ဘိုင်ယန်နဲ့အတူ ချန်ပီယံလိဂ်သမိုင်းဝင်စံချိန်ကိုပိုင်ဆိုင်ခဲ့တဲ့ပိုလန်နာမည်ကျော်တိုက်စစ်မှူး
ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပိုလန်နာမည်ကျော်တိုက်စစ်မှူးလီဝန်ဒေါစကီးဟာ
ဒိုင်နမိုကိဗ်ကို (၅-၀)ဂိုးပြတ်အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ
အသင်းအတွက်ဂိုးသွင်းယူခဲ့သလို
ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းဝင်နိုင်ပွဲ
ဆက်စံချိန်ကိုလည်းပိုင်ဆိုင်ခဲ့ပါတယ်။
ဒိုင်နမိုကိဗ်နဲ့ပွဲမှာ လီဝန်ဒေါစကီးက အဖွင့်ဂိုးကိုပွဲအစ(၁၂)မိနစ်မှာပဲ
ပယ်နယ်တီကနေသွင်းယူခဲ့သလို (၂၇)မိနစ်မှာလည်
း ဒုတိယမြောက်အနိုင်ဂိုးသွင်းယူခဲ့တာကြောင့်
ဒီရာသီပြိုင်ပွဲစုံမှာ အသင်းအတွက်(၉)ပွဲသာ
ကစားခဲ့ပေမယ့်(၁၃)ဂိုးအထိသွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဒါ့အပြင် လီဝန်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက်
နောက်ဆုံးကစားခဲ့တဲ့ပွဲပေါင်း(၁၀၀)မှာ (၁၁၉)ဂိုးအထိ
သွင်းယူခဲ့ပြီး ၂၀၂၁ ခုနှစ်အတွင်း ပြိုင်ပွဲစုံမှာလည်း (၄၁)ဂိုးအထိ
သွင်းယူထားတာကြောင့် ဥရောပထိပ်သီးလိဂ်(၅)ခုမှာ
ပြိုင်ပွဲစုံသွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေပါပြီ။
အခုဆိုရင် ဘိုင်ယန်မြူးနစ်အသင်းအတွက် လီဝန်ဒေါစကီး ပါဝင်ကစားခဲ့တဲ့
ချန်ပီယံလိဂ်ပွဲပေါင်း(၁၈)ပွဲဆက်တိုက်အနိုင်ရခဲ့ပြီး
ဒါက ပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲဆက်အများဆုံးနိုင်ပွဲစံချိန်လည်းဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှ
ာ PSG အသင်းကို အိမ်ကွင်းမှာ(၂-၃)ဂိုးနဲ့ရှုံး၊ အဝေးကွင်းမှာ(၁-၀)ဂိုးနဲ့အနိုင်ရခဲ့ပေမယ့်
အဝေးဂိုးရလဒ်ကြောင့် ပြိုင်ပွဲကထွက်ခဲ့ရတဲ့အတွက်
လက်ရှိချန်ပီယံဘွဲ့ကာကွယ်ဖို့မျှော်လင့်လက်လွှတ်ခဲ့ရပြီး
အဲဒီနှစ်ပွဲစလုံးမှာ လီဝန်ဒေါစကီးဟာ ဒူးဒဏ်ရာကြောင့် မကစားနိုင်ခဲ့ပါဘူး။
ဘိုင်ယန်မြူးနစ်အသင်းအတွက် လီဝန်ဒေါစကီးပါဝင်ကစားတဲ့ပွဲတိုင်း
အနိုင်ရခဲ့တာက (၁၈)ပွဲဆက်တိုက်ရှိလာပြီဖြစ်ပြီး
လီဝန်ဒေါစကီးပါလျက်နဲ့ ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်နောက်ဆုံးရှုံးပွဲကြုံတွေ့ခဲ့တာက
၂၀၁၉၊ မတ်လတုန်းက လီဗာပူးလ်အသင်းနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက်
(၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲဖြစ်သလို အိမ်ကွင်းမှာ(၃-၁)ဂိုးနဲ့
ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကထွက်ခဲ့ရပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ လီဝန်ဒေါစကီးရဲ့ခြေစွမ်းပြမှုနဲ့အတူ
ဘိုင်ယန်မြူးနစ်အသင်း ချန်ပီယံလိဂ်မှာရှုံးပွဲမရှိတော့ဘဲ (၁၈)ပွဲမှာ
လီဝန်ဒေါစကီးက (၂၄)ဂိုးအထိသွင်းပြီးတော့ ဂိုးဖန်တီးမှု(၅)ကြိမ်ပြုလုပ်ခဲ့ပြီး
ဘိုင်ယန်မြူးနစ်အသင်းကလည်း ချန်ပီယံလိဂ်မှာ ပွဲဆက်အများဆုံ
းဂိုးသွင်းနိုင်တဲ့မှတ်တမ်းက (၂၄)ပွဲအထိရှိလာပြီဖြစ်ပါတယ်။
zawgyi
ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်သမိုင်းဝင်စံချိန်တစ်ခုပိုင်ဆိုင်ခဲ့တဲ့ လီဝန်ဒေါစကီး
ဒါ့အပြင် လီဝန်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက်ေ
နာက်ဆုံးကစားခဲ့တဲ့ပွဲပေါင်း(၁၀၀)မှာ (၁၁၉)ဂိုးအထိသွင်းယူခဲ့ပြီး
၂၀၂၁ ခုနှစ်အတွင်း ပြိုင်ပွဲစုံမှာလည်း (၄၁)ဂိုးအထိသွင်းယူထားတာေ
ကြာင့် ဥရောပထိပ်သီးလိဂ်(၅)ခုမှာ
ဒုတိယအကျော့ပွဲဖြစ်သလို အိမ်ကွင်းမှာ(၃-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာေ
sportsviewnews
sportsviewnews