လုပ်ပွဲမဖြစ်လာစေရန်Own Goal နှစ်ဂိုးသွင်းခဲ့တဲ့ဂါနာနောက်ခံလူလုပ်ပွဲကစားမှုနဲ့စွဲချက်တင်ခံလိုက်ရ

ဂါနာနောက်ခံလူတစ်ဦးဟာလုပ်ပွဲအစီအစဉ်မဖြစ်မြောက်လာစေရန်အတွက်

ကိုယ့်ဂိုးကို နှစ်ဂိုးတိတိ တမင်ရည်ရွယ်ချက်ရှိရှိသွင်းခဲ့ပေမယ့်လည်း

နောက်ဆုံးတွင်သူကိုယ်တိုင်သာလျှင်

လုပ်ပွဲကစားမှုဖြင့်စွဲချက်တင်ခြင်းခံလိုက်ရပါတယ်။

ဇူလိုင်လတုန်းက Inter Allies ဗဟိုနောက်ခံလူဟတ်ရှ်မင်းမူဆာဟာ

Ashanti Goal နှင့်ဂါနာပရီးမီးယားလိဂ်ပွဲစဉ်တွင်

နှစ်ဂိုးတိတိ ကိုယ့်ဂိုးကိုသွင်းခဲ့တာဖြစ်ပါတယ်။

သူဟာသူ့အသင်း ၅-၀ဂိုးဖြင့်ရှုံးနိမ့်နေချိန်တွင်

လူစားဝင်ရောက်ကစားပြီးနောက်

ကိုယ့်ဂိုးကို၂ဂိုးသွင်းခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့်၎င်းကယင်းပွဲကိုအသင်းတာဝန်ရှိသူများက

၅-၁ရလဒ်ဖြင့်လုပ်ပွဲကစားထားမှုကြောင့်ယင်းရလဒ်

မဖြစ်လာစေရန်အတွက်ကိုယ်ဂိုးကိုနှစ်ဂိုးသွင်းခဲ့တာလို့ဆိုသွားပါတယ်။

မူဆာက “နည်းပြကိုလူစားဝင်ရောက်ကစားခွင့်ရမယ်ဆိုရင်လောင်းကြေးပျက်အောင်

လုပ်မယ်လို့ကတိပေးခဲ့ပါတယ်။ပွဲပြီးတော့အသင်းမှာရှိတဲ့

ကစားသမားတွေအားလုံးကကျွန်တော့်ကိုဂုဏ်ပြုကြပါတယ်။

အသင်းဟိုတယ်မှာတုန်းကဒီပွဲကို၅-၁ရလဒ်ထွက်အောင်

လောင်းထားတယ်လို့ကြားခဲ့ရပါတယ်။ကျွန်တော်က

လောင်းကစားအားမပေးတော့ပျက်အောင်လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။

ပွဲပြီးတော့နည်းစနစ်အသင်းကသူတို့လောင်းကြေးပျက်သွားလို့

ကျွန်တော့်ကိုဒေါသထွက်ကြပါတယ်”လို့ဆိုသွားပါတယ်။

ဂါနာဘောလုံးအဖွဲ့ချုပ်ကအထက်ပါပွဲကိုစစ်ဆေးများပြုလုပ်ပြီးနောက်

မူဆာအပါအဝင်နှစ်ဖက်အသင်းမှကစားသမား၁၈ဦးတို့မှာလုပ်ပွဲတွင်

ပါဝင်ပတ်သက်နေကြောင်းစစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ဒါ့အပြင်နှစ်ဖက်အသင်းမှနည်းပြတစ်ဦး၊ဥက္ကဌတစ်ဦး၊

အမှုဆောင်ချုပ်တစ်ဦးတို့လုပ်ပွဲတွင်ပါဝင်နေကြောင်းစစ်ဆေးတွေ့ရပါတယ်။

Inter Allies မှမူဆာအပါအဝင်ကစားသမားသုံးဦးတို့

လုပ်ပွဲတွင်ပါဝင်ပြီး Ashanti Gold မှ

ကစားသမား၁၅ဦးအထိလုပ်ပွဲတွင်ပါဝင်နေပါတယ်။

ZawGyi

လုပ္ပြဲမျဖစ္လာေစရန္အတြက္ Own Goal ႏွစ္ဂိုးသြင္းခဲ့တဲ့ ဂါနာေနာက္ခံလူ လုပ္ပြဲကစားမႈနဲ႔ စြဲခ်က္တင္ခံရ

ဂါနာေနာက္ခံလူတစ္ဦးဟာလုပ္ပြဲအစီအစဥ္မျဖစ္ေျမာက္လာေစရန္အတြက္

ကိုယ့္ဂိုးကို ႏွစ္ဂိုးတိတိ တမင္ရည္႐ြယ္ခ်က္ရွိရွိသြင္းခဲ့ေပမယ့္လ

ည္းေနာက္ဆုံးတြင္သူကိုယ္တိုင္သာလွ်င္လုပ္ပြဲကစားမႈျဖင့္စြဲခ်က္တင္ျခင္းခံလိုက္ရပါတယ္။

ဇူလိုင္လတုန္းက Inter Allies ဗဟိုေနာက္ခံလူဟတ္ရွ္မင္းမူဆာဟာ

Ashanti Goal ႏွင့္ဂါနာပရီးမီးယားလိဂ္ပြဲစဥ္တြင္ႏွစ္ဂိုးတိတိ

ကိုယ့္ဂိုးကိုသြင္းခဲ့တာျဖစ္ပါတယ္။

သူဟာသူ႔အသင္း ၅-၀ဂိုးျဖင့္ရႈံးနိမ့္ေနခ်ိန္တြင္လူစားဝ

င္ေရာက္ကစားၿပီးေနာက္ကိုယ့္ဂိုးကို၂ဂိုးသြင္

းခဲ့တာလည္းျဖစ္ပါတယ္။

ဒါေပမယ့္၎ကယင္းပြဲကိုအသင္းတာဝန္ရွိသူမ်ားက၅-၁ရလ

ဒ္ျဖင့္လုပ္ပြဲကစားထားမႈေၾကာင့္ယင္းရလဒ္မျဖစ္လာေစရန္အတြ

က္ကိုယ္ဂိုးကိုႏွစ္ဂိုးသြင္းခဲ့တာလို႔ဆိုသြားပါတယ္။

မူဆာက “နည္းျပကိုလူစားဝင္ေရာက္ကစားခြင့္ရမယ္ဆိုရင္ေလာင္

းေၾကးပ်က္ေအာင္ လုပ္မယ္လို႔ကတိေပးခဲ့ပါတယ္။ပြဲၿပီးေတာ့အ

သင္းမွာရွိတဲ့ကစားသမားေတြအားလုံးကကြၽန္ေတာ့္ကိုဂုဏ္ျပဳၾကပါတယ္။

အသင္းဟိုတယ္မွာတုန္းကဒီပြဲကို၅-၁ရလဒ္ထြက္ေအာင္ေလာင္းထားတယ္လို

႔ၾကားခဲ့ရပါတယ္။ကြၽန္ေတာ္ကေလာင္းကစားအားမေပးေတာ့ပ်

က္ေအာင္လုပ္ဖို႔ဆုံးျဖတ္ခဲ့ပါတယ္။ပြဲၿပီးေတာ့နည္းစနစ္အသင္းက

သူတို႔ေလာင္းေၾကးပ်က္သြားလို႔ကြၽန္ေတာ့္

ကိုေဒါသထြက္ၾကပါတယ္”လို႔ဆိုသြားပါတယ္။

 

ဂါနာေဘာလုံးအဖြဲ႕ခ်ဳပ္ကအထက္ပါပြဲကိုစစ္ေဆးမ်ားျပဳလုပ္ၿပီးေနာက္မူဆာအပါအဝင္

ႏွစ္ဖက္အသင္းမွကစားသမား၁၈ဦးတို႔မွာလုပ္ပြဲတြင္ပါဝင္ပတ္သက္ေနေၾ

ကာင္းစစ္ေဆးေတြ႕ရွိခဲ့ပါတယ္။ဒါ့အျပင္ႏွစ္ဖက္အသင္းမွနည္းျပတစ္ဦး

၊ဥကၠဌတစ္ဦး၊အမႈေဆာင္ခ်ဳပ္တစ္ဦးတို႔လုပ္ပြဲတြင္ပါဝင္ေနေၾကာင္

းစစ္ေဆးေတြ႕ရပါတယ္။ Inter Allies မွမူဆာအပါအဝင္ကစာ

းသမားသုံးဦးတို႔လုပ္ပြဲတြင္ပါဝင္ၿပီး Ashanti Gold မွကစားသ

မား၁၅ဦးအထိလုပ္ပြဲတြင္ပါဝင္ေနပါတယ္။

sportsviewnews

sportsviewnews