ကျောကုန်းသုံးပြီး ပဥ္စလက်ဆန်တဲ့ အံ့ဩစရာဂိုးတစ်ဂိုး သွင်းပြခဲ့တဲ့ ပြင်သစ်လက်ရွေးစင်ဘန်ဇီးမား

September 23, 2021 sportviews 0

နွေရာသီတုန်းက ဘာစီလိုနာမှလီယွန်နယ်မက်ဆီထွက်ခွာသွားမှုနဲ့အတူလာလီဂါဟာ ပျင်းရိဖွယ်လာပြီလို့တော်တော်များများယူဆထားကြပါတယ်။ ဒါပေမယ့်လာလီဂါဟာပရိသတ်များအတွက်ဖျော်ဖြေမှုအပြည့်အဝပေးနေတုန်းဖြစ်ပါတယ်။ အထူးသဖြင့် ရီးရဲလ်မက်ဒရစ်ဟာကမ္ဘာ့အကောင်းဆုံးအသင်းများထဲမှတစ်သင်းကို ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်မှစတားကစားသမားတွေဟာပဥ္စလက် အခိုက်အတန့်တွေဖန်တီးနေတုန်းဖြစ်ပါတယ်။ အထူးသဖြင့်ကာရမ်ဘန်ဇီးမားပါ။ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့လောင်းရိပ်အောက်ကထွက်နိုင်ခဲ့ပြီးနောက်ဘန်ဇီးမားဟာ လာလီဂါရာသီတိုင်းအနည်းဆုံး၂၁ဂိုးအထိသွင်းယူထားနိုင်ပါတယ်။ဒါကြောင့်လည် းကာလရှည်ဝေးကွာလာခဲ့တဲ့ပြင်သစ်လက်ရွေးစင်အသင်းမှာလည်းပြန်လည်ပါဝင်ခွင့်ရလာခဲ့ပါတယ်။ ယူရို၂၀၂၀ပြိုင်ပွဲမှာစိတ်ပျက်စရာကောင်းအောင်စောစောစီးစီးထွက်ခဲ့ရပေမယ့် အသက်၃၃နှစ်ရှိစတားဟာဆွစ်ဇာလန်နှင့်ပွဲမှာအံ့ဩစရာကောင်းတဲ့ထိချက်တွေနဲ့ ဂိုးသွင်းပြီး တစ်ကမ္ဘာလုံးမှပရိသတ်များကိုအံ့ဩအောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကလပ်မှာလည်းလိုင်ယွန်တိုက်စစ်မှူးဟောင်းဟာပဥ္စလက်ဆန်တဲ့အခိုက်အတန့် ကိုဖန်တီးပြသနေတုန်းဖြစ်ပါတယ်။ ဘန်ဇီးမားဟာမနေ့ညတုန်းကမာယော့ကာအား၆-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာ၂ဂိုးသွင်းပြီ း၂ကြိမ်ဖန်တီးမှုပြုလုပ်ကာယခုရာသီလာလီဂါ၆ပွဲမှာ၈ဂိုး/၇ကြိမ်ဖန်တီးကာ၂၁ရာစုအတွင်း လာလီဂါပွဲ၆အပြီးမှာစွမ်းဆောင်မှုအကောင်းဆုံးကစားသမားအဖြစ်ရပ်တည်နေခဲ့ပါတယ်။ မာယော့ကာအားအနိုင်ရရှိတဲ့ပွဲစဉ်မှာဘန်ဇီးမားဟာပဥ္စလက်ဆန်တဲ့ထိတွေ့မှုနဲ့ ရီးရဲလ်မက်ဒရစ်အတွက်ပဥ္စမဂိုးကိုသွင်းယူခဲ့ပါတယ်။ ပွဲချိန်၇၇မိနစ်မှာဘန်ဇီးမားဟာကွင်းလယ်တစ်ဝက်စွန်းစွန်းကနေ အလာဘာပေးပို့လိုက်တဲ့ […]

မွေးစားထားတဲ့ခွေးကို အံ့ဩစရာကောင်းတဲ့အမည်ပေးထားတဲ့ ဖီးလ်ဖိုဒန်

September 23, 2021 sportviews 0

မန်စီးတီးဖီးလ်ဖိုဒန်ဟာသူမွေးစားထားတဲ့ခွေးအမည်ကိုလိဂ်ဖလားရဲ့စပွန်ဆာဖြစ်တဲ့ ခါရာဘောင်လို့အမည်ပေးထားကြောင်းသိရပါတယ်။ The Athletic ရဲ့ဖော်ပြချက်အရစတုတ်ပေါ့ခ်ဖွားကစားသမားဟာ ၀၂၀ခုနှစ်ခါရာဘောင်ဖလားဗိုလ်လုပွဲတွင်ဗီလာကိုအနိုင်ရဗိုလ်စွဲပြီးနောက် သူ့ခွေးအမည်ကိုလည်းခါရာဘောင်လို့အမည်ပေးလိုက်တာဖြစ်ပါတယ်။   ၂၀၁၇ခုနှစ်တွင်မန်စီးတီးပထမအသင်းသို့တက်လှမ်းလာပြီးနောက် ဖီးလ်ဖိုဒန်ဟာမန်စီးတီးနှင့်အတူခါရာဘောင်ဖလားအားလေးကြိမ်ဆက်ဆွတ်ခူးထားနိုင်သူလည်းဖြစ်ပါတယ်။ ကြားရက်တုန်းကဝိုင်ကွန်ဘီကို၆-၁ဂိုးဖြင့်အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာလည်း ဂိုးသွင်းနိုင်ခဲ့တဲ့ဖီးလ်ဖိုဒန်ဟာခါရာဘောင်ဖလားနှင့်ကံစပ်တယ်ဆိုပြီ   းသူ့ခွေးအမည်ကိုလည်းခါရာဘောင်လို့အမည်ပေးထားတာဖြစ်ပါတယ်။ တကယ်တော့ပရီးမီးယားလိဂ်မှာဖီးလ်ဖိုဒန်တစ်ယောက်တည်းဘဲ ခွေးချစ်တတ်သူမဟုတ်ပါဘူး။ဒန်နီအင်းစ်၊ဂျက်စီလင်ဂတ်၊ရပ်ရှ်ဖို့ဒ်တို့ဟာလည်း အနည်းဆုံးတစ်ကောင်(သို့မဟုတ်)ခွေးနှစ်ကောင်မွေးစားထားပါတယ်။ အထူးသဖြင့်ပရီးမီးယားလိဂ်စတားများနှင့်စတားဟောင်းများဟာ Chaperone K9 လို့အမည်ရတဲ့ခွေးကုမ္ပဏီထံမှ လုံခြုံရေးခွေးများ ဝယ်ယူမွေးစားကာ အိမ်လုံခြုံရေးအတွက်အကူအညီရယူနေကြတာလည်းဖြစ်ပါတယ်။ ZawGyi […]

မက်ဆီခေတ်အလွန် ဘာစီလိုနာမှာနယ်သာလန်လက်ရွေးစင်ကဘာစီလိုနာရဲ့ရောင်းအားအကောင်းဆုံးအင်္ကျီအဖြစ်ရပ်တည်

September 23, 2021 sportviews 0

လီယွန်နယ်မက်ဆီခေတ်အလွန်တွင်ဘာစီလိုနာရဲ့ရောင်းအားအကောင်းဆုံးအင်္ကျီအဖြစ် မမ်ဖစ်ဒီပေးရဲ့အင်္ကျီကရပ်တည်နေကြောင်းသိရပါတယ်။ နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ဘာစီလိုနာသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ရောက်လာတဲ့နယ်သာလန်လက်ရွေးစင်ဟာ ဘာစီလိုနာရဲ့ရောင်းအားအကောင်းဆုံးအင်္ကျီအဖြစ်ရပ်တည်နေပြီ းသူ့နောက်တွင်ဖရန့်ကီဒီဂျောင်နှင့်အန်ဆူးဖာတီတို့ရဲ့အင်္ကျီတို့ကရပ်တည်နေပါတယ်။ ဒီပေးကဇွန်လတုန်းကမှဘာစီလိုနာသို့ရောက်လာခဲ့ခြင်းဖြစ်ပေမယ့်လည်း ကလပ်အတွက်ကစားတဲ့ပထမဆုံးလေးပွဲတွင်နှစ်ဂိုးသွင်းကာခြေစွမ်းပြနိုင်မှုနဲ့အတူ ဘာစီလိုနာပရိသတ်များအကြားရေပန်းစားတဲ့ကစားသမားဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လက်ရှိအချိန်တွင်ဘာစီလိုနာရဲ့ရောင်းအားအကောင်းဆုံးအင်္ကျီကတော့ လီယွန်နယ်မက်ဆီအမည်ပါကျောနံပါတ်၁၀အင်္ကျီကရပ်တည်နေဆဲဖြစ်ပါတယ်။ မက်ဆီရဲ့အင်္ကျီရောင်းအားကဘာစီလိုနာအင်္ကျီရောင်းအားအားလုံးရဲ့၈၀ရာခိုင်နှုန်းအထိရှိနေပြီး ယူရိုသန်း၂၀မှသန်း၃၀အတွင်းရှာဖွေပေးထားဆဲဖြစ်ပါတယ်။ အင်္ကျီအမျိုးအစားအလိုက်ရောင်းအားအကောင်းဆုံးဘာစီလိုနာအင်္ကျီအဖြစ် လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ကမှကြေညာရောင်းချခဲ့တဲ့တတိယဝတ်စုံကရပ်တည်နေပါတယ်။ ချန်ပီယံလိဂ်ဖလားငါးကြိမ်ရဘာစီလိုနာဟာလီယွန်နယ်မက်ဆီထွက်ခွာသွားပြီးနောက် ကွင်းတွင်းကွင်းပြင်မှာရုန်းကန်နေရပြီးချန်ပီယံလိဂ်တွင်ဘိုင်ယန်မြူးနစ်ကိုအိမ်ကွင်းမှာရှုံးနိမ့်ထားသလို လာလီဂါတွင်လည်းအမှတ်ပေးဇယားအဆင့်၈နေရာတွင်ရပ်တည်နေပါတယ်။ ZawGyi မက်ဆီခေတ်အလွန် ဘာစီလိုနာမှာ ဘယ်သူ့အင်္ကျီကရောင်းအား အကောင်းဆုံးလဲ? လီယွန်နယ်မက်ဆီခေတ်အလွန်တွင်ဘာစီလိုနာရဲ့ရောင်းအားအကောင်းဆုံးအကျ င်္ီအဖြစ်မမ်ဖစ်ဒီပေးရဲ့အင်္ကျီကရပ်တည်နေကြောင်းသိရပါတယ်။ […]

ရော်နယ်ဒိုအိမ်သို့အလည်ရောက်စဉ်အိမ်သို့ဝင်ရောက်လိုက်တဲ့အချိန်မှအကြီးအကျယ်အံ့ဩခဲ့ရတဲ့ရီယိုဖာဒီနန်

September 23, 2021 sportviews 0

မန်ယူဂန္ထဝင်နောက်ခံလူရီယိုဖာဒီနန်ကခရစ္စတီယာနိုရော်နယ်ဒိုသို့ အိမ်သို့အလည်ရောက်စဉ်အိမ်သို့ဝင်ရောက်လိုက်တဲ့အချိန်မှာ ဘာကြောင့် အကြီးအကျယ်အံ့ဩခဲ့ရသလဲဆိုတာ လက်ဝှေ့သမားအန်တိုနီဂျိုရှာနှင့် အပြန်အလှန်စကားပြောကြစဉ်ဖွင့်ဟသွားပါတယ်။ ဂျိုရှာဟာလာမယ့်စနေနေ့မှာသူ့ရဲ့WBO ၊ IBF ၊ WBA ခါးပတ်ကာကွယ်ပွဲအတွက် အိုလက်ဆန်းအူဆိုင်းနှင့်ထိုးသတ်ပါမယ်။ ဂျိုရှာဟာဝီလီယံဟေးလ်ရဲ့YouTube channel မှာရီယိုဖာဒီနန်နှင့် စကားအပြန်အလှန်ပြောခဲ့ကြရာမှာ ရော်နယ်ဒိုကဲ့သို့အသက်၃၆နှစ်အရွယ်ရောက်တဲ့အထိ ထိပ်တန်းအဆင့်တွင်ရှိနေရန်မည်သို့လုပ်ဆောင်သင့်သလဲလို့အကြံတောင်းခဲ့ပါတယ်။ ထိုအခါရီယိုဖာဒီနန်က “သတ္တိရဖို့လိုတယ်လို့ထင်တယ်။လူတွေဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့သတ္တိရှိမှုနဲ့ ပတ်သက်ပြီးတစ်ခါမှမပြောကြပါဘူး သူ့မှာအရဲစွန့်လုပ်ရဲတဲ့သတ္တိရှိတယ် သူကအခြားနိုင်ငံတစ်ခုကရောက်လာသူပါ သူကနဂိုရှိရင်းစွဲအတိုင်းရှိနေဖို့သတ္တိရှိတဲ့သူပါ […]

မြေးဖြစ်သူ ခရစ္စတီယာနိုဂျူနီယာ ရဲ့ခြေစွမ်းက သူ့အဖေငယ်ငယ်တုန်းကထက် ပိုကောင်းတယ်လို့ စီရော်နယ်လ်ဒိုမိခင် ချီးကျူး

September 22, 2021 sportviews 0

  မန်ချက်စတာယူနိုက်တက်အသင်းက ပေါ်တူဂီနာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုရဲ့မိခင်ဖြစ်သူ ဒါလောရက်စ်အဗယ်ရိုက မြေးဖြစ်သူ ခရစ္စတီယာနိုဂျူနီယာလေးရဲ့ခြေစွမ်းက စီရော်နယ်လ်ဒိုငယ်ငယ်တုန်းကထက်တောင် ပိုကောင်းတယ်လို့ ချီးကျူးလိုက်ပါတယ်။ အသက်(၁၁)နှစ်အရွယ်သာရှိသေးသူ ခရစ္စတီယာနိုဂျူနီယာဟာ အဖေဖြစ်သူရဲ့ စနစ်တကျညွှန်ကြားမှုနဲ့အတူ ငယ်စဉ်မှာပဲခြေစွမ်းပြကစားနေပြီး တစ်ချိန်ကျရင် သူ့အဖေလို ထိပ်တန်းအဆင့်ရောက်အောင်ကြိုးစားနေတာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းမှာ စီရော်နယ်လ်ဒိုကစားခဲ့တဲ့နှစ်တွေအတွင်း ဂျူဗင်တပ်စ်ယူ-၉အသင်းအတွက် (၂၃)ပွဲကစား၊ (၅၈)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၁၇)ကြိမ်ပြုလုပ်ခဲ့တဲ့အထိ ခြေစွမ်းပြခဲ့တဲ့ ခရစ္စတီယာနိုဂျူနီယာဟာ […]

မန်ယူကစားသမားဟောင်းများဖြစ်တဲ့ဘီဘီနှင့်ဖယ်ကာအိုတို့ပူးပေါင်းနောက်ကျဂိုးသွင်းယူကာဗယ်လီကာနိုအတွက်နိုင်ပွဲရယူပေးခဲ့ကြ

September 22, 2021 sportviews 0

မန်ယူကစားသမားဟောင်းများဖြစ်တဲ့ဘီဘီနှင့်ရာဒါမယ်ဖယ်ကာအိုတို့ဟာ မနေ့ညတုန်းက ဘီလ်ဘာအိုအား၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှ ာပူးပေါင်းနောက်ကျဂိုးသွင်းယူကာတန်းတက် ဗယ်လီကာနိုအတွက်နိုင်ပွဲရယူပေးခဲ့ကြပါတယ်။ အဆိုပါပွဲစဉ်မှာ El Tigre လို့အမည်ပြောင်ရရှိထားတဲ့ ဖယ်ကာအိုဟာနာကျင်အချိန်ပို၉၅မိနစ်မှာ ဘီဘီရဲ့ဖရီးကစ်ဘောကနေခေါင်းတိုက်ပြီးအနိုင်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ယင်းနိုင်ပွဲမှာဖယ်လီကာနိုအတွက်ယခုရာသီပထမဆုံးနိုင်ပွဲလည်းဖြစ်ပါတယ်။ မန်ယူကနေအငှားဖြင့်ပြောင်းလာပြီးနောက်အပြီးသတ်ပြောင်းခဲ့တဲ့ ဘီဘီဟာဗယ်လီကာနိုအတွက်ပွဲ၁၃၀အထိကစားထားပြီး၁၇ဂိုးသွင်းကာ ၁၅ကြိမ်အထိဖန်တီးထားနိုင်ပါတယ်။ မန်ယူတွင်အငှားဖြင့်လာကစားခဲ့ဖူးတဲ့ ဖယ်ကာအိုဟာလည်းနွေရာသီတွင်ဂါလာတာစာရေးနှင့် စာချုပ်ဖျက်သိမ်းပြီးနောက်ဗယ်လီကာနိုသို့ပြောင်းခဲ့သူဖြစ်ပါတယ်။ ဖယ်ကာအိုဟာဗယ်လီကာနိုအတွက်အရန်အဖြစ် နှစ်ပွဲဝင်ရောက်ကစားထားရာမှာနှစ်ဂိုးအထိသွင်းယူထားနိုင်ပြီ းအကောင်းဆုံးပုံစံပြန်လည်ရရှိလာနေတာလည်းဖြစ်ပါတယ်။ ဘီဘီနှင့်ဖယ်ကာအိုတို့ဟာမန်ယူတွင်ဆုံစည်းခဲ့ကြဖူးပါတယ်။ ါ်တူဂီတောင်ပံကစားသမားဘီဘီဟာမန်ယူသို့ပေါင်၇သန်းဖြင့် ပြောင်းစဉ်တုန်းကမျှော်လင့်ချက်များစွာထားခြင်းခံခဲ့ရပေမယ့် လေးနှစ်အတွင်းတွင်၇ပွဲတည်းသာကစားခွင့်ရရှိခဲ့ပြီ […]