သမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားလားလို့မေးမြန်းမှုကိုအနှိမ့်ချဆုံးဖြေခဲ့တဲ့မက်ဆီ

လီယွန်နယ်မက်ဆီကသမိုင်းတစ်လျှောက်အကောင်းဆုံး

ကစားသမားဖြစ်လာရန်အတွက်ဘယ်တုန်းကမှ

မကြိုးစားခဲ့ဖူးကြောင်းနှင့်သူ့ရဲ့ဘောလုံးခရီးစဉ်တွင်

ဘုရားသခင်ကအဓိကနေရာမှပါဝင်နေတယ်လို့

ခံစားရကြောင်းပြောကြားလာပါတယ်။

အသက်၃၄နှစ်ရှိမက်ဆီဟာပြီးခဲ့တဲ့အပတ်တနင်္လာနေ့

တုန်းကပဲရစ်တွင် ခုနှစ်ကြိမ်မြောက် Ballon d’Or ဆုကို

ဆွတ်ခူးနိုင်ခဲ့ပါတယ်။ယင်းဆုကိုထပ်မံရရှိလာမှုနဲ့အတူ

ပရိသတ်များအကြား သမိုင်းတစ်လျှောက်အကောင်းဆုံး

ကစားသမားဘယ်သူလဲဆိုတာနဲ့ပတ်သက်ပြီး

ထပ်မံအငြင်းပွားလာပြန်ပါတယ်။

ပရိသတ်တစ်ဖက်ကမက်ဆီကိုသမိုင်းတစ်လျှောက်

အကြီးကျယ်ဆုံးကစားသမားလို့ယုံကြည်နေသလို

တစ်ဖက်ကလည်းခရစ္စတီယာနိုရော်နယ်ဒိုသာ

ဖြစ်တယ်လို့ဆိုနေကြပါတယ်။

ဒါပေမယ့်မက်ဆီကတော့ “ကျွန်တော်ကိုယ်တိုင်

တစ်ခါမှမပြောဖူးသလို တွေးလည်းမတွေးဘူး။

ဒီလိုအတွေးမျိုးတွေးဖို့လည်းမကြိုးစားဖူးဘူး။

ကျွန်တော့်အတွက်ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက

တစ်ဦးလို့ သတ်မှတ်ခံရရင်ပြီးပါပြီ။အခုမေးလာတာနဲ့

ပတ်သက်ပြီးအိပ်မက်လည်းမမက်သလို

တွေးလည်းမတွေးပါဘူး။ဒါကကျွန်တော်စိတ်ဝင်စားတဲ့

အရာမျိုးလည်းမဟုတ်ပါဘူး။ပြောရမယ်ဆိုရင်

ဘာမှအရေးမကြီးပါဘူး။အကောင်းဆုံးဖြစ်လို့ပဲဖြစ်ဖြစ်

မဖြစ်လို့ဘဲဖြစ်ဖြစ်ကျွန်တော့်ကိုဘာမှပြောင်းလဲ

မသွားစေပါဘူး။ဖြစ်လာဖို့လည်းမကြိုးစားပါဘူး”

လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင်မက်ဆီကသူ့ကိုအတုယူဖွယ်စံပြကစားသမားအဖြစ်

ပြောဆိုမှုကိုလည်းမနှစ်သက်ကြောင်းဆိုသွားပါတယ်။

၎င်းက “ကိုယ့်ကိုယ်ကိုစံပြကစားသမားလားဆိုတာ

မသိပါဘူး။ဖြစ်လည်းမဖြစ်ချင်ဘူး။အကြံလည်း

မပေးတတ်ဘူး။ကျွန်တော့်အိပ်မက်တွေအတွက်

တိုက်ပွဲဝင်ခဲ့တယ်။ပထမပရော်ဖက်ရှင်နယ်ကစားသမား

တစ်ဦးဖြစ်လာဖို့တိုက်ခဲ့တယ်။နောက်တော့

ကောင်းသထက်ကောင်းလာဖို့လုပ်တယ်။

နှစ်တိုင်းပန်းတိုင်သစ်ကိုအောင်မြင်အောင်လုပ်တယ်။

ကံကောင်းမှုတွေလည်းပါပါတယ်။ဘုရားသခင်

အပေါ်မှာလည်းမူတည်ပါတယ်။ဘုရားသခင်က

ကျွန်တော့်ကိုဒါတွေဖြစ်လာစေဖို့ရွေးချယ်ခဲ့တယ်လို့

ယုံကြည်ပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

 

လီယြန္နယ္မက္ဆီကသမိုင္းတစ္ေလွ်ာက္အေကာင္းဆုံ

းကစားသမားျဖစ္လာရန္အတြက္ဘယ္တုန္းကမွမႀကိဳးစ

ားခဲ့ဖူးေၾကာင္းႏွင့္သူ႔ရဲ႕ေဘာလုံးခရီးစဥ္တြင္

ဘုရားသခင္ကအဓိကေနရာမွပါဝင္ေနတယ္လို႔ခံစားရေ

ၾကာင္းေျပာၾကားလာပါတယ္။

အသက္၃၄ႏွစ္ရွိမက္ဆီဟာၿပီးခဲ့တဲ့အပတ္တနလၤာေန

႔တုန္းကပဲရစ္တြင္ ခုႏွစ္ႀကိမ္ေျမာက္ Ballon d’Or

ဆုကိုဆြတ္ခူးႏိုင္ခဲ့ပါတယ္။ယင္းဆုကိုထပ္မံရရွိလာမႈနဲ

႔အတူပရိသတ္မ်ားအၾကား သမိုင္းတစ္ေလွ်ာက္အေက

ာင္းဆုံးကစားသမားဘယ္သူလဲဆိုတာနဲ႔ပတ္သက္ၿပီးထ

ပ္မံအျငင္းပြားလာျပန္ပါတယ္။

ပရိသတ္တစ္ဖက္ကမက္ဆီကိုသမိုင္းတစ္ေလွ်ာက္အႀကီး

က်ယ္ဆုံးကစားသမားလို႔ယုံၾကည္ေနသလိုတစ္ဖက္

ကလည္းခရစၥတီယာႏိုေရာ္နယ္ဒိုသာျဖစ္တယ္လို

႔ဆိုေနၾကပါတယ္။

ဒါေပမယ့္မက္ဆီကေတာ့ “ကြၽန္ေတာ္ကိုယ္တိုင္တစ္ခါမွ

မေျပာဖူးသလို ေတြးလည္းမေတြးဘူး။ဒီလိုအေ

တြးမ်ိဳးေတြးဖို႔လည္းမႀကိဳးစားဖူးဘူး။ကြၽ

န္ေတာ့္အတြက္ကမာၻ႔အေကာင္းဆုံးကစားသမာ

းေတြထဲကတစ္ဦးလို႔ သတ္မွတ္ခံရရင္ၿပီးပါၿပီ။အ

ခုေမးလာတာနဲ႔ပတ္သက္ၿပီးအိပ္မက္လည္းမမက္သလိုေ

တြးလည္းမေတြးပါဘူး။ဒါကကြၽန္ေတာ္စိတ္ဝင္

စားတဲ့အရာမ်ိဳးလည္းမဟုတ္ပါဘူး။ေျပာရမယ္ဆိုရင္

ဘာမွအေရးမႀကီးပါဘူး။အေကာင္းဆုံးျဖစ္လို႔ပဲျ

ဖစ္ျဖစ္မျဖစ္လို႔ဘဲျဖစ္ျဖစ္ကြၽန္ေတာ့္ကိုဘာမွေျပာ

င္းလဲမသြားေစပါဘူး။ျဖစ္လာဖို႔လည္းမႀကိဳးစား

ပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္မက္ဆီကသူ႔ကိုအတုယူဖြယ္စံျပကစားသမား

အျဖစ္ေျပာဆိုမႈကိုလည္းမႏွစ္သက္ေၾကာင္

းဆိုသြားပါတယ္။၎က “ကိုယ့္ကိုယ္ကိုစံျပကစားသမား

လားဆိုတာမသိပါဘူး။ျဖစ္လည္းမျဖစ္ခ်င္ဘူး။အႀကံလ

ည္းမေပးတတ္ဘူး။ကြၽန္ေတာ့္အိပ္မက္ေတြအတြက္

တိုက္ပြဲဝင္ခဲ့တယ္။ပထမပေရာ္ဖက္ရွင္နယ္ကစားသမားတစ္ဦ

းျဖစ္လာဖို႔တိုက္ခဲ့တယ္။ေနာက္ေတာ့ေကာင္းသ

ထက္ေကာင္းလာဖို႔လုပ္တယ္။ႏွစ္တိုင္းပန္းတိုင္သစ္ကိုေ

အာင္ျမင္ေအာင္လုပ္တယ္။ကံေကာင္းမႈေတြလည္

းပါပါတယ္။ဘုရားသခင္အေပၚမွာလည္းမူတည္ပါတယ္။

ဘုရားသခင္ကကြၽန္ေတာ့္ကိုဒါေတြျဖစ္လာေစဖို႔ေ႐ြ

းခ်ယ္ခဲ့တယ္လို႔ယုံၾကည္ပါတယ္”လို႔ေျပာၾကားသြ

ားပါတယ္။

 

sportsviewnews