မထင်မှတ်ပဲ ကြော်ငြာသလိုဖြစ်သွားခဲ့တဲ့ ရော်နယ်ဒိုရဲ့အတွင်းခံဘောင်းဘီ

 

မနေ့ညကပွဲမှာ ပွဲပြီးခါနီး နာကျင်အချိန်ပိုရောက်မှ နောက်ကျအနိုင်ဂိုးနဲ့

ဗီလာရီးရဲလ်ကို အနိုင်ရယူနိုင်ခဲ့တာကြောင့်

ယူနိုက်တက်ဟာ ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်ကို

တက်ရောက်နိုင်ဖို့အတွက် ရမှတ်

(၃)မှတ် စတင်ရရှိလာခဲ့ပါတယ်။

အဖွင့်ပွဲမှာ ယန်းဘွိုင်း အသင်းကို အဝေးကွင်းမှာ အမှတ်မထင်

ရှုံးနိမ့်ခဲ့ရတဲ့နောက်မှာ အုပ်စုအတွင်းမှာ

အင်အားကြီးပြိုင်ဘက်ဖြစ်တဲ့ဗီလာရီးရဲလ်အသင်း

ကိုအနိုင်ကစာနိုင်ခဲ့တာက ရမှတ်

(၆)မှတ်ရရှိသွားခဲ့သလိုဖြစ်ခဲ့ပါတယ်။

ဒီပွဲမှာ ယူနိုက်တက်အတွက် အဖိုးတန်ဂိုးကို သွင်းယူပေးခဲ့တဲ့ရော်နယ်ဒို

ဟာလည်း စံချိန်မှတ်တမ်းကောင်းတွေရရှိသွားခဲ့သလို

သူ့ရဲ့ အောင်ပွဲခံမှုပုံစံကလည်း မထင်မှတ်ပဲ

သူ့ရဲ့ စီးပွားရေးလုပ်ငန်းအတွက်အထောက်အကူဖြစ်သွားခဲ့ပါတယ်။

နာကျင်ချိန်ပို (၉၀+၅) မိနစ်မှာ ကာဗာနီကနေ ဘရူနို ၊

ဘရူနို ကနေ ဖရက် ဆီကို ဘောလုံးထိုးပေးလိုက်ပြီး

ဖရက်က ဘယ်တောင်ပံကနေ ဘောလုံးကို ဖြတ်တင်

ပေးလိုက်ရာမှာ ရော်နယ်ဒိုက ခေါင်းတိုက်ပြီး လင်ဂတ်ဆီကိုချပေး ၊

လင်ဂတ်က ရော်နယ်ဒိုဆီကိုဘောလုံး ပြန်ခင်းပေးခဲ့ပြီး ရော်နယ်ဒိုက

ဂိုး ကန်သွင်းခွင့်ရတဲ့ ဧရိယာကျဉ်းထဲမှာ အလိုက်သင့်

ဂိုးပေါက် ကန်သွင်းလိုက်ရာကနေ

ယူနိုက်တက်အသင်းအတွက်အဖိုးတန် အနိုင်ဂိုး ရရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။

အဲ့သည်နောက်မှာတော့ ရော်နယ်ဒိုဟာ သူ့ရဲ့ထုံးစံအတိုင်

း အဆုံးအဖြတ်ဂိုးကိုသွင်းယူပြီးသွားခဲ့ရင် အင်္ကျီချွတ်အောင်ပွဲခံမှုကို ပြုလုပ်ခဲ့ပါတယ်။

သူ့ရဲ့အောင်ပွဲခံမှုဟာလည်း မီဒီယာတွေမှာ ပြန်နှံသွားခဲ့သလို

ယူနိုက်တက်အသင်းရဲ့ဘောင်းဘီအောက်က

သူ့ရဲ့ကိုယ်ပိုင်အမှတ်တံဆိပ် အတွင်းခံဘောင်းဘီပုံတွေကပါ ပါဝင်သွားခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့ အင်္ကျီချွတ်အောင်ပွဲခံမှုမှာ မထင်မှတ်ပဲ

ကြော်ငြာသလိုဖြစ်သွားခဲ့တဲ့ သူ့ကိုယ်ပိုင် ခရစ္စတီယာနို

အမှတ်တံဆိပ်နဲ့ ထုတ်လုပ်ထားတဲ့ အတွင်းခံ ဘောင်းဘီဟာ

ရော်နယ်ဒိုရဲ့ ပရိသတ်တွေကြားမှာ အခုဆို ပိုပြီး ရေပန်းစားလာခဲ့သလို

ယောင်္ကျားလေး ပရိသတ်တွေကြားမှာလည်း

ဝယ်စရာတစ်ခုတိုးလာခဲ့ပါတယ်။

 

 

zawgyi

မထင္မွတ္ပဲ ေၾကာ္ျငာသလိုျဖစ္သြားခဲ့တဲ့ ေရာ္နယ္ဒိုရဲ႕အတြင္းခံေဘာင္းဘီ

မေန႔ညကပြဲမွာ ပြဲၿပီးခါနီး နာက်င္အခ်ိန္ပိုေရာက္မွ ေနာက္က်အႏိုင္ဂိုးနဲ႔

ဗီလာရီးရဲလ္ကို အႏိုင္ရယူႏိုင္ခဲ့တာေၾကာင့္ ယူႏိုက္တက္ဟာ

ခ်န္ပီယံလိဂ္မွာ ေနာက္တစ္ဆင့္ကို တက္ေရာက္ႏိုင္ဖို႔အတြက္

ရမွတ္ (၃)မွတ္ စတင္ရရွိလာခဲ့ပါတယ္။ အဖြင့္ပြဲမွာ ယန္းဘြိဳင္း

အသင္းကို အေဝးကြင္းမွာ အမွတ္မထင္ ရႈံးနိမ့္ခဲ့ရတဲ့ေနာက္မွ

ာ အုပ္စုအတြင္းမွာ အင္အားႀကီးၿပိဳင္ဘက္ျဖစ္တဲ့ ဗီလာရီးရဲလ္အသင္း ကို

အႏိုင္ကစာႏိုင္ခဲ့တာက ရမွတ္ (၆)မွတ္ရရွိသြားခဲ့သလိုျဖစ္ခဲ့ပါတယ္။

ဒီပြဲမွာ ယူႏိုက္တက္အတြက္ အဖိုးတန္ဂိုးကို သြင္းယူေပးခဲ့တဲ့ေ

ရာ္နယ္ဒိုဟာလည္း စံခ်ိန္မွတ္တမ္းေကာင္းေတြရရွိသြားခဲ့သလို

သူ႔ရဲ႕ ေအာင္ပြဲခံမႈပုံစံကလည္း မထင္မွတ္ပဲ

သူ႔ရဲ႕ စီးပြားေရးလုပ္ငန္းအတြက္အေထာက္အကူျဖစ္သြားခဲ့ပါတယ္။

နာက်င္ခ်ိန္ပို (၉၀+၅) မိနစ္မွာ ကာဗာနီကေန ဘရူႏို ၊ ဘရူႏို ကေန

ဖရက္ ဆီကို ေဘာလံုးထိုးေပးလိုက္ၿပီး ဖရက္က

ဘယ္ေတာင္ပံကေန ေဘာလုံးကို ျဖတ္တင္ေပးလိုက္ရာမွ

ာ ေရာ္နယ္ဒိုက ေခါင္းတိုက္ၿပီး လင္ဂတ္ဆီကိုခ်ေပး ၊

လင္ဂတ္က ေရာ္နယ္ဒိုဆီကိုေဘာလုံး ျပန္ခင္းေပးခဲ့ၿပီး

ေရာ္နယ္ဒိုက ဂိုး ကန္သြင္းခြင့္ရတဲ့ ဧရိယာက်ဥ္းထဲမွာ

အလိုက္သင့္ ဂိုးေပါက္ ကန္သြင္းလိုက္ရာကေန ယူႏိုက္တက္အသင္း

အတြက္အဖိုးတန္ အႏိုင္ဂိုး ရရွိသြားခဲ့တာပဲ ျဖစ္ပါတယ္။

အဲ့သည္ေနာက္မွာေတာ့ ေရာ္နယ္ဒိုဟာ သူ႔ရဲ႕ထုံးစံအတိုင္

း အဆုံးအျဖတ္ဂိုးကိုသြင္းယူၿပီးသြားခဲ့ရင္ အက်ႌခြၽတ္ေ

အာင္ပြဲခံမႈကို ျပဳလုပ္ခဲ့ပါတယ္။ သူ႔ရဲ႕ေအာင္ပြဲခံမႈဟာလည္

း မီဒီယာေတြမွာ ျပန္ႏွံသြားခဲ့သလို ယူႏိုက္တက္အသင္းရဲ

႕ေဘာင္းဘီေအာက္က သူ႔ရဲ႕ကိုယ္ပိုင္အမွတ္တံဆိပ္ အတြင္းခံေ

ဘာင္းဘီပုံေတြကပါ ပါဝင္သြားခဲ့ပါတယ္။

ေရာ္နယ္ဒိုရဲ႕ အက်ႌခြၽတ္ေအာင္ပြဲခံမႈမွာ မထင္မွတ္ပဲ

ေၾကာ္ျငာသလိုျဖစ္သြားခဲ့တဲ့ သူ႔ကိုယ္ပိုင္ ခရစၥတီယာႏို

အမွတ္တံဆိပ္နဲ႔ ထုတ္လုပ္ထားတဲ့ အတြင္းခံ ေဘာင္းဘီဟာ ေရာ္နယ္ဒိုရဲ႕

ပရိသတ္ေတြနဲ႕ ယူႏိုက္တက္ပရိသတ္ေတြ ၾကားမွာ အခုဆို

ပိုၿပီး ေရးပန္းစားလာခဲ့သလို ေယာက်ၤားေလး

ပရိသတ္ေတြၾကားမွာလည္း ဝယ္စရာတစ္ခုတိုးလာခဲ့ပါတယ္။

sportsviewnewssportsviewnews