ဘောလုံးပွဲတွင် အချင်းများရာမှ ဆယ်ကျော်သက်တစ်ဦးဓားထိုးခံရကာသေဆုံး

ဆယ်ကျော်သက်လူငယ်တစ်ဦးဟာလန်ဒန်အနောက်ပိုင်း

တွင်မှဘောလုံးပွဲတစ်ပွဲတွင် အချင်းများရာမှာ

ဓားထိုးခံရပြီးသေဆုံးသွားခဲ့ပါတယ်။

ဆယ်ကျော်သက်ကလေးငယ်လေးဟာ

အင်္ဂါနေ့ညနေ့၅နာရီတုန်းကဓားထိုးခံရကာ

သေဆုံးခဲ့တာဖြစ်ပြီးရဲတပ်ဖွဲ့ဟာတရားခံအား

ဖမ်းဆီးနိုင်ခြင်းမရှိသေးပါဘူး။

ရဲတပ်ဖွဲ့ကအသက်သေဆုံးနေတဲ့လူငယ်လေးတစ်ဦးကို

Twickenham တွင်တွေ့ရှိခဲ့ပြီးထိုးသွင်းဒဏ်ရာများ

ရရှိထားကြောင်းအတည်ပြုထားပါတယ်။

ဒေသခံတစ်ဦးက “ပွဲကစားနေရင်း

ရန်ဖြစ်ကြတာ။တစ်ယောက်ကဓားထုတ်ပြီး

ထိုးပါလေရော”လို့ပြောကြားသွားပါတယ်။

ဓားထိုးခံရတဲ့ဆယ်ကျော်သက်လူငယ်ကိုဆေးရုံသို့

အမြန်ပို့ဆောင်ခဲ့ပေမယ့်ညနေ ၅နာရီ၊၄၅မိနစ်

ဝန်းကျင်တွင်သေဆုံးသွားခဲ့ပါတယ်။

လက်ရှိအချိန်တွင်ရဲတပ်ဖွဲ့ဟာဓားထိုးခံရပြီး

သေဆုံးသွားတဲ့လူငယ်ရဲ့အမည်နှင့်နေရာလိပ်စာတို့ကို

သိနိုင်ရန်ကြိုးပမ်းနေသလို တရားခံအား

ရှာဖွေမှုလည်းပြုလုပ်နေပါတယ်။

ZawGyi

 





















sportsviewnews

sportsviewnews