စပါးကိုနိုင်ပေမယ့် ဆိုးလ်ရှားအတွက်နည်းပြရာထူးမြဲဖို့ အာမခံချက်မရှိသေး

October 31, 2021 sportviews 0

ပရီးမီးယားလိဂ်မှာ (၄) ပွဲဆက်တိုက် ပျောက်ဆုံးခဲ့မှုကြောင့် ဖိအားတွေများနေခဲ့ရတဲ့နည်းပြဆိုးလ်ရှားဟာ မနေ့ညက စပါးအသင်းနဲ့ ပွဲစဥ်မှာတော့ (၃−၅−၂) ကစားကွက်အသစ်ကို အသုံးပြုခဲ့ပြီး နိုင်ပွဲပြန်လည်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။အဆိုပါ နိုင်ပွဲကြောင့် ဆိုးလ်ရှားအတွက်တော့ ဖိအားဒဏ် အနည်းငယ် သက်သာခဲ့ရပေမယ့် ၎င်းရဲ့ နည်းပြရာထူး တည်မြဲရေးအတွက်တော့အာမခံချက် မရှိသေးတဲ့ အနေအထားဖြစ်နေဆဲပါပဲ။ ဘုတ်အဖွဲ့ဟာ စပါးအသင်းပွဲစဥ်က […]

ပြိုင်ဘက်အသင်းတွေ အမှတ်လျော့ခဲ့တာကို ထူးပြီးပျော်နေစရာမလိုကြောင်းတူချယ်ဆို

October 31, 2021 sportviews 0

    မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ မှာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ချယ်လ်ဆီး အသင်း ဟာ ကလပ်ပိုင်ရှင်နဲ့ နည်းပြ အပြောင်းအလဲ ဖြစ်ထားတဲ့ အဆင့် ၁၉ နေရာက နယူးကာဆယ် အသင်းကို စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းမှာ သွားရောက် […]

ဗန်ဒိုက်အား ဒေါသတကြီးအော်ဟစ်ကြိမ်းမောင်းမှုမှာ သာမန်ဖြစ်ရပ်သာဖြစ်ကြောင်းကလော့ပ်ပြောကြား

October 31, 2021 sportviews 0

လီဗာပူးနည်းပြဂျာဂင်ကလော့ပ်ကဘရိုက်တန်နှင့် ၂ဂိုးစီသရေကျတဲ့ပွဲစဉ်တွင် နောက်ခံလူဗာဂယ်ဗန်ဒိုက်အား ဒေါသတကြီးအော်ဟစ်ကြိမ်းမောင်းမှုမှာ သာမန်ဖြစ်ရပ်မျှသာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ လီဗာပူးဟာပွဲချိန်၂၄မိနစ်အတွင်းတွင်ပင် ဂျော်ဒန်ဟင်ဒါဆင်နှင့်ဆာဒေယိုမာနေးတို့ သွင်းယူတဲ့ဂိုးဖြင့်ဘရိုက်တန်ကို ၂-၀ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်ဘရိုက်တန်ဟာပထမပိုင်းမပြီးခင် အီနော့ခ်မတ်ပုကချေပဂိုးစတင်သွားယူခဲ့ပြီး ဒုတိယပိုင်း၆၅မိနစ်တွင်လီယန်ဒရိုထရိုဆတ်က ဒုတိယချေပဂိုးသွင်းယူခဲ့ကာအဖိုးတန် ရမှတ်တစ်မှတ်ရယူသွားခဲ့ပါတယ်။ ဒုတိယပိုင်းတွင်ဂျာမန်လူမျိုးနည်းပြဟာဗန်ဒိုက်ကို ကွင်းဘေးစည်းတွင်အကြီးအကျယ်အော်ဟစ် ကြိမ်းမောင်းမှုပြုလုပ်နေတာတွေ့ရပါတယ်။ ကလော့ပ်က “၁၀၀ရာခိုင်နှုန်းမမှတ်မိတော့ပါဘူး။ ကျွန်တော်တို့အများကြီးစကားပြောခဲ့ကြတယ်။ ဘာတော့မှလည်းရှင်းပြမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ဟာနေရာလွတ်ကိုမကာကွယ်နိုင်ခဲ့ပါဘူးလို့ ပြောခဲ့တာကြောင့်ခင်ဗျားတို့ သတင်းကြီးတစ်ခု […]

အမျိုးသမီးတစ်ဦးက သူမရဲ့ကလေးအဖေလို့စွပ်စွဲလာမှုအား စစ်ဆေးခံယူသွားမယ့်ပရီးမီးယားလိဂ်ဘောလုံးသမားတစ်ဦး

October 31, 2021 sportviews 0

ပရီးမီးယားလိဂ်ဘောလုံးသမားတစ်ဦးဟာ ဘရာဇီးအမျိုးသမီးတစ်ဦးကသူမရဲ့ချစ်စရာကောင်းတဲ့ ကလေးရဲ့အဖေမှာသူဖြစ်တယ်လို့စွပ်စွဲလာမှုအား စမ်းသပ်စစ်ဆေးမှုခံယူရန်သဘော တူညီလိုက်ပြီဖြစ်ပါတယ်။ အသက်၃၃နှစ်ရှိဂျာကွီလင်ဆူဆာကလက်ရွေးစင်ကစားသမားက သူမရဲ့၁၄လအရွယ်သမီးလေးရဲ့အဖေလို့စွပ်စွဲလာခဲ့တာ ဖြစ်ပါတယ်။ဆူဆာစွပ်စွဲလာတဲ့ဘောလုံးသမား အမည်ကိုတရားဥပဒေအရအမည်ရေးသားလို့မရပါဘူး။ ဂျာကွီလင်က “ကျွန်မကိုချစ်တယ်လို့ပြောခဲ့တယ်။ သူ့အိမ်ထောင်ရေးအတွက်ဘာမှမပူနဲ့ဆိုပြီး အာမခံချက်ပေးခဲ့တယ်”လို့ပြောကြားခဲ့ပါတယ်။ အစောပိုင်းတုန်းကဘောလုံးသမားဟာ သူမရဲ့ရှေ့နေများကကလေးအဖေက သူ့ဖြစ်တယ်လို့ဆက်သွယ်ပြောကြားလာမှုကို လက်ခံတွေ့ဆုံရန်ငြင်းဆိုခဲ့ပါတယ်။ ဒါပေမယ့်ရှေ့နေများကသူ့ကလပ်နှင့်ပါ ဆက်သွယ်လာချိန်မှာတော့ ကလေးအဖေ ဟုတ်/မဟုတ်စစ်ဆေးဖို့သဘောတူညီလာခဲ့ပါတယ်။ အထက်ပါအမှုအားစစ်ဆေးမှုကိုလာမယ့် နိုဝင်ဘာလ၁၀ရက်နေ့မှာပြုလုပ်သွားပါမယ်။   ZawGyi […]

ဆန်ချိုမှာဗန်ဒီဘိခ်ကဲ့သို့ပင်အဆုံးသတ်ရမယ့် ကိန်းဆိုက်နေကြောင်းဂယ်ရီနဗီးလ် သတိပေး

October 31, 2021 sportviews 0

ဂယ်ရီနဗီးလ်ကမန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားက ကစားကွက်အသုံးပြုလာမှုနဲ့အတူဂျာဒွန်ဆန်ချိုမှာ ဒွန်နီဗန်ဒီဘိခ်ကဲ့သို့ပင်အဆုံးသတ်ရမယ့် ကိန်းဆိုက်နေကြောင်းသတိပေး ပြောကြားလာပါတယ်။ နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် ဒေါ့မွန်မှပေါင်သန်း၇၃သန်းဖြင့်ရောက်လာတဲ့ ဆန်ချိုဟာလီဗာပူးအား၅-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲတွင် လည်းကောင်း၊မနေ့ညတုန်းကစပါးစ်ကို၃-၀ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင်လည်းကောင်းအရန်အဖြစ်ပင် ဝင်ရောက်ကစားခွင့်မရခဲ့ပါဘူး။ ဒါကြောင့်လည်းဂယ်ရီနဗီးလ်ကဆန်ချိုမှာဗန်ဒီဘိခ်ကဲ့သို့ပင် အရန်ခုံတွင်ပင်အဆုံးသတ်ရမယ့်ကိန်းဆိုက်နေကြောင်းဆိုလာပါတယ်။ ဂယ်ရီနဗီးလ်က “ခင်ဗျားတို့လည်းသိပါတယ်။ဗန်ဒီဘိခ်ကို တွေးကြည့်လိုက်ပါ။မန်ချက်စတာမှာဘောလုံးတစ်လုံးတောင် မကန်ရဘဲထိုင်နေတဲ့ ကလေးကိုမန်ချက်စတာသို့ ခေါ်ဆောင်လာခဲ့တာဘယ်သူလဲ ဆန်ချိုလည်းဒီအတိုင်းပဲ တကယ်လို့သူလည်းဂရုမစိုက်ဘူးဆိုရင်ဒီလိုပဲ အဆုံးသတ်ရဖို့သေချာတယ်။သူဟာတော်တော်ကောင်းတဲ့ ခြေစွမ်းတစ်ချို့နဲ့ကစားနိုင်ခဲ့တယ်။သူဟာဘောလုံးကစားဟန် လုံးဝမတူတဲ့ကလပ်သို့ရောက်လာခဲ့တယ်။သူဟာ ဒေါ့မွန်တုန်းကတော်တော်လေးကောင်းခဲ့တာပါ။ […]

ကစားကွက်အသစ်ကြောင့် ဂိုးပြတ်နိုင်ပွဲနဲ့အတူပြန်လာနိုင်ခဲ့တဲ့ မန်ယူ

October 31, 2021 sportviews 0

(၀−၃) ဂိုး နဲ့ ဂိုးပြတ်အနိုင်ရပြီး ပရီးမီးယားလိဂ် (၄) ပွဲဆက်တိုက် နိုင်ပွဲပျောက်နေမှုကိုရပ်တန့်နိုင်ခဲ့ပါတယ်။ ဖိအားဒဏ်တွေ ခံနေရတဲ့ နည်းပြဆိုးလ်ရှားဟာ ဒီပွဲမှာ(၃−၄−၁−၂) ကစားကွက်အသစ်ကို အသုံးပြုခဲ့ပြီး နောက်တန်းမှာ လင်ဒီလော့ဖ် ၊မက်ဂွိုင်းယား ၊ ဗာရန်းတို့ကို အထိုင်ချကာ ကစားစေခဲ့ပြီး ဘစ်ဆာကာ နဲ့လုခ်ရှောတို့ကို တောင်ပံ နှစ်ဖက်မှာ […]

လက်စတာနှင့်ပွဲမှာ အကောင်းဆုံးကာကွယ်မှုတစ်ခုကိုပြုလုပ်ခဲ့တဲ့ ရမ်ဒေးလ်

October 31, 2021 sportviews 0

အေရွန်ရမ်ဒေးလ်ဟာမနေ့ညတုန်းကလက်စတာကို အာဆင်နယ်ကအနိုင်ရရှိတဲ့ပွဲစဉ်မှာယခုရာသီရဲ့ အကောင်းဆုံးကာကွယ်မှုတစ်ခုအဖြစ် ဂျိမ်းစ်မက်ဒီဆင်ရဲ့ဖရီးကစ်ကို ကာကွယ်သွားခဲ့ပါတယ်။ အာဆင်နယ်ဟာကင်းပါဝါကွင်းမှာဂါဘရီရယ်နှင့် အီမီလီစမစ်ရိုးတို့ရဲ့ဂိုးများဖြင့်လက်စတာကို ၂-၀ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပါတယ်။ မက်ဒီဆင်ဟာပထမပိုင်းမပြီးခင်မှာ ဖရီးကစ်ကန်ခွင့်ရရှိခဲ့ပြီး ထောင့်ကျဉ်းထဲသို့ ကန်သွင်းခဲ့ပေမယ့်ရမ်ဒေးလ်က အကောင်းဆုံးကာကွယ်သွားခဲ့ပါတယ်။ ရမ်းဒေးလ်ဟာဘယ်ထောင့်သို့ဒိုင်ဗင်ပစ်ကာ ဘောလုံးကိုလက်ဖြင့်ပုတ်ခဲ့ပြီးဘောလုံးမှာ ဘားတန်းကိုထိသွားခဲ့ပါတယ်။ မက်ဒီဆင်ရဲ့ကန်ချက်ကအလွန်တိကျ ကောင်းမွန်တာကြောင့်ရမ်ဒေးလ် မပုတ်ခင်ကတည်းကလက်စတာတိုက်စစ်မှူး ဂျေမီဗာဒီအောင်ပွဲခံနေခဲ့တာတွေ့ရပါတယ်။ ရမ်ဒေးလ်ပုတ်လိုက်လို့ပြန်ကန်တဲ့ဘောလုံးကို ဂျွန်နီအီဗန့်ကပိတ်သွင်းဖို့ကြိုးစားပေမယ့် သောမတ်စ်ပါတေးကရှင်းထုတ်နိုင်ခဲ့ပါတယ်။ မန်ယူနှင့်မန်စီးတီးဂန္ထဝင်ဂိုးသမားပီတာရှမိုက်ကယ်က သူမြင်ဖူးသမျှထဲမှာ […]

အသက်ရှူရခက်ခဲမှုကြောင့် ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရတဲ့ ဆာဂျီယိုအဂွဲရိုး

October 31, 2021 sportviews 0

ဆာဂျီယိုအဂွဲရိုးဟာဘာစီလိုနာအတွက်ပထမဆုံး အိမ်ကွင်းပွဲကစားခဲ့ရာတွင် အသက်ရှူရခက်ခဲလာမှုကြောင့် ဆေးရုံသို့အရေးပေါ်တက်ရောက်ခဲ့ပြီး စစ်ဆေးမှုများခံယူရတော့မှာဖြစ်ပါတယ်။ နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်မန်စီးတီးမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းလာတဲ့ အာဂျင်တီးနားတိုက်စစ်မှူးအဂွဲရိုးဟာ ပထမပိုင်းမပြီးခင်မှာဘဲအသက်ရှူရခက်ခဲလာမှုနဲ့ အတူဆေးအဖွဲ့အကူအညီရယူခဲ့ရပါတယ်။ အဂွဲရိုးဟာမနေ့တုန်းကအလာဗက်စ်နှင့် တစ်ဂိုးစီသရေကျတဲ့ပွဲရဲ့ပထမပိုင်းမိနစ်၄၀တွင် အသက်ရှူရခက်ခဲကာရင်ဘတ်ကိုလက်ဖြင့် ဖိထားပြီးနောက်ကွင်းထဲမှာလဲလျောင်းခဲ့ရပါတယ်။ ဘာစီလိုနာဆေးအဖွဲ့ကကွင်းအတွင်းသို့ ချက်ချင်းဝင်ရောက်အကူအညီပေးခဲ့ရပါတယ်။ အဂွဲရိုးဟာကွင်းအတွင်းမှာဖြည်းဖြည်းချင်း လမ်းလျှောက်ကာထွက်ခွာခဲ့ပါတယ်။ အသက်၃၃နှစ်ရှိတိုက်စစ်မှူးကိုဖီးလစ်ပီကော်တင်ဟိုနှင့် လူစားလဲခဲ့ရပါတယ်။အဂွဲရိုးကိုဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးသူ့အသက်ရှူရခက်ခဲမှု ပြဿနာအရင်းအမြစ်ကိုရှာဖွေသွားပါမယ်။ လက်ရှိအချိန်မှာအဂွဲရိုးရဲ့အခြေအနေမှာ တိုးတက်ကောင်းမွန်လာပြီဖြစ်သော်လည်း အသက်ရှူရခက်ခဲနေချိန်တွင်သူ့နှလုံးခုန်နှုန်းမှာ […]

ကွန်တီဟာ မန်ယူအသင်းကိုပရီးမီးယားလိဂ်ချန်ပီယံဆုရယူပေးနိုင်စွမ်းရှိတဲ့သူဖြစ်တယ်

October 30, 2021 sportviews 0

မန်ချက်စတာယူနိုက်တက်နာမည်ကျော်တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ကနည်းပြသစ်ဖြစ်လာဖို့ရေပန်းစားနေတဲ့ကွန်တီဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပရီးမီးယားလိဂ်ချန်ပီယံ ဆုဖလားရယူပေးနိုင်စွမ်းရှိတဲ့သူဖြစ်တယ်လို့သုံးသပ်လိုက်ပါတယ်။ အခုလောလောဆယ် ယူနိုက်တက်နည်းပြထိုင်ခံပေါ်မှာ ဆိုးလ်ရှား ဆက်ရှိနေဆဲဆိုပေမယ့် စပါး၊ အတ္တလန်တာ၊ မန်စီးတီးတို့နဲ့ပွဲမှာသာ ရလဒ်မကောင်းရင် ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားကို ရာထူးကသေချာပေါက်ထုတ်ပယ်သွားမှာဖြစ်တယ်လို့ဖော်ပြနေကြပါပြီ။   ချယ်လ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်၊FA ဖလားတွေရယူခဲ့တဲ့ ကွန်တီဟာ ယူနိုက်တက်နည်းပြသစ်ဖြစ်လာဖို့ရေပန်းစားနေသလို ဘာဘာတော့ဗ်ကလည်း ကွန်တီဘက်ကနေ အားပေးထောက်ခံ […]

ရီးယဲလ်အကယ်ဒမီလူငယ်ကစားသမားကို ခေါ်ယူဖို့စောင့်ကြည့်နေတဲ့ မန်ချက်စတာယူနိုက်တက်

October 30, 2021 sportviews 0

မန်ချက်စတာယူနိုက်တက်အသင်းဟာ အနာဂတ်ကျရင် စပိန်ဘောလုံးလောကမှာထွန်းတောက်လာမယ့် ကြယ်တစ်ပွင့်အဖြစ်သတ်မှတ်ခံထားရသူ ရီးယဲလ်အကယ်ဒမီလူငယ်ကစားသမား အန်တိုလင်ဂရာဇွန်ကိုခေါ်ယူဖို့စောင့်ကြည့်နေပါတယ်။ နာမည်အပြည့်အစုံက မားဗယ်လက်စ်အန်တိုလန်ဂရာဇွန် ( Marvelous Antolin Garzon)လို့အမည်ရပြီး သူက အသက်(၁၈)နှစ်အရွယ်သာရှိသေးသလို ရီးယဲလ်ဂန္ထဝင် တိုက်စစ်မှူးရာအူးလ်ကိုင်တွယ်နေတဲ့ အကယ်ဒမီအသင်းမှာ အကောင်းဆုံးခြေစွမ်းပြနေတာဖြစ်ပါတယ်။ နောက်ခံလူအဖြစ်ကစားနေတဲ့ဂရာဇွန်ဟာအခုလ အစောပိုင်းကမှ ရီးယဲလ်ယူ-၁၉ အသင်းအတွက်ခေါ်ယူခံခဲ့ရပြီး အခုလောလောဆယ်အသင်းအတွက် (၆)ပွဲပါဝင်ကစားခဲ့ပြီးပါပြီ။ ယူနိုက်တက်အသင်းဟာ […]