ယာယီနည်းပြအတွက် ချယ်လ်ဆီးကမ်းလှမ်းတုန်းကငြင်းဆန်ခဲ့ပြီး ယူနိုက်တက်နဲ့မှရန်းနစ်လက်ခံခဲ့

ယူနိုက်တက်ဟာ လိုက်ပ်ဇစ်အသင်း နည်းပြဟောင်း ရန်းနစ်ကို

အသင်းရဲ့ယာယီ နည်းပြအဖြစ် (၆) လ စာချုပ်နဲ့ သဘောတူညီမှု

ရသွားခဲ့ပြီး မကြာမီအချိန်အတွင်း တရားဝင် ကြေငြာမယ်လို့

သိရပါတယ်။’ယူနိုက်တက်အသင်း မတိုင်ခင် ချယ်လ်ဆီးအသင်းကလည်း

ရန်းနစ်ကိုယခုနှစ် ဇန်နဝါရီလောက်တုန်းက အသင်းရဲ့ ယာယီ

နည်းပြအဖြစ် ကမ်းလှမ်းခဲ့ပေမယ့် ရန်းနစ်ဘက်က ပြတ်ပြတ်သားသား

ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။” ကျွန်တော်က ယာယီနည်းပြ

မဟုတ်ဘူးဗျ။ကျွန်တော့်လိုလူကကစားသမားတွေ နဲ့ လေး ၊

ငါးလလောက်ပဲ အလုပ်လုပ်ပြီး လမ်းခွဲရမယ့်နည်းပြမျိုးလို့

ထင်နေတာလား ” ဆိုပြီး ရန်းနစ် ကိုယ်တိုင် အဲ့ဒီအချိန်တုန်းကပြောဆိုခဲ့တာပါ။

ဒါပေမယ့် ယူနိုက်တက်အသင်းဘက်က ယာယီနည်းပြ အဖြစ်

ကမ်းလှမ်းချိန်မှာတော့ လက်ခံခဲ့တဲ့ ရန်းနစ် ရဲ့ ဆုံးဖြတ်ချက်က

စိတ်ဝင်စားစရာကောင်းနေခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလို ရန်းနစ်ဘက်က လက်ခံချင်လာအောင်လည်း ယူနိုက်တက်ဘက်က

အရေးပါတဲ့ ကမ်းလှမ်းမှု တစ်ခုကို ထည့်သွင်းပြုလုပ်ခဲ့တာပါ။

အဲ့ဒါကတော့ ရန်းနစ်ကို ယာယီနည်းပြအဖြစ် (၆) လစာချုပ် ချုပ်ပြီး

အဆိုပါစာချုပ် ကုန်ဆုံးပါက အသင်းရဲ့ အတိုင်ပင်ခံရာထူးအတွက်

(၂) နှစ်စာချုပ်ချုပ်ဆိုမယ်ဆိုတဲ့ ကမ်းလှမ်းမှုဖြစ်ပြီး အဆိုပါ အကြို

သဘောတူညီမှုကြောင့်ပဲရန်းနစ်ဟာ ယူနိုက်တက်ရဲ့ ယာယီနည်းပြ

ရာထူးကို လက်ခံခဲ့တာဖြစ်ပါတယ်။ယူနိုက်တက်ဟာ ရန်းနစ်ကို

ယာယီနည်းပြအဖြစ် ပထမအကြိမ်ကမ်းလှမ်းခဲ့တုန်းကပယ်ချခံခဲ့ရပြီး

နောက်တစ်ကြိမ် ကမ်းလှမ်းမှုပါ အဆိုပါ ကမ်းလှမ်းချက်ကိုထည့်သွင်းခဲ့တာ

ဖြစ်တယ်လို့လည်းသိရပါတယ်။

ဒါကြောင့် ရန်းနစ်ကို ယာယီနည်းပြအဖြစ် ယူနိုက်တက်တို့ ခေါ်ယူနိုင်မှုမှာ

အတိုင်ပင်ခံ ရာထူးအတွက် ကမ်းလှမ်းချက်က ပိုပြီး အဓိက ကျခဲ့တယ်လို့

ဆိုရမှာပါ။ရန်းနစ်ဟာ အလုပ်ပါမစ်ကြောင့် တနင်္ဂနွေနေ့ညမှာ

ကစားမယ့် ချယ်လ်ဆီးအသင်းနဲ့ ပွဲစဥ်ကို တာဝန်ယူ ကိုင်တွယ်နိုင်ဦးမှာ

မဟုတ်သေးဘဲ အဆိုပါပွဲစဥ်ကိုတော့ လက်ရှိ ယာယီနည်းပြ မိုက်ကယ်ကာရစ်က

ဆက်လက်တာဝန်ယူမှာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ

အမြဲတမ်းနည်းပြအဖြစ်ခန့်အပ်ဖို့အတွက် ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုကို

အဓိက ပစ်မှတ်ထားနေဆဲဖြစ်ပြီး လာမယ့် နွေရာသီမှာ အရခေါ်ယူဖို့

ကြိုးပမ်းမယ်လို့သိရပါတယ်။

 

zawgyi

 

ယူႏိုက္တက္ဟာ လိုက္ပ္ဇစ္အသင္း နည္းျပေဟာင္း ရန္းနစ္ကို အသင္းရဲ႕

ယာယီ နည္းျပအျဖစ္ (၆) လ စာခ်ဳပ္နဲ႔ သေဘာတူညီမႈ ရသြားခဲ့ၿပီး

မၾကာမီအခ်ိန္အတြင္း တရားဝင္ ေၾကျငာမယ္လို႔ သိရပါတယ္။’

ယူႏိုက္တက္အသင္း မတိုင္ခင္ ခ်ယ္လ္ဆီးအသင္းကလည္း ရန္းနစ္ကို

ယခုႏွစ္ ဇန္နဝါရီေလာက္တုန္းက အသင္းရဲ႕ ယာယီနည္းျပအျဖစ္

ကမ္းလွမ္းခဲ့ေပမယ့္ ရန္းနစ္ဘက္က ျပတ္ျပတ္သားသား ျငင္းပယ္ခဲ့

တာျဖစ္ပါတယ္

” ကြၽန္ေတာ္က ယာယီနည္းျပ မဟုတ္ဘူးဗ်

ကြၽ

န္ေတာ့္လိုလူကကစားသမားေတြ နဲ႔ ေလး ၊ ငါးလေလာက္ပဲ

အလုပ္လုပ္ၿပီး လမ္းခြဲရမယ့္နည္းျပမ်ိဳးလို႔ ထင္ေနတာလား ”

ဆိုၿပီး ရန္းနစ္ ကိုယ္တိုင္ အဲ့ဒီအခ်ိန္တုန္းကေျပာဆိုခဲ့တာပါ။

ဒါေပမယ့္ ယူႏိုက္တက္အသင္းဘက္က ယာယီနည္းျပ အျဖစ္

ကမ္းလွမ္းခ်ိန္မွာေတာ့ လက္ခံခဲ့တဲ့ ရန္းနစ္ ရဲ႕ ဆုံးျဖတ္ခ်က္က

စိတ္ဝင္စားစရာေကာင္းေနခဲ့တာျဖစ္ပါတယ္။

အဲ့ဒီလို ရန္းနစ္ဘက္က လက္ခံခ်င္လာေအာင္လည္း ယူႏိုက္တက္ဘက္က

အေရးပါတဲ့ ကမ္းလွမ္းမႈ တစ္ခုကို ထည့္သြင္းျပဳလုပ္ခဲ့တာပါ။

အဲ့ဒါကေတာ့ ရန္းနစ္ကို ယာယီနည္းျပအျဖစ္ (၆) လစာ ခ်ဳပ္ ခ်ဳပ္ၿပီး

အဆိုပါစာခ်ဳပ္ ကုန္ဆုံးပါက အသင္းရဲ႕ အတိုင္ပင္ခံရာထူးအတြက္

(၂) ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုမယ္ဆိုတဲ့ ကမ္းလွမ္းမႈျဖစ္ၿပီး အဆိုပါ အႀကိဳ

သေဘာတူညီမႈေၾကာင့္ပဲရန္းနစ္ဟာ ယူႏိုက္တက္ရဲ႕ ယာယီနည္းျပ

ရာထူးကို လက္ခံခဲ့တာျဖစ္ပါတယ္။ယူႏိုက္တက္ဟာ ရန္းနစ္ကို ယာယီနည္းျ

ပအျဖစ္ ပထမအႀကိမ္ကမ္းလွမ္းခဲ့တုန္းကပယ္ခ်ခံခဲ့ရၿပီး

ေနာက္တစ္ႀကိမ္ ကမ္းလွမ္းမႈပါ အဆိုပါ ကမ္းလွမ္းခ်က္ကို

ထည့္သြင္းခဲ့တာျဖစ္တယ္လို႔လည္းသိရပါတယ္။

ဒါေၾကာင့္ ရန္းနစ္ကို ယာယီနည္းျပအျဖစ္ ယူႏိုက္တက္တို႔

ေခၚယူႏိုင္မႈမွာအတိုင္ပင္ခံ ရာထူးအတြက္ ကမ္းလွမ္းခ်က္က ပိုၿပီး

အဓိက က်ခဲ့တယ္လို႔ဆိုရမွာပါ။ရန္းနစ္ဟာ အလုပ္ပါမစ္ေၾကာင့္

တနဂၤေႏြေန႔ညမွာ ကစားမယ့္ ခ်ယ္လ္ဆီးအသင္းနဲ႔ ပြဲစဥ္ကို တာဝန္ယူ

ကိုင္တြယ္ႏိုင္ဦးမွာ မဟုတ္ေသးဘဲ အဆိုပါပြဲစဥ္ကိုေတာ့ လက္ရွိ

ယာယီနည္းျပ မိုက္ကယ္ကာရစ္က ဆက္လက္တာဝန္ယူမွာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ အၿမဲတမ္းနည္းျပအျဖစ္ခန႔္အပ္ဖို႔အတြက္

ပီအက္စ္ဂ်ီနည္းျပ ပိုခ်က္တီႏိုကိုစာ အဓိက ပစ္မွတ္ထားေနဆဲျဖစ္ၿပီး

လာမယ့္ ေႏြရာသီမွာ အရေခၚယူဖို႔ ႀကိဳးပမ္းမယ္လို႔သိရပါတယ္။

 

sportsviewnews

တာျဖစ္ပါတယ္

” ကြၽန္ေတာ္က ယာယီနည္းျပ မဟုတ္ဘူးဗ်

ကြၽ

sportsviewnews