Golden Boy ပီဒရီဒဏ်ရာကြောင့်၂၀၂၂အထိ အနားယူရတော့မယ်

 

 

ဘာစီလိုနာအသင်းရဲ့ ခြေစွမ်းထက်လူငယ်ကွင်းလယ်လူ

ပီဒရီဟာပေါင်ကြွက်သားဒဏ်ရာကြောင့် ၂၀၂၂ အထိ

အနားယူရတော့မှာဖြစ်ကြောင်းသိရပါတယ်။

မနေ့ကနိုဝင်ဘာ ၂၅ မှာမှအသက် ၁၉ နှစ်ပြည့်ခဲ့တဲ့ ပီဒရီဟာ

ပြီးခဲ့တဲ့ ၂၀၂၀-၂၁ ဘောလုံးရာသီကမှဘာစီလိုနာနဲ့အတူ

စတင်ပွဲထွက်ခဲ့ပေမယ့်ခြေစွမ်းအရမ်းတိုးတက်လာလို့

ကလပ်မှာရော စပိန်လက်ရွေးစင်အသင်းမှာပါ

ပုံမှန်ပွဲထွက်ခွင့်ရသူဖြစ်လာတာပါ။

သူဟာပြီးခဲ့တဲ့ ဧပြီလကဘာစီလိုနာနဲ့အတူ စပိန်ဘုရင့်ဖလားမှာ

ဗိုလ်စွဲခဲ့ပြီးနောက် ယူရို ၂၀၂၀ မှာဆီမီးဖိုင်နယ်

တက်ခဲ့တဲ့ စပိန်အသင်းမှာလည်းတောက်လျှောက်ပါဝင်ခဲ့ရပါတယ်။

ဒါ့အပြင်တိုကျိုအိုလံပစ်မှာလည်း စပိန်အသင်းနဲ့အတူ

ပါဝင်ခဲ့ပြီး ဒုတိယငွေတံဆိပ်ဆုရယူခဲ့သေးလို့

ပြီးခဲ့တဲ့ရာသီမှာကလပ်နဲ့နိုင်ငံအတွက် ၇၃ ပွဲတောင်ကစားခဲ့ရတာပါ။

ဒါဟာလူငယ်တစ်ဦးအတွက်သိပ်ကိုများပြားလှတဲ့ပမာဏဖြစ်ပြီး

တိုကျိုအိုလံပစ်အပြီး ၅ ရက်အကြာမှာဘာစီလိုနာနဲ့အတူ

လေ့ကျင့်ခန်းပြန်ဆင်းခဲ့ရသေးလို့ အနားယူချိန်

အလုံအလောက်မရခဲ့ဘဲ ကြံ့ခိုင်မှုပိုင်းနဲ့ပတ်သက်ပြီး

ရုန်းကန်ခဲ့ရပါတယ်။ဒီဒဏ်တွေကြောင့် သူဟာဒီရာသီ

ပြိုင်ပွဲအရပ်ရပ်မှာ ၄ ပွဲသာကစားခဲ့ရပြီး စက်တင်ဘာလကတည်းက

ပေါင်ကြွက်သားထိခိုက်ခဲ့လို့ အနားယူနေရတာပါ။

သူ့ကိုဒီနှစ်ထဲမှာပြန်ကစားဖို့ ကလပ်ဘက်ကမျှော်လင့်ခဲ့သေးပေမယ့်

ပြီးခဲ့တဲ့တစ်ပတ်က ပြန်လည်ကြံ့ခိုင်မှုလေ့ကျင့်ခန်းတွေ

ပြုလုပ်ခဲ့ရာမှာ ဒဏ်ရာကပြဿနာရှိနေသေးတဲ့အတွက်

လာမယ့်၂၀၂၂ ဇန်နဝါရီရောက်မှသာပြန်ကစားနိုင်တော့မှာဖြစ်ပါတယ်။

သူဟာဒဏ်ရာရခဲ့ပြီးနောက် ကြံ့ခိုင်မှုအတွက်လေ့ကျင့်ခဲ့ရာမှာ

၂ ကြိမ်တိုင်တိုင်ပြဿနာရှိခဲ့တာဖြစ်ပါတယ်။

ပီဒရီဟာမကြာသေးခင်ကလည်း ဥရောပအကောင်းဆုံး

လူငယ်ဆုဖြစ်တဲ့ Golden Boy ကိုရရှိထားသေးသူပါ။

သူအနားယူချိန်ကြာမြင့်တာဟာ ဘာစီလိုနာကို

ပြန်လည်တည်ဆောက်နေတဲ့နည်းပြသစ်ဇာဗီ

အတွက်ကြီးမားတဲ့ထိုးနှက်ချက်တစ်ရပ်လည်းဖြစ်လာမှာပါ။

 

 

zawgyi

 

ဘာစီလိုနာအသင္းရဲ႕ ေျခစြမ္းထက္လူငယ္ကြင္းလယ္လူ

ပီဒရီဟာေပါင္ႂကြက္သားဒဏ္ရာေၾကာင့္ ၂၀၂၂ အထိ

အနားယူရေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။ မေန႔က

ႏိုဝင္ဘာ ၂၅ မွာမွအသက္ ၁၉ ႏွစ္ျပည့္ခဲ့တဲ့ ပီဒရီ ဟာၿပီ

းခဲ့တဲ့ ၂၀၂၀-၂၁ ေဘာလုံးရာသီကမွဘာစီလိုနာနဲ႔အတူစ

တင္ပြဲထြက္ခဲ့ေပမယ့္ ေျခစြမ္းအရမ္းတိုးတက္လာလို႔

ကလပ္မွာေရာ စပိန္လက္ေ႐ြးစင္အသင္းမွာပါ ပုံမွန္ပြဲထြက္ခြင့္

ရသူျဖစ္လာတာပါ။

 

သူဟာၿပီးခဲ့တဲ့ ဧၿပီလကဘာစီလိုနာနဲ႔အတူ စပိန္ဘုရင့္ဖလား

မွာဗိုလ္စြဲခဲ့ၿပီးေနာက္ ယူ႐ို ၂၀၂၀ မွာဆီမီးဖိုင္နယ္တက္ခဲ့တဲ့ စပိန္အသ

င္းမွာလည္းေတာက္ေလွ်ာက္ပါဝင္ခဲ့ရပါတယ္။ ဒါ့အျပင္တိုက်ိဳ

အိုလံပစ္မွာလည္း စပိန္အသင္းနဲ႔အတူပါဝင္ခဲ့ၿပီး ဒုတိယေငြတံ

ဆိပ္ဆုရယူခဲ့ေသးလို႔ ၿပီးခဲ့တဲ့ရာသီမွာကလပ္နဲ႔ႏိုင္ငံအတြက္

၇၃ ပြဲေတာင္ကစားခဲ့ရတာပါ။

 

ဒါဟာလူငယ္တစ္ဦးအတြက္သိပ္ကိုမ်ားျပားလွတဲ့ပမာဏျဖစ္ၿပီး

တိုက်ိဳအိုလံပစ္အၿပီး ၅ ရက္အၾကာမွာဘာစီလိုနာနဲ႔အတူေ

လ့က်င့္ခန္းျပန္ဆင္းခဲ့ရေသးလို႔ အနားယူခ်ိန္အလုံအေလ

ာက္မရခဲ့ဘဲ ႀကံ့ခိုင္မႈပိုင္းနဲ႔ပတ္သက္ၿပီး႐ုန္းကန္ခဲ့ရပါတယ္။

ဒီဒဏ္ေတြေၾကာင့္ သူဟာဒီရာသီၿပိဳင္ပြဲအရပ္ရပ္မွာ ၄

ပြဲသာကစားခဲ့ရၿပီး စက္တင္ဘာလကတည္းကေပါင္ႂကြက္

သားထိခိုက္ခဲ့လို႔ အနားယူေနရတာပါ။ သူ႔ကိုဒီႏွစ္ထဲမွ

ာျပန္ကစားဖို႔ ကလပ္ဘက္ကေမွ်ာ္လင့္ခဲ့ေသးေပမယ့္ ၿပီ

းခဲ့တဲ့တစ္ပတ္က ျပန္လည္ႀကံ့ခိုင္မႈေလ့က်င့္ခန္းေတြျပဳ

လုပ္ခဲ့ရာမွာ ဒဏ္ရာကျပႆနာရွိေနေသးတဲ့အတြက္ လာမယ့္

၂၀၂၂ ဇန္နဝါရီေရာက္မွသာျပန္ကစားႏိုင္ေတာ့မွာျဖစ္ပါတယ္။

 

သူဟာဒဏ္ရာရခဲ့ၿပီးေနာက္ ႀကံ့ခိုင္မႈအတြက္ေလ့က်င့္ခဲ့

ရာမွာ ၂ ႀကိမ္တိုင္တိုင္ျပႆနာရွိခဲ့တာျဖစ္ပါတယ္။ ပီဒရီဟာမ

ၾကာေသးခင္ကလည္း ဥေရာပအေကာင္းဆုံးလူငယ္ဆုျ

ဖစ္တဲ့ Golden Boy ကိုရရွိထားေသးသူပါ။ သူအနားယူခ်ိန္ၾ

ကာျမင့္တာဟာ ဘာစီလိုနာကိုျပန္လည္တည္ေဆာက္ေန

တဲ့နည္းျပသစ္ဇာဗီ အတြက္ႀကီးမားတဲ့ထိုးႏွက္ခ်က္တစ္ရပ္လည္းျဖစ္လာမွာပါ။

 

sportsviewnews

sportsviewnews