ဘောလုံးလောကရဲ့ဂုဏ်သိက္ခာအမြင့်ဆုံးဆုBallon d’Orဆုကို ယခုနှစ်တွင် ပြန်လည်ချီးမြှင့်သွားတော့မှာဖြစ်ကြောင်းသိရ
September 30, 2021 sportviews 0
ဘောလုံးလောကရဲ့ဂုဏ်သိက္ခာအမြင့်မားဆုံးတစ်ဦးချင်းဆုဖြစ်တဲ့ Ballon d’Or ဆုကို လာမယ့်နိုဝင်ဘာလတွင်ပြန်လည်ချီးမြှင့်သွားတော့မှ ာဖြစ်ကြောင်းသိရပါတယ်။ Ballon d’Or ဆုကိုပြီးခဲ့တဲ့နှစ်တုန်းကို ကိုဗစ်ကမ္ဘာ့ကပ်ရောဂါ ကြောင့်ချီးမြှင့်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့်ယခုဆယ့်နှစ်လအကြာမှာတော့ Ballon d’Or ဆုကို လာမယ့်နိုဝင်ဘာလမှာကျင်းပသွားတော့မှာဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံးကစားသမားဆု Ballon d’Or ဆုပေးပွဲ အခမ်းအနားကို လာမယ့်နိုဝင်ဘာလမှာ Chatelet Theatre မှာကျင်းပသွားမှာဖြစ်ပါတယ်။ […]
ဗီလာရီးရဲလ်အသင်းကို (၂−၁) နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဥ်မှ အသင်းခေါင်းဆောင်ဖာနန်ဒက်စ်ရဲ့ ပွဲပြီးပြောစကား
September 30, 2021 sportviews 0
ဗီလာရီးရဲလ်အသင်းကို (၂−၁) နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဥ်မှာ အသင်းခေါင်းဆောင်မက်ဂွိုင်းယား မပါဝင်နိုင်ခဲ့တာကြောင့် ဖာနန်ဒက်စ်က မန်ယူအသင်းရဲ့အသင်းခေါင်းဆောင်အဖြစ် ပွဲချိန်ပြည့် ပါဝင် ကစားသွားနိုင်ခဲ့ပါတယ်။ပွဲရဲ့ တစ်ဆစ်ချိုး အလှည့်အပြောင်းဖြစ်စေမယ့် ဂိုးလို့ ပြောလို့ရနိုင်တဲ့ တဲလက်စ် ရဲ့ အဝေးကန်ချက်ကိုလည်း ဖာနန်ဒက်စ်က ပြစ်ဒဏ်ဘောကနေတဆင့် ဖြတ်တင်ပေးပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ရော်နာလ်ဒိုရဲ့ နောက်ကျဂိုးနဲ့ မန်ယူအသင်းအနိုင်ရခဲ့ပြီးနောက်မှာတော့ […]
ပိုလန်သို့ဝင်ရောက်ခွင့်မရမှုနဲ့အတူအင်္ဂလန်သို့ပြန်လာခဲ့ရပြီ လက်စတာရဲ့ယူရိုပါလိဂ်ပွဲကို လွဲမည့် ဟီနာချို
September 30, 2021 sportviews 0
ကဲလာချီဟီနာချိုဟာလက်စတာရဲ့လီဂီယာဝါဆောနှင့်ပွဲစဉ်အတွက် ပိုလန်သို့ဝင်ရောက်ခွင့်မရမှုနဲ့အတူအင်္ဂလန်သို့ပြန်လာခဲ့ရကြောင်းသိရပါတယ်။ လက်စတာအသင်းဟာဗုဒ္ဓဟူးနေ့နေ့လည်ပိုင်းတုန်းက ဝါဆောရှိ ချိုပင်လေဆိပ်သို့ရောက်လာခဲ့ပြီးလူဝင်ကြီးကြပ်ရေးက နိုင်ဂျီးရီးယား  တိုက်စစ်မှူးရဲ့စာရွက်စာတမ်းများမှာ မှားယွင်းနေကြောင်းတွေ့ရှိကာပြည် ဝင်ခွင့်မပေးခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိအချိန်တွင်အလယ်တန်းကစားသမားဝီလ်ဖရက်အန်ဒီဒီနှင့် နောက်ခံလူဂျွန်နီအီဗန့်တို့ကိုဆုံးရှုံးထားရာလက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာကဟီနာချိုအားဆုံးရှုံးရမှုမှာကြီးမားတဲ့ဆုံးရှုံးမှုလို့ဆိုသွားပါတယ်။ လေဆိပ်ဝန်ထမ်းများကဟီနာချိုရဲ့တရားဝင်စာရွက်စာတမ်းများနှင့်ဗီဇာတို့တွင် ကွဲပြားမှုများရှိနေကြောင်းတွေ့ရပြီးနောက်ပြည်ဝင်ခွင့်မပေးခဲ့တာပါ။ ဟီနာချိုဟာနိုင်ဂျီးရီးယားသားတစ်ဦးဖြစ်ရာ EU နိုင်ငံတစ်ခုသို့ ဝင်ရောက်ဖို့အတွက်ဗီဇာလိုအပ်ပါတယ်။ ကျန်လက်စတာကစားဖော်များအားလုံးမှာပိုလန်သို့ဝင်ရောက်နိုင်ခဲ့သော်လည် းဟီနာချိုမှာလေဆိပ်တွင်ကျန်ခဲ့ရကာအင်္ဂလန်သို့ပြန်လာခဲ့ရပါတယ်။ ZawGyi ပိုလန်ဝင်ခွင့်မရလို့ လက်စတာရဲ့ယူရိုပါလိဂ်ပွဲကို လွဲမည့် ဟီနာချို […]
ခံစစ်စွမ်းဆောင်ရည်ကောင်းတွေကြောင့်ဂျူဗင်တပ်စ်ချယ်လ်ဆီးကို အနိုင်ရခဲ့
September 30, 2021 sportviews 0
    ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တစ်ပွဲဖြစ်တဲ့ စီးရီးအေထိပ်သီးဂျူဗင်တပ်စ်နဲ့ လက်ရှိချန်ပီယံချယ်လ်ဆီးအသင်းတို့ရဲ့ပွဲမှာ ဂျူဗင်တပ်စ်အသင်းက ခံစစ်စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ပြီး တိုက်စစ်ကစားသမားချီယေဆာရဲ့ တစ်လုံးတည်းသောဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ ရာသီအစပိုင်းမှာ ရလဒ်ဆိုးတွေကြောင့်ရုန်းကန်ခဲ့ရပေမယ့် အခုနောက်ပိုင်းနိုင်ပွဲဆက်နေတဲ့ ဂျူဗင်တပ်စ်အသင်းဟာ ပြိုင်ပွဲစုံ(၃)ပွဲဆက် နိုင်ပွဲရယူခဲ့တာဖြစ်သလို ချန်ပီယံလိဂ်(အရင်ဥရောပဖလား) လက်ရှိချန်ပီယံအသင်းတွေနဲ့ဆုံတွေ့တဲ့ပွဲတိုင်းမှာ ရလဒ်ကောင်း ရယူလေ့ရှိတဲ့မှတ်တမ်းကိုလည်း ဆက်ထိန်းနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ချယ်လ်ဆီးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာရယူခဲ့ပေမယ့် အခွင့်အရေးဖန်တီးနိုင်စွမ်းအားနည်းခဲ့တဲ့အပြင် ဒုတိယပိုင်းမှာ […]
လူကာကူရဲ့အကောင်းဆုံးအရည်အသွေးထွက်ပေါ်လာအောငချဲလ်ဆီးဖော်ထုတ်နိုင်ခြင်းမရှိသေကြောင်း ကွန်တီပြောကြားလာ
September 30, 2021 sportviews 0
အန်တိုနီယိုကွန်တီကချဲလ်ဆီးအသင်းမှာရိုမဲလူလူကာကူအားဘယ်လို အသုံးပြုရမလဲဆိုတာမသိကြောင်းနှင့်သောမတ်စ်တူချယ်ဟာ ဘယ်လ်ဂျီယံတိုက်စစ်မှူးရဲ့အကောင်းဆုံးအရည်အသွေး ထွက်ပေါ်လာအောင်ဖော်ထုတ်နိုင်ခြင်းမရှိသေးကြောင် းပြောကြားလိုက်ပါတယ်။ လူကာကူဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကအင်တာမီလန်မှ အသင်းဟောင်းသို့ပေါင်၉၈သန်းဖြင့်ပြန်ရောက်လာခဲ့သူဖြစ်ပြီ းပထမဆုံးကစားတဲ့လေးပွဲတွင်လေးဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်အင်တာမီလန်တွင်လူကာကူတွဲခဲ့ဖူးတဲ့အန်တိုနီယိုကွန်တီက ချဲလ်ဆီးအနေဖြင့် လက်ရှိအသုံးပြုနေတဲ့နည်းကိုမသုံးဘဲကွဲပြားတဲ့ စနစ်ကိုအသုံးပြုပါက ဘယ်လ်ဂျီယံတိုက်စစ်မှူးရဲ့ သွင်းဂိုးပိုမိုမြင်တွေ့ရမယ်လို့ဆိုလာပါတယ်။ လူကာကူဟာမနေ့ညတုန်းကဂျူဗင်တပ်ကို၁-၀ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲတွင်ဂိုးမသွင်းနိုင်ခဲ့ပြီးနောက်သုံးပွဲဆက်ဂိုးပေါက်ပျောက်နေပါတယ်။ ကွန်တီက “သူ့မှာနည်းစနစ်ပိုင်းအားလုံးရှိနေတော့ဒီထက်ပိုကောင်းအောင်လုပ်နိုင်သေးတယ်။ သူကတကယ့်ထိပ်တန်းအဆင့်အတွက်အသင့်ဖြစ်နေတဲ့သူပါ။ ဒါပေမယ့်ကစားသမားတစ်ဦးဟာအနားမယူခင်နေ့အထိတိုးတက်နေရပါမယ်။ ပွဲချိန်အတွင်းမှာ လူကာကူအပြောင်းအလဲလုပ်နိုင်တဲ့အခိုက်ကာလရှိပါတယ်။ သူကကွင်းရဲ့ဘယ်နေရာမှာမဆိုထိခိုက်အောင်လုပ်နိုင်တဲ့သူဖြစ်တာကြောင့်ရင်ဆိုင်ရခက်ခဲတဲ့သူပါ။ သူလို့ဗဟိုတိုက်စစ်မှူးတစ်ဦးပိုင်ဆိုင်ထားရင်သူ့ကိုသုံးရပါမယ်။ ချဲလ်ဆီးကတော့သူ့ကိုဘယ်သုံးရမလဲဆိုတာသိပုံမရပါဘူး။ […]
ကားဆီဖြည့်ဖို့ ၇ နာရီနီးပါးစောင့်ခဲ့ပေမယ့် ဆီတစ်စက်မှမရဘဲရော်နယ်ဒိုရဲ့ကားဒရိုင်ဘာပြန်ခဲ့ရ
September 30, 2021 sportviews 0
ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ကားဒရိုင်ဘာဟာပေါင်၂၂၀၀၀၀တန် Bentley ကားကို ဆီဖြည့်ဖို့အတွက်၇နာရီနီးပါးစောင့်ဆိုင်းနေခဲ့ပေမယ့်လည်း ဆီတစ်စက်မှမရဘဲပြန်ခဲ့ရပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့စူပါကားကိုစူပါစတားရဲ့နေအိမ်နဲ့မိုင် အနည်းငယ်အကွာရှိ Shell ဆီဆိုင်မှာတန်းစီထားတာတွေ့ခဲ့ရတာပါ။ သူနဲ့အတူရော်နယ်ဒိုရဲ့လုံခြုံရေးအဖွဲ့ဝင်တစ်ဦးကိုလည်း Range Rover ကားမှ ာဆီဖြည့်ဖို့အတွက် အတူစောင့်ဆိုင်းနေခဲ့တာတွေ့ရပါတယ်။ ယင်းကားဒရိုင်ဘာများဟာနေ့လည်၂နာရီ၊၂၀မိနစ်ကနေ ဆီဆိုင်သို့ ဆီဘောက်ဆာကား ရောက်လာမယ်ဆိုတဲ့မျှော်လင့်ချက်ဖြင့် ဆီဖြည့်ရန် စောင့်ဆိုင်းနေခဲ့ကြတာဖြစ်ပြီး ၆နာရီ၊မိနစ်၄၀အထိစောင့်ဆိုင်းနေခဲ့ပေမယ့် နောက်ဆုံး ၉ နာရီခန့်အချိန်မှာထွက်ခွာသွားခဲ့ကြပါတယ်။ […]
လူစားဝင်ရောက်ခွင့်မရပြီးနောက်အရန်ခုံပေါ်တွင်ဒေါသထွက်နေခဲ့တဲ့ ဗန်ဒီဘိခ်
September 30, 2021 sportviews 0
ဒွန်နီဗန်ဒီဘိခ်ဟာမနေ့ညတုန်းကဗီလာရီးရဲလ်အား၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ ပွဲစဉ်တွင်အရန်ခုံပေါ်တွင်ဒေါသထွက်နေခဲ့တာတွေ့ခဲ့ရပါတယ်။ ဒတ်ချ်အလယ်တန်းကစားသမားဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့ နာကျင်အချိန်ပို၉၅မိနစ်မှာသွင်းယူတဲ့ဂိုးဖြင့်အနိုင်ရရှိတဲ့အိုးထရက်ဖို့ဒ် ချန်ပီယံလိဂ်ပွဲစဉ်မှာအရန်စာရင်းမှာပါဝင်ခဲ့ပေမယ့်လည် းလူစားဝင်ရောက်ကစားခွင့်မရခဲ့ပါဘူး။ မန်ယူနည်းပြဆိုးလ်ရှားဟာဂိုးရရှိဖို့လိုအပ်နေတာကြောင့်နီမင်ဂျာဗီဒစ်ကို အလယ်တန်းမှာထည့်သွင်းခဲ့ပါတယ်။ယင်းနောက်ချက်ချင်းဆိုသလိုဘဲသူဟာ အလယ်တန်းတိုက်စစ်သမားဗန်ဒီဘိခ်ကိုမထည့်သွင်းဘဲ သူယခင်စိတ်ကြိုက်ကစားသမားဖြစ်တဲ့ဖရက်ကိုလူစားထည့်သွင်းခဲ့ပါတယ်။ ဆိုးလ်ရှားကယင်းသို့ဆုံးဖြတ်ချလိုက်ချိန်မှာအေဂျက်စ်အလယ်တန်းကစားသမားဟောင်းဟာ အကြီးအကျယ်ဒေါသထွက်ကာဝါးနေတဲ့ပီကေကိုပါထွေးထုတ်ပစ်ခဲ့ပါတယ်။ သူဟာဆိုးလ်ရှားနှင့်ဖရက်တို့ကိုဦးတည်ပြီးပီကေးထွေးထုတ်ပစ်ခဲ့တာလည်းဖြစ်ပါတယ်။ ချက်ချင်းဆိုသလိုအနီးတွင်ရှိနေတဲ့ဗဟိုနောက်ခံလူအဲရစ်ဘိုင်လီက ဗန်ဒီဘိခ်ကိုဖြေသိမ့်မှုပြုလုပ်ခဲ့တာတွေ့ရပါတယ်။ အထက်ပါအဖြစ်အပျက်ကိုကြည့်ရင်ဗန်ဒီဘိခ်ရဲ့ အိုးထရက်ဖို့ဒ်နေ့ရက်တွေကုန်ဆုံးဖို့တဖြည်းဖြည် းလက်ချိုးရေနေရပြီဆိုတာမြင်နိုင်ပါတယ်။ ZawGyi လူစားဝင်ရောက်ခွင့်မရပြီးနောက် ဆိုးလ်ရှားနှင့်ဖရက်ကို ရည်ရွယ်ပြီး ပီကေးထွေးထုတ်ခဲ့တဲ့ ဗန်ဒီဘိခ် ဒွန်နီဗန်ဒီဘိခ်ဟာမနေ့ညတုန်းကဗီလာရီးရဲလ်အား၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်တွင်အရ […]
ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ဂိုးမှာမန်ယူသမိုင်းတွင် အနောက်ကျဆုံးချန်ပီယံလိဂ်ဂိုးဖြစ်လာခဲ့ပါတယ်
September 30, 2021 sportviews 0
ချန်ပီယံလိဂ်သမိုင်းတွင် ပွဲအများဆုံးကစားသူဖြစ်လာခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒို
September 30, 2021 sportviews 0
ခရစ္စတီယာနိုရော်နယ်ဒိုဟာမနေ့ညတုန်းကအိုးထရက်ဖို့ဒ်ကွင်းမှာဗီလာရီးရဲလ်ကို မန်ယူကအနိုင်ရရှိတဲ့ပွဲစဉ်မှာချန်ပီယံလိဂ်သမိုင်းတွင်ပွဲအများဆုံးကစားသူအဖြစ် သမိုင်းမှတ်တမ်းရေးထိုးလာပါတယ်။ ပေါ်တူဂီစူပါစတားဟာဗီလာရီးရဲလ်နှင့်ပွဲမှာချန်ပီယံလိဂ်ပွဲ၁၇၈ပွဲမြောက်ပွဲအဖြစ် ကစားခဲ့တာဖြစ်ပါတယ်။အဆိုပါပွဲစဉ်မှာခရစ္စတီယာနိုရော်နယ်ဒိုဟာ နာကျင်အချိန်ပို၉၅မိနစ်မှာမန်ယူအတွက်အဖိုးတန်အနိုင်ဂိုးကိုသွင်းယူနိုင်ခဲ့ပါသေးတယ်။ ဗီလာရီးရဲလ်နှင့်ပွဲတွင်ပါဝင်ကစားမှုနဲ့အတူခရစ္စတီယာနိုရော်နယ်ဒိုဟာ ချန်ပီယံလိဂ်သမိုင်းတွင်ပွဲအများဆုံးကစားသူအဖြစ်ရပ်တည်နေခဲ့တဲ့ ကာဆီးလက်စ်ထက်တစ်ပွဲပိုကစားပြီးချန်ပီယံလိဂ် သမိုင်းတွင်ပွဲအများဆုံးကစားသူဖြစ်လာခဲ့ပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုအတွက်ပိုပြီးတော့အမှတ်ရစရာကောင်းစေတာကတော့ အဖိုးတန်အနိုင်ဂိုးကိုလည်းနာကျင်အချိန်ပိုမှာသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုဟာ၉၅မိနစ်အနိုင်ဂိုးကြောင့်မန်ယူရဲ့ ချန်ပီယံလိဂ်ဂိုးသမိုင်းတွင်နောက်အကျဆုံးဂိုးဖြစ်လာခဲ့ပါတယ်။ တစ်ဖက်တွင်ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ဂိုးကချန်ပီယံလိဂ်၁၃၆ဂိုးမြောက်ဂိုးဖြစ်ပြီ းချန်ပီယံလိဂ်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူစံချိန်သစ်ကိုလည်းဆက်လက်ရေးထိုးနေပါတယ်။ ရော်နယ်ဒိုဟာချန်ပီယံလိဂ်ပွဲ၁၇၈ပွဲမှာ၁၃၆ဂိုးသွင်းယူထားနိုင်ပြီး ချန်ပီယံလိဂ်တစ်ရာသီအတွင်းသွင်းဂိုးအများဆုံးမှတ်တမ်းအဖြစ် ၁၇ဂိုးဖြင့်ရပ်တည်နေပါတယ်။ဒါ့အပြင်သူဟာရှုံးထွက်အဆင့်မှ ာဂိုးအများဆုံးသွင်းယူသူအဖြစ်၆၇ဂိုးဖြင့်လည်း ရပ်တည်နေပါတယ်။ ZawGyi ချန်ပီယံလိဂ်သမိုင်းတွင် ပွဲအများဆုံးကစားသူဖြစ်လာခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒို […]
ဒူးအရွတ်ဒဏ်ရာကြောင့်(၃)လအထိအနားယူရမယ့်ချာကာ
September 29, 2021 sportviews 0
    အာဆင်နယ်အသင်းကွင်းလယ်လူချာကာဟာ တနင်္ဂနွေနေ့တုန်းက စပါးအသင်းကို(၃-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲမှာ ဆိုးရွားတဲ့ဒူးအရွတ်ဒဏ်ရာရရှိခဲ့တာကြောင့် (၃)လအထိအနားယူရဖို့ရှိနေပါပြီ။ ချာကာဟာ မန်စီးတီးကို (၅-၀)ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ကန်ဆယ်လိုကို မလိုအပ်ဘဲ အဝင်ကြမ်းခဲ့လို့ တိုက်ရိုက်အနီကတ်နဲ့အထုတ်ခံခဲ့ရပြီး (၃)ပွဲပယ်ပြစ်ဒဏ်ကျခံခဲ့ရသလို ပွဲပယ်ပြစ်ဒဏ်စေ့သွားတဲ့နောက် (၄)ပတ်အတွင်းပထမဆုံးပွဲအဖြစ် စပါးအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာပါဝင်ကစားပေမယ့် ပြိုင်ဘက်ကွင်းလယ်ကစားသမား လူးကပ်စ်မော်ရာနဲ့မတော်တဆထိခိုက်မိတာကနေ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့တာဖြစ်ပါတယ်။ချာကာက သူ့ Instagram […]