လွန်ခဲ့တဲ့၈နှစ်က delivery သမားဖြစ်ခဲ့တဲ့ အက်သလက်တီကိုနဲ့ပွဲမှအေစီရဲ့အနိုင်ဂိုးရှင်
အက်သလက်တီကိုနဲ့ပွဲမှာ အေစီမီလန်အတွက်
တစ်လုံးတည်းသောနောက်ကျအနိုင်ဂိုးသွင်းခဲ့တဲ့
မက်ဆီးယက်ဂျူနီယာအတွက် အဲဒီဂိုးဟာ အိပ်မက်ဆန်ခဲ့ပါတယ်။
ချန်ပီယံလိဂ်လိုပြိုင်ပွဲကြီးမှာ သူ ဒီလိုဂိုးသွင်းနိုင်မယ်လို့
ဘယ်တုန်းကမှ ထင်ထားမှာ မဟုတ်ပါဘူး။
အဲဒီပွဲမှာ မက်ဆီးယက်ဟာ ဒုတိယပိုင်း ၆၅ မိနစ်
ရောက်မှ လူစားဝင်လာတာပါ။
သူ့ကစားသမားဘဝရဲ့ချန်ပီယံလိဂ်ပွဲဦးထွက်လိုဆိုရင်လည်း
မမှားပါဘူး။အသက် ၃၀ အရွယ်ရောက်မှ ချန်ပီယံလိဂ်မှ
ာ ပွဲဦးထွက်ခွင့်ရပြီး ပြဇာတ်ဆန်ဆန်နဲ့ပဲ
ပွဲဦးထွက်မှာ သူရဲကောင်းဖြစ်ခဲ့တာပါ။
၈၇ မိနစ်မှာ ကက်ဆီးရဲ့ဖြတ်တင်ဘောကို သူခေါင်းတိုက်သွင်းလိုက်တော့
အရန်ခုံက အေစီကစားသမားတွေတောင် ခုန်ပေါက်အောင်ပွဲခံခဲ့ကြပြီး
သူတို့ရဲ့အောင်ပွဲခံမှုဆီ နည်းပြပီအိုလီတောင် လာရောက်ပူးပေါင်းခဲ့ပါတယ်။
အုပ်စုတွင်းမှာ အေစီမီလန်ရဲ့ပထမဆုံးနိုင်ပွဲဖြစ်လာခဲ့ပြီး
အုပ်စုနောက်ဆုံးပွဲစဉ်မရောက်ခင် ရှုံးထွက်အဆင့်အိပ်မက်မက်ခွင့်ရသွားခဲ့တာပါ။
အဲဒီအိပ်မက်ကို အသက်သွင်းခဲ့တဲ့ မက်ဆီးယက်ဟာ
လွန်ခဲ့တဲ့ ၈ နှစ်က delivery သမားတစ်ယောက်အဖြစ်
လုပ်ကိုင်ခဲ့ရတယ်လို့ဆိုရင် ပိုလို့တောင် မယုံနိုင်စရာကောင်းပါတယ်။
လွန်ခဲ့တဲ့နှစ်အနည်းငယ်ကပဲ အပျော်တမ်းအဆင့်မှာ ကန်နေရတဲ့
မက်ဆီးယက်အတွက် မယုံနိုင်စရာ ကံကြမ္မာအပြောင်းအလဲလည်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၄ နှစ်ကပဲ သူဟာ အီတလီဘောလုံးရဲ့စတုတ္ထတန်းဖြစ်တဲ့
ဆီမီးပရိုအသင်းတစ်သင်းမှာ ကစားနေတာပါ။အသက် ၂၀ ကျော်
အရွယ်မှာ ဘရာဇီးကနေ အီတလီကို ပြောင်းလာတုန်းက
မက်ဆီးယက်ဟာ အဲဒီအရင် ပရိုဘောလုံးမကစားဖူးပါဘူး။
၂၀၁၁ မှာ အလုပ်ရှာဖို့ အီတလီကိုရောက်လာခဲ့ပြီး တူရင်က
အသုံးအဆောင်ပစ္စည်းစတိုးတစ်ခုမှာ အလုပ်စရခဲ့တာပါ။
ပရိုစာချုပ်ချုပ်နိုင်ဖို့ အားလပ်ရက်ဖြစ်တဲ့ စနေ၊တနင်္ဂနွေမှာ
အပျော်တမ်းပွဲတွေကစားရင်း တိုက်ပွဲဝင်ခဲ့ရတယ်။
လွန်ခဲ့တဲ့ ၄ နှစ်ကမှ စီးရီးဒီမှာ ကစားခွင့်ရပြီး အခုတော့
အေစီမီလန်ရဲ့ချန်ပီယံလိဂ်သူရဲကောင်းဖြစ်နေပါတယ်။
ဒါပေမဲ့ မက်ဆီးယက်ဟာ စီးရီးအေကလပ်ခရိုတိုနီကနေ
အငှားလာကစားနေတာဖြစ်ပြီး ဒီရာသီမှာ အေစီအတွက်
၃ ပွဲသာ ကစားခွင့်ရပါသေးတယ်။
zawgyi
သူ့ကစားသမားဘဝရဲ့ချန်ပီယံလိဂ်ပွဲဦးထွက်လို့ ဆိုရင်လည်း မမှားပါဘူး။
င်ပွဲဖြစ်လာခဲ့ပြီး အုပ်စုနောက်ဆုံးပွဲစဉ်မရောက်ခင် ရှုံးထွက်အဆင်အိပ်မက်မ
ဖစ်တဲ့ စနေ၊တနင်္ဂနွေမှာ အပျော်တမ်းပွဲတွေကစားရင်း တိုက်ပွဲဝင်ခဲ့ရတယ်။
sportsviewnews
sportsviewnews