သူ့အနာဂတ်နဲ့ပတ်သက်ပြီးရှင်းလင်းစွာသိရလိုကြောင်း ဆော်ဒီပိုင်ရှင်သစ်များကို စတိဗ်ဘရုစ်တောင်းဆို

နယူးကာဆယ်နည်းပြစတိဗ်ဘရုစ်ကသူ့အနာဂတ်နဲ့

ပတ်သက်ပြီးရှင်းလင်းစွာသိရလိုကြောင်း

ဆော်ဒီပိုင်ရှင်သစ်များကိုတောင်းဆိုလိုက်ပါတယ်။

စတိဗ်ဘရုစ်ဦးဆောင်တဲ့နယူးကာဆယ်ဟာ

ပိုင်ရှင်သစ်များလက်ထက်ပထမဆုံးပွဲအဖြစ်

စပါးစ်နှင့်ရင်ဆိုင်ခဲ့ရာ၃-၂ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

အသက်၆၀နှစ်ရှိစတိဗ်ဘရုစ်ဟာပိုင်ရှင်သစ်များ

ရောက်မလာမီကတည်းကဖိအားများနှင့်

ရင်ဆိုင်နေရသူဖြစ်ပြီးမကြာမီရာထူးမှ

ထုတ်ပယ်ခံရလိမ့်မယ်လို့လည်း

သတင်းပြေးနေပါတယ်။

နယူးကာဆယ်နည်းပြရာထူးအတွက်ဇီဒန်း၊

ဖရန့်လမ်းပတ်၊အန်တိုနီယိုကွန်တီ၊စတီဗင်ဂျရတ်၊

ပေါ်လိုဖွန်ဆီကာတို့ရေပန်းစားနေပါတယ်။

ဘရုစ်က “အခြားလူတွေဆုံးဖြတ်ရမယ့်အရာပါ။

ရေးနေသမျှသတင်းတိုင်းဖတ်နေရင်လည်းဒီနေရာမှ

ာကျွန်တော်ရှိနေမှာမဟုတ်ပါဘူး။ဒါပေမယ့်

ကျွန်တော့်အလုပ်ကရလဒ်ကောင်းရယူဖို့ပါ။

၇ပွဲ၊၈ပွဲလောက်နိုင်ပွဲပျောက်ပြီဆိုရင်

ဖိအားကရောက်လာတာပါပဲ။ကျွန်တော့်ဘက်ကတော့

အဆုံးအထိအကောင်းဆုံးလုပ်သွားပါမယ်။

ကလပ်တိုင်းကတော့သူတို့လုပ်မယ့်အရာတွေနဲ့

ပတ်သက်ပြီးရှင်းရှင်းလင်းလင်းလုပ်ကြပါတယ်။

ပိုင်ရှင်သစ်တွေအပေါ်မှာလေးစားပါတယ်။

ရောမကိုတနေ့တည်းနဲ့တည်ဆောက်လို့မရပါဘူး။

အသင်းကိုတဖြည်းဖြည်းပိုကောင်းအောင်လုပ်ဖို့

ကျွန်တော့်တာဝန်ပါ။နယူးကာဆယ်ကလူတွေက

အသင်းကိုပိုတိုးတက်လာတာမြင်နေချင်ကြပါတယ်”

လို့ပြောကြားခဲ့ပါတယ်။

စတိဗ်ဘရုစ်ဟာစပါးစ်နှင့်ပွဲစဉ်တွင်ပရော်ဖက်ရှင်နယ်

နည်းပြဘဝပွဲ၁၀၀၀ပြည့်ခဲ့သူဖြစ်ပါတယ်။

ZawGyi

 

နယူးကာဆယ္နည္းျပစတိဗ္ဘ႐ုစ္ကသူ႔အနာဂတ္နဲ႔

ပတ္သက္ၿပီးရွင္းလင္းစြာသိရလိုေၾကာင္း

ေဆာ္ဒီပိုင္ရွင္သစ္မ်ားကိုေတာင္းဆိုလိုက္ပါတယ္။

စတိဗ္ဘ႐ုစ္ဦးေဆာင္တဲ့နယူးကာဆယ္ဟာပိုင္ရွင္သစ္မ်ားလက္ထက္ပ

ထမဆုံးပြဲအျဖစ္စပါးစ္ႏွင့္ရင္ဆိုင္ခဲ့ရာ၃-၂ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

အသက္၆၀ႏွစ္ရွိစတိဗ္ဘ႐ုစ္ဟာပိုင္ရွင္သစ္မ်ားေရာက္မလာမီကတည္းက

ဖိအားမ်ားႏွင့္ရင္ဆိုင္ေနရသူျဖစ္ၿပီးမၾကာမီ

ရာထူးမွထုတ္ပယ္ခံရလိမ့္မယ္လို႔လည္းသတင္းေျပးေနပါတယ္။

နယူးကာဆယ္နည္းျပရာထူးအတြက္ဇီဒန္း၊

ဖရန႔္လမ္းပတ္၊အန္တိုနီယိုကြန္တီ၊စတီဗင္ဂ်ရတ္

၊ေပၚလိုဖြန္ဆီကာတို႔ေရပန္းစားေနပါတယ္။

ဘ႐ုစ္က “အျခားလူေတြဆုံးျဖတ္ရမယ့္အရာပါ

။ေရးေနသမွ်သတင္းတိုင္းဖတ္ေနရင္လည္း

ဒီေနရာမွာကြၽန္ေတာ္ရွိေနမွာမဟုတ္ပါဘူး။

ဒါေပမယ့္ကြၽန္ေတာ့္အလုပ္ကရလဒ္ေကာင္းရယူဖို႔ပါ။

၇ပြဲ၊၈ပြဲေလာက္ႏိုင္ပြဲေပ်ာက္ၿပီဆိုရင္ဖိအားကေရာက္လာတာပါပဲ။

ကြၽန္ေတာ့္ဘက္ကေတာ့အဆုံးအထိအေကာင္းဆုံးလုပ္သြားပါမယ္။

ကလပ္တိုင္းကေတာ့သူတို႔လုပ္မယ့္အရာေတြနဲ႔

ပတ္သက္ၿပီးရွင္းရွင္းလင္းလင္းလုပ္ၾကပါတယ္။

ပိုင္ရွင္သစ္ေတြအေပၚမွာေလးစားပါတယ္

ေရာမကိုတေန႔တည္းနဲ႔တည္ေဆာက္လို႔မရပါဘူး

အသင္းကိုတျဖည္းျဖည္းပိုေကာင္းေအာင္လုပ္ဖို႔

ကြၽန္ေတာ့္တာဝန္ပါ။နယူးကာဆယ္ကလူေတြက

အသင္းကိုပိုတိုးတက္လာတာျမင္ေနခ်င္ၾကပါတယ္”

လို႔ေျပာၾကားခဲ့ပါတယ္။

စတိဗ္ဘ႐ုစ္ဟာစပါးစ္ႏွင့္ပြဲစဥ္တြင္ပေရာ္ဖက္ရွင္နယ္နည္းျ

ပဘဝပြဲ၁၀၀၀ျပည့္ခဲ့သူျဖစ္ပါတယ္။

 

sportsviewnews

ေရာမကိုတေန႔တည္းနဲ႔တည္ေဆာက္လို႔မရပါဘူး

sportsviewnews