ဖာဂူဆန်နောက်ပိုင်း သူဘယ်လောက်လုပ်ပြနိုင်လဲ ပြသလိုက်တဲ့ရန်းနစ်ခ်
မန်ယူက ခရစ္စတယ်ပဲလေ့စ်ကို ၁-၀ နဲ့နိုင်ခဲ့တဲ့ပွဲဟာ
ဂျာမန်သားနည်းပြ ရန်းနစ်ခ်ရဲ့ပထမဆုံးမန်ယူကို
ကိုင်တွယ်တဲ့ပွဲဖြစ်ပြီး သူဘယ်လောက်လုပ်ပြနိုင်သေးလဲ
ဆိုတာကို ပြသလိုက်တဲ့ပွဲစဥ်တစ်ခုလည်းဖြစ်ခဲ့ပါတယ်။
၄-၂-၂-၂ ကစားကွက်ကိုအသုံးပြုခဲ့တဲ့ရန်းနစ်ခ်ဟာ
မန်ယူကိုသူလိုချင်တဲ့ပုံစံမျိုး ရအောင်လုပ်ပေးနိုင်တယ်
ဆိုတာကိုလည်း ပြသသွားပါတယ်။
High Pressing ကစားဟန်ကြောင့်လူသိများတဲ့
ရန်းနစ်ခ်ဟာ နည်းဗျူဟာပိုင်းပိုင်နိုင်သူဖြစ်တယ်
ဆိုတာကို ပဲလေ့စ်နဲ့ပွဲမှာမြင်တွေ့ခဲ့ရပါတယ်။
ပထမဆုံးကိုင်တွယ်တဲ့ပွဲဖြစ်ပြီး လေ့ကျင့်ခန်းတာဝန်ယူရတဲ့
ရက်လည်း ၂ ရက်လောက်သာရှိသေးပေမယ့်
မန်ယူဟာကစားပုံပြောင်းသွားခဲ့ပြီး အခွင့်အရေးတွေ
ပိုမိုဖန်တီးနိုင်ကာ ဘောလုံးပိုင်ဆိုင်မှုမှာလည်း
အများကြီးတိုးတက်လာခဲ့ပါတယ်။ဒါဟာ ရန်းနစ်ခ်ရဲ့
တိုက်စစ်ကို ဘောလုံးတိုက်ရိုက်ပေးပို့တဲ့ဟန်ကြောင့်ဘဲဖြစ်ပါတယ်။
အထူးခြားဆုံးကတော့ မန်ယူအသင်းဟာ ပဲလေ့စ်ကွင်းရဲ့
နောက်ဆုံးအပိုင်းဖြစ်တဲ့( ၃ ပိုင်းမှာ နောက်ဆုံးအပိုင်း)
ခံစစ်ဇုန်ထဲမှာ ဘောလုံးပိုင်ဆိုင်မှုပြန်ရအောင်လုပ်နိုင်တာ
၁၂ ကြိမ်ရှိခဲ့တာပါဘဲ။ဒါဟာ ဖာဂူဆန်ခေတ်လွန်
နောက်ပိုင်းမှာ အများဆုံးပမာဏဖြစ်ခဲ့ပါတယ်။
ဒီရာသီမှာပြိုင်ဘက်ခံစစ်ဇုန်ထဲမှာ ဘောလုံးပိုင်ဆိုင်မှုပြန်ရအောင်
မန်ယူလုပ်နိုင်ခဲ့တာ ၇ ကြိမ်ကအများဆုံးပါဘဲ။
ကစားကွက်အပြောင်းအလဲနဲ့ တိုက်စစ်ကိုတိုက်ရိုက်ပေးပို့တဲ့
ကစားဟန်ကြောင့် မန်ယူဟာပထမပိုင်းမှာတင်
ဂိုးကန်သွင်းခွင့် ၁၂ ကြိမ်ရှိခဲ့ပြီး ရက်ရှ်ဖို့ဒ်က
အခွင့်အရေးဖန်တီးမှု ၃ ကြိမ်၊ စီရော်နယ်ဒိုက
ဂိုးကန်သွင်းမှု ၅ ကြိမ် ရရှိခဲ့ပါတယ်။မန်ယူဟာ
အခွင့်အရေးတွေအသုံးမချနိုင်ခဲ့လို့သာ ပထမပိုင်းမှာဂိုးမရခဲ့တာပါ။
ဒါ့အပြင် မန်ယူဟာပထမပိုင်းမှာ ပဲလေ့စ်ရဲ့ကွင်း
နောက်ဆုံးအပိုင်းမှာ ဘောလုံးပေးပို့မှုပေါင်း ၄၈ ကြိမ်၊
ပြိုင်ဘက်ပင်နယ်တီဧရိယာထဲမှာထိချက်ပေါင်း ၂၆ ကြိမ်နဲ့
ဘောလုံးပေးပို့မှုပေါင်း ၂၆ ကြိမ်အထိရှိခဲ့လို့
ဒီရာသီမှာ အများဆုံးပမာဏဖြစ်ခဲ့ပါတယ်။
ဒါကြောင့်လည်း တွစ်တာအသုံးပြုသူတစ်ဦးက
အရင်ကနည်းပြတွေဖြစ်တဲ့ ဗန်ဂေါလ်နဲ့ မော်ရင်ဟိုတို့လို
အတွေ့အကြုံရင့်ကျက်တဲ့နည်းပြတွေက ရန်းနစ်ခ်လို
ဘာကြောင့်မလုပ်နိုင်သလဲလို့ မေးခွန်းထုတ်လိုက်ပြီး
အောင်မြင်တဲ့အသင်းတိုင်းမှာတွေ့ရတဲ့ဘောလုံးဆုံးရှုံးချိန်တိုင်း
ကွင်းရဲ့ဘယ်နေရာမှာမဆို ပြန်လည်ရရှိဖို့
အပြင်းအထန်အားထုတ်မှုမျိုးကို မန်ယူမှာတွေ့နေရပြီလို့ဆိုသွားပါတယ်။
zawgyi
၎-၂-၂-၂ ကစားကွက်ကိုအသုံးပြုခဲ့တဲ့ရန်းနစ်ခ် ဟာမန်
လည်း ပြသသွားပါတယ်။ High Pressing ကစာ
ပိုင်းပိုင်နိုင်သူဖြစ်တယ်ဆိုတာကို ပဲလေ့စ်နဲ့ပွဲမြှာ
မင်တွေ့ခဲ့ရပါတယ်။
ယူဟာကစားပုံပြောင်းသွားခဲ့ပြီး အခွင့်အရေးေ
တွပိုမိုဖန်တီးနိုင်ကာ ဘောလုံးပိုင်ဆိုင်မှုမှာလည်းအမျာြး
ကီးတိုးတက်လာခဲ့ပါတယ်။
ကစားကွက်အပြောင်းအလဲနဲ့ တိုက်စစ်ကိုတိုက်ရိုက်ေ
ပးပို့တဲ့ ကစားဟန်ကြောင့် မန်ယူဟာပထမပိုင်း
့ရတဲ့ဘောလုံးဆုံးရှုံးချိန်တိုင်း ကွင်းရဲ့ဘယ်ေ
နရာမှာမဆို ပြန်လည်ရရှိဖို့ အပြင်းအထန်အားထုတ်မှုမျို
sportsviewnews
sportsviewnews