ကို ရာသီကုန်ထိအသင်းရဲ့ ကြားဖြတ်နည်းပြအဖြစ် ခန့်အပ်ခဲ့ကြောင်း အတည်ပြုကြေညာခဲ့ပြီးဖြစ်ပါတယ်။အဆိုပါ ကာလနောက်ပိုင်း ရန်းညစ်ခ်က အကြံပေးအနေနဲ့ ယူနိုက်တက်မှာဆက်ရှိ‌ေနမှာဖြစ်ပြီး အမြဲတမ်းနည်းပြအတွက် လမ်းကြောင်းဖောက်ပေးထားခဲ့မှာဖြစ်ပါတယ်။ ဂျာမာန်နည်းပြရဲ့ထူးခြားတဲ့ အရည်အချင်းတွေကြောင့် ယူနိုက်တက်ကို ခေတ်သစ်တစ်ခုဆီ ပို့ဆောင်ပေးနိုင်မယ့် အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် ရှိနေပါတယ်။ နောက်ပြီး ရန်းညစ်ခ်ကို အလွန် အနာဂတ်မှာ […]

ရန်နစ်ခ်သာစည်းကမ်းသစ်များကျင့်သုံးလာပါက စူပါကားများအိမ်မှာထားခဲ့ရတော့မယ့် CR7

November 30, 2021 sportviews 0

ခရစ္စတီယာနိုရော်နယ်ဒိုဟာနည်းပြသစ်ရေးဖ်ရန်နစ်ခ်ရဲ့ လက်အောက်တွင်သူ့ရဲ့ပေါင်၁၇သန်းတန်စူပါကားများဖြင့် မန်ချက်စတာယူနိုက်တက်လေ့ကျင့်ရေးကွင်းသို့ မောင်းခွင့်ပိတ်ပင်ခြင်းခံလာရဖို့ရှိပါတယ်။ အသက်၆၃နှစ်ရှိဂျာမန်လူမျိုးနည်းပြဟာလိုက်ဇစ်ကို ကိုင်တွယ်တုန်းကလေ့ကျင့်ရေးကွင်းသို့လာရောက်ရာတွင် ကုမ္ပဏီကားများကိုအသုံးပြုရန်စည်းကမ်းတင်းကျပ်ခဲ့ဖူးပါတယ်။ တကယ်လို့များရန်နစ်ခ်သာယူနိုက်တက်တွင်လည်း ယင်းစည်းကမ်းကိုကျင့်သုံးလာမည်ဆိုပါကခရစ္စတီယာနို ရော်နယ်ဒိုမှာသူ့ရဲ့ပေါင်၁၇သန်းတန်ဖိုးရှိစူပါကားများကို ကားဂိုထောင်တွင်သာထားထားရတော့မှာဖြစ်ပါတယ်။ အသက်၃၆နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာတန်ဖိုးကြီး စူပါကားများစုဆောင်းသူအဖြစ်နာမည်ကြီးသူဖြစ်ပြီး မကြာသေးမီတုန်းကလည်းပေါင်၂၅၀၀၀၀တန်ဖိုးရှိ Bentley Flying Spur ကားသစ်ဝယ်ယူခဲ့သူဖြစ်ပါတယ်။ ပေါ်တူဂီစူပါစတားဟာယူနိုက်တက်သို့ရောက်လာပြီးနောက် လေ့ကျင့်ရေးကွင်းသို့လာရောက်ရာတွင်တန်ဖိုးကြီးများ အသုံးပြုကာလာရောက်လေ့ရှိသူဖြစ်ပါတယ်။ ယခုအခါခရစ္စတီယာနိုရော်နယ်ဒိုနှင့်ယူနိုက်တက်စတားများဟာ နည်းပြသစ်ရန်နစ်ခ်ရောက်လာမှုနဲ့အတူကုမ္ပဏီကားများကိုသာ အသုံးပြုကာ လေ့ကျင့်ရေးကွင်းသို့လာရောက်ရဖို့ရှိပါတယ်။ […]

အိုမီခရွန်ကြောင့်ယန်းဘွိုင်းနှင့်ပွဲကို ကြားကွင်းတွင်ယူနိုက်တက်ကစားရဖို့ရှိ

November 30, 2021 sportviews 0

မန်ချက်စတာယူနိုက်တက်ရဲ့ယန်းဘွိုင်းနှင့်ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်ကိုအိုမီခရွန်ကိုဗစ်ရောဂါပိုးသစ်ကြောင့် အိုးထရက်ဖို့ဒ်တွင်ကစားရဖို့မရှိပါဘူး ဆွစ်ဇာလန်တွင်ဗြိတိန်မှလာရောက်သူများကို ကိုဗစ်ကန့်သတ်မှုများပြုလုပ်ထားပါတယ်။ ဆွစ်ဇာလန်အစိုးရဟာအိုမီခရွန်ရောဂါသစ်ကြောင့် ကိုဗစ်စည်းကမ်းပြန်လည်မြှင့်တင်လာခဲ့တာလည်းဖြစ်ပါတယ်။ ဒါကြောင့်ယန်းဘွိုင်းအနေဖြင့်အိုးထရက်ဖို့ဒ်သို့သွားရောက်ကာ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲကစားပြီးပါက ဆွစ်ဇာလန်နှင့်ပြန်ဝင်ချိန်တွင်ကွာရန်တင်းဝင်ရပါမယ်။ ဒါကြောင့်လည်းအိုးထရက်ဖို့ဒ်တွင်ကစားရမယ့် ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်ကို ဥရောပနိုင်ငံတစ်ခုတွင်ကစားသွားရဖို့ရှိနေပါတယ်။ လက်ရှိအချိန်တွင်ယူအီးအက်ဖ်အေဟာယန်းဘွိုင်းအနေဖြင့် အိုးထရက်ဖို့ဒ်သို့ချန်ပီယံလိဂ်ပွဲသွားမကစားမီ ကွာရန်တင်းဝင်ရန်လိုအပ်/မလိုအပ်အား ဆွစ်ဇာလန်အာဏာပိုင်များကိုမေးမြန်းထားပါတယ်။ အကယ်၍ဆွစ်ဇာလန်ကယူအီးအက်ဖ်အေက တောင်းဆိုမှုကိုလက်ခံပါက ယန်းဘွိုင်းအနေဖြင့် အိုးထရက်ဖို့ဒ်သို့လာရောက်ကစားနိုင်မှာဖြစ်ပြီး လက်မခံပါကကြားကွင်းတွင်ကစားရပါမယ်။ ယူနိုက်တက်ဟာဆွစ်ဇာလန်သို့သွားရောက်ကာ ယန်းဘွိုင်းနှင့်ချန်ပီယံလိဂ်အုပ်စုအဝေးကွင်းပွဲ ကစားထားခဲ့ရာမှာ၂-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။ […]

ပွဲအပြီးဥမင်လှိုဏ်ခေါင်းတွင် ဇာဗီးနှင့်အမ်မရီတို့ အချင်းများခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များဖြေဖျန်ခဲ့ရ

November 30, 2021 sportviews 0

စနေနေ့တုန်းကဘာစီလိုနာနှင့်ဗီလာရီးရဲလ်ပွဲစဉ်အပြီးတွင် ဘာစီလိုနာနည်းပြဇာဗီးဟာနန်ဒက်ဇ်နှင့်ဗီလာရီးရဲလ် နည်းပြအူနိုင်းအမ်မရီတို့အချင်းများခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖြေဖြန်မှုပြုလုပ်ခဲ့ရပါတယ်။ ဘာစီလိုနာဟာစနေနေ့တုန်းကပွဲစဉ်တွင်အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်များဖြင့်ဗီလာရီးရဲလ်ကို၃-၁ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ဗီလာရီးရဲလ်ဟာယင်းပွဲတွင် ရသင့်ရထိုက်တဲ့ပင်နယ်တီများအငြင်းပွားဖွယ်မပေးမှု အတွက်အကြီးအကျယ်ဒေါသထွက်ခဲ့ပါတယ်။ ယင်းပွဲတွင်ဂါရတ်ပီကေးကကန်ချက်ကိုလက်ဖြင့်တားခဲ့ပြီး ဒိုင်လူကြီးက VAR ကြည့်ရှုမှုပင်မပြုဘဲပင်နယ်တီ မပေးခဲ့ပါဘူး။ဒါ့အပြင်အဲရစ်ဂါစီယာကရာအူးလ်အယ်ဘီယိုကို ဧရိယာအတွင်းတွင်ပွေ့ဖက်လှဲချမှုအတွက် ဒိုင်လူကြီးက VAR မကြည့်ခဲ့ပါဘူး။ဒါကြောင့်လည်းအူနိုင်းအမ်မရီဟာ ပွဲပြီးချိန်တွင်ဥမင်လှိုဏ်ခေါင်းသို့ ဒေါသတကြီးဝင်ရောက်သွားစဉ် ဇာဗီးနှင့်တွေ့ဆုံပြီးအချင်းများခဲ့ပါတယ်။၎င်းတို့နှစ်ဦး အချင်းများနေမှုကိုရဲတပ်ဖွဲ့ဝင်များကဝင်ရောက်ဖြေဖျန်မှုပြုလုပ်ခဲ့ရပါတယ်။ နောက်ဆုံးတွင်နှစ်ဦးလုံးဟာစိတ်လျှော့ပြီးသက်ဆိုင်ရာ အဝတ်အစားလဲခန်းအတွင်းသို့အသီးသီးဝင်ရောက်သွားခဲ့ကြပါတယ်။ […]

Ballon d’Or မဲပေးမှုကို ဘက်ပေးဒေါသထွက်ခဲ့

November 30, 2021 sportviews 0

ကိုင်လီယန်ဘက်ပေးဟာ၂၀၂၁ခုနှစ် Ballon d’Or မဲပေးမှုတွင်အဆင့်၉နေရာတွင်သာရပ်တည်နိုင်ခဲ့ပြီးနောက် ဒေါသထွက်ခဲ့ပါတယ်။အသက်၂၂နှစ်ရှိပီအက်စ်ဂျီ စူပါစတားဟာ Ballon d’Or ဆုကိုဆွတ်ခူးနိုင်ဖို့ မမျှော်လင့်ခဲ့ပါဘူး။ယခုနှစ် Ballon d’Or ဆုကို ဘက်ပေးရဲ့ပီအက်စ်ဂျီကစားဖော်မက်ဆီ၊ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးရောဘတ်လီဝန်ဒေါ့စကီးနှင့် ချဲလ်ဆီးကွင်းလယ်ကစားသမားဂျော်ဂျင်ဟိုတို့က ဆွတ်ခူးရန်ရေပန်းစားနေခဲ့တာပါ။ တကယ်တမ်းမှာလည်း Ballon d’Or ဆုကို လီယွန်နယ်မက်ဆီက ၇ကြိမ်မြောက်အဖြစ်ဆွတ်ခူးသွားခဲ့ပါတယ်။ ဂိုးသွင်းစက်လီဝန်ဒေါ့စကီးကဒုတိယနေရာတွင် ရပ်တည်ခဲ့သလို […]

Ballon d’Or ဆုအကြီးအကဲကိုလူလိမ်လူညာလို့ ရော်နယ်ဒိုသမုတ်

November 30, 2021 sportviews 0

ခရစ္စတီယာနိုရော်နယ်ဒိုက France Football အယ်ဒီတာချုပ်ကိုလူလိမ်လူညာလို့ပြောကြားလိုက်ပါတယ်။ Ballon d’Or ဆုအကြီးအကဲပါစကယ်ဖာရဲက ပေါ်တူဂီစူပါစတားခရစ္စတီယာနိုရော်နယ်ဒိုမှာ မက်ဆီထက် Ballon d’Or ဆုကိုပိုမိုဆွတ်ခူးပြီးမှ ကစားသမားဘဝမှအနားယူလိုသည်ဟုသူ့ကို ပြောကြားခဲ့လို့ New York Times သို့ပြောကြားခဲ့ပါတယ်။ ဖာရဲက “ရော်နယ်ဒိုမှာရည်မှန်းချက်တစ်ခုပဲရှိတယ်။ မက်ဆီထက် Ballon d’Or ဆုဆွတ်ခူးပြီးအနားယူဖို့ပါ။ သူကိုယ်တိုင်ကျွန်တော့်ကိုပြောပြခဲ့လို့သိခဲ့ရတာပါ” […]

စာရင်းအင်းအမှားပြမှုကြောင့် တန်းချခံရနိုင်တဲ့ ဂျူဗင်တပ်

November 30, 2021 sportviews 0

ဂျူဗင်တပ်အသင်းဟာတန်းချခြင်းခံရနိုင်တဲ့အပြင် စီးရီးအေဖလားပါအသိမ်းခံရနိုင်ကြောင်း အီတလီရဲ့ စားသုံးသူအခွင့်အရေးကာကွယ်ရေးစောင့်ကြည့်အဖွဲ့ Codacons ကပြောကြားလာပါတယ်။ ဂျူဗင်တပ်အသင်းဟာစာရင်းအင်းအမှားပြတယ်ဆိုပြီး အီတလီအာဏာပိုင်တို့ရဲ့စစ်ဆေးခြင်းခံနေရပါတယ်။အီတလီရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့အပတ်တုန်းကတူရင်နှင့်မီလန်ရှိ ရုံးချုပ်ကို စီးနင်းဝင်ရောက်ပြီးစာရင်းအင်းများ၊ဘောင်ချာများကို သိမ်းဆည်းသွားခဲ့ပါတယ်။ ဂျူဗင်တပ်ဟာ၂၀၁၈ခုနှစ်တုန်းကခရစ္စတီယာနိုရော်နယ်ဒိုအား ခေါ်ယူမှုအပါအဝင်နွေရာသီတုန်းကမန်ချက်စတာသို့ ရောင်းချမှုအတွက်လည်း စစ်ဆေးခြင်းခံနေရတာ ဖြစ်ပါတယ်။ဂျူဗင်တပ်ဟာရော်နယ်ဒိုအရောင်းအဝယ်အပြင် ကန်စီလို၊အာသာ၊ပီယာနစ်အပါအဝင်အပြောင်းအရွှေ့ အမြောက်အမြားတို့အတွက်စစ်ဆေးခြင်းခံနေရပါတယ်။ Codacons ကအကယ်၍ဂျူဗင်တပ်အသင်းသာ အမှားအယွင်းပြုလုပ်ကြောင်းစစ်ဆေးတွေ့ရှိပါက စီးရီးဘီသို့တန်းချခြင်း၊စီးရီးအေချန်ပီယံဘွဲ့ ရုတ်သိမ်းခံရခြင်းတို့ပြုလုပ်ခံရနိုင်ကြောင်းဆိုသွားပါတယ်။ ဂျူဗင်တပ်ဟာ၂၀၀၆ခုနှစ်တုန်းကလည်း […]