ဝိန်းရွန်းနီရဲ့မှတ်တမ်းရုပ်ရှင်ကားကို Trailer ကိုတင်ဆက်လာပြီဖြစ်တဲ့ Amazon Prime

Amazon Prime ကဝိန်းရွန်းနီရဲ့မှတ်တမ်းရုပ်ရှင်ကားကို

Trailer ကိုတင်ဆက်လာပြီဖြစ်ပါတယ်။အဲဗာတန်၊

မန်ယူနှင့်အင်္ဂလန်တိုက်စစ်မှူးဟောင်းဟာ

မန်ယူကစားသမားဘဝအား ဖီနာဘာချီနှင့်

ချန်ပီယံလိဂ်ပွဲစဉ်မှာဟက်ထရစ်သွင်းယူပြီး

လှပစွာကန့်လန့်ကာဖွင့်လှစ်နိုင်ခဲ့သလို

အိုးထရက်ဖို့ဒ်တွင်ကစားစဉ်အတွင်း

ပရီးမီးယားလိဂ်ဖလားငါးကြိမ်၊

ချန်ပီယံလိဂ်ဖလား၁ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာမန်ယူအတွက်ဂိုးပေါင်း၂၅၀သွင်းယူကာ

ကလပ်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်

သမိုင်းမှတ်တမ်းရေးထိုးခဲ့ပါတယ်။ဒါ့အပြင်

သူဟာပရီးမီးယားလိဂ်ဂိုး၁၈၃ဂိုးသွင်းခဲ့ကာ

ကလပ်တစ်ခုတည်းအတွက်ပရီးမီးယားလိဂ်

ဂိုးအများဆုံးသွင်းယူသူအဖြစ်လည်း

မှတ်တမ်းရေးထိုးနိုင်ခဲ့သူဖြစ်ပါတယ်။

သူဟာပရီးမီးယားလိဂ်သမိုင်းမှာဂိုး၂၀၀အထက်နှင့်

ဖန်တီးမှု၁၀၀အထက်ပြုလုပ်နိုင်ခဲ့တဲ့တစ်ဦးတည်းသော

ကစားသမားလည်းဖြစ်သလိုပရီးမီးယားလိဂ်

သမိုင်းမှာအလန်ရှီးယားပြီးရင်ဂိုးအများဆုံ

းသွင်းယူသူအဖြစ်ရပ်တည်နေသူပါ။

 

သူဟာကစားသမားဘဝတစ်လျှောက်

အနိုင်လိုစိတ်ပြင်းထန်တဲ့ကစားဟန်ကြောင့်ဖြင့်

နာမည်ကြီးခဲ့သလိုအောင်မြင်မှုများစွာရရှိခဲ့ပေမယ့်

ကွင်းတွင်း/ကွင်းပြင်မှတ်မိချင်စရာ

မကောင်းတဲ့ဖြစ်ရပ်တွေလည်းကြုံခဲ့ရသူပါ။

အထက်ပါအဖြစ်အပျက်များကို ဝိန်းရွန်းနီအကြောင်းကို

Amazon Prime မှတ်တမ်းရုပ်ရှင်မှာမြင်တွေ့ရမှာလည်

းဖြစ်ပါတယ်။ရွန်းနီရဲ့Amazon Prime

မှတ်တမ်းရုပ်ရှင်မှာ မည်သူမှမမြင်ဖူးသေးတဲ့

ဝိန်းရွန်းနီရဲ့ငယ်စဉ်တုန်းကဗီဒီယို

မှတ်တမ်းအချို့လည်းပါဝင်ပါတယ်။

သူ့ငယ်စဉ်ဘဝနဲ့ပတ်သက်ပြီးရွန်းနီက

“ကျုပ်ကခရောက်စ်တက်မှာကြီးလာတာ။

ခင်ဗျားသာအဲဒီကလူတစ်ယောက်ဆိုရင်

အဲဒီနေရာကိုပြဿနာဖြစ်လေ့ဖြစ်ထရှိတဲ့နေရာလို့

ထင်မှာမဟုတ်ပါဘူး။ဒါပေမယ့်ကျုပ်ကတော့

အဖေနဲ့ပြဿနာတွေအများကြီးတက်ခဲ့တယ်။

သူဟာကျုပ်ကိုပါးရိုက်ခဲ့တယ်။ကျုပ်ကလည်း

ယဉ်ကျေးလိမ္မာတဲ့ကလေးတစ်ယောက်

မဟုတ်ခဲ့ပါဘူး။ငယ်ငယ်တုန်းက

ရန်အများကြီးဖြစ်ခဲ့ဖူးတယ်”လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ရွန်းနီဟာ Amazon Prime မှတ်တမ်းရုပ်ရှင်တွင်

ကစားသမားဘဝတုန်းကမန်ယူနှင့်အင်္ဂလန်အသင်

းခေါင်းဆောင်ဖြစ်တာနဲ့အညီအောင်မြင်မှုရရှိရေး

အတွက်ဖိအားများစွာမြင့်မားမှုကြောင့်

စိတ်ကျန်းမာရေးပြဿနာနှင့်ကြုံခဲ့ရပြီး

ကုသမှုခံယူခဲ့ရကြောင်းလည်းဖွင့်ဟသွားပါတယ်။

ရွန်းနီရဲ့ Amazon Prime မှတ်တမ်းရုပ်ရှင်ကို

လာမယ့်၂၀၂၂ခုနှစ်မှာထုတ်လွှင့်ပြသသွားပါမယ်။

ZawGyi

 

Amazon Prime ကဝိန္း႐ြန္းနီရဲ႕မွတ္တမ္

း႐ုပ္ရွင္ကားကို Trailer ကိုတင္ဆက္လာၿပီျဖစ္ပါတယ္။

အဲဗာတန္၊မန္ယူႏွင့္အဂၤလန္တိုက္စစ္မႉးေဟာင္းဟာမန္ယူ

ကစားသမားဘဝအား ဖီနာဘာခ်ီႏွင့္ခ်န္ပီယံလိဂ္ပြဲစဥ္မွာဟ

က္ထရစ္သြင္းယူၿပီးလွပစြာကန႔္လန႔္ကာဖြင့္လွစ္ႏိုင္ခဲ့သလို

အိုးထရက္ဖို႔ဒ္တြင္ကစားစဥ္အတြင္းပရီးမီးယားလိဂ္ဖလား

ငါးႀကိမ္၊ခ်န္ပီယံလိဂ္ဖလား၁ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

သူဟာမန္ယူအတြက္ဂိုးေပါင္း၂၅၀သြင္းယူကာက

လပ္သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္သမိုင္းမွတ္တမ္

းေရးထိုးခဲ့ပါတယ္။ဒါ့အျပင္သူဟာပရီးမီးယားလိဂ္ဂိုး၁

၈၃ဂိုးသြင္းခဲ့ကာကလပ္တစ္ခုတည္းအတြက္ပရီးမီးယ

ားလိဂ္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္လည္းမွတ္တမ္းေရးထိုးႏိုင္ခဲ့သူျဖစ္ပါတယ္။

သူဟာပရီးမီးယားလိဂ္သမိုင္းမွာဂိုး၂၀၀အထက္ႏွင့္ဖန္တီး

မႈ၁၀၀အထက္ျပဳလုပ္ႏိုင္ခဲ့တဲ့တစ္ဦးတည္းေသာကစ

ားသမားလည္းျဖစ္သလိုပရီးမီးယားလိဂ္သမိုင္းမွာ

အလန္ရွီးယားၿပီးရင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနသူပါ။

သူဟာကစားသမားဘဝတစ္ေလွ်ာက္ အႏိုင္လိုစိတ္ျ

ပင္းထန္တဲ့ကစားဟန္ေၾကာင့္ျဖင့္နာမည္ႀကီးခဲ့သ

လိုေအာင္ျမင္မႈမ်ားစြာရရွိခဲ့ေပမယ့္

ကြင္းတြင္း/ကြင္းျပင္မွတ္မိခ်င္စရာ

မေကာင္းတဲ့ျဖစ္ရပ္ေတြလည္းႀကဳံခဲ့ရသူပါ။

အထက္ပါအျဖစ္အပ်က္မ်ားကို ဝိန္း႐ြန္းနီအေၾကာင္းကို

Amazon Prime မွတ္တမ္း႐ုပ္ရွင္မွာျမင္ေတြ႕ရမွာလည္

းျဖစ္ပါတယ္။႐ြန္းနီရဲ႕Amazon Prime မွတ္တမ္း႐ုပ္ရွင္မွ

ာ မည္သူမွမျမင္ဖူးေသးတဲ့ဝိန္း႐ြန္းနီရဲ႕ငယ္စဥ္တုန္းက

ဗီဒီယိုမွတ္တမ္းအခ်ိဳ႕လည္းပါဝင္ပါတယ္။

သူ႔ငယ္စဥ္ဘဝနဲ႔ပတ္သက္ၿပီး႐ြန္းနီက “က်ဳပ္ကခေရာက္စ္တက္မွာ

ႀကီးလာတာ။ခင္ဗ်ားသာအဲဒီကလူတစ္ေယာက္ဆိုရင္အဲ

ဒီေနရာကိုျပႆနာျဖစ္ေလ့ျဖစ္ထရွိတဲ့ေနရာလို႔

ထင္မွာမဟုတ္ပါဘူး။ဒါေပမယ့္က်ဳပ္ကေတာ့အေဖနဲ႔ျပႆ

နာေတြအမ်ားႀကီးတက္ခဲ့တယ္။သူဟာက်ဳပ္ကိုပါး

႐ိုက္ခဲ့တယ္။က်ဳပ္ကလည္းယဥ္ေက်းလိမၼာတဲ့

ကေလးတစ္ေယာက္မဟုတ္ခဲ့ပါဘူး။ငယ္ငယ္တုန္းက

ရန္အမ်ားႀကီးျဖစ္ခဲ့ဖူးတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ႐ြန္းနီဟာ Amazon Prime မွတ္တမ္း႐ုပ္ရွင္တြ

င္ကစားသမားဘဝတုန္းကမန္ယူႏွင့္အဂၤလန္အသင္းေခါင္းေဆာ

င္ျဖစ္တာနဲ႔အညီေအာင္ျမင္မႈရရွိေရးအတြက္ဖိ

အားမ်ားစြာျမင့္မားမႈေၾကာင့္စိတ္က်န္းမာေရ

းျပႆနာႏွင့္ႀကဳံခဲ့ရၿပီးကုသမႈခံယူခဲ့ရေ

ၾကာင္းလည္းဖြင့္ဟသြားပါတယ္။

႐ြန္းနီရဲ႕ Amazon Prime မွတ္တမ္း႐ုပ္ရွင္ကိုလာမယ့္

၂၀၂၂ခုႏွစ္မွာထုတ္လႊင့္ျပသသြားပါမယ္။

sportsviewnews

sportsviewnews