ဖရက်ဒ်ကိုဒီကောင်ညာခြေနဲ့ကန်တာဟုတ်ရဲ့လားလို့ပြန်မေးခဲ့ရတဲ့နည်းပြရန်းနစ်
ယူနိုက်တက်အသင်းဟာ မနေ့ညက ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့
ကစားခဲ့ရာမှာတော့ ကွင်းလယ်လူ ဖရက်ဒ်ရဲ့ တစ်လုံးတည်းသော
အနိုင်ဂိုး နဲ့အိမ်ကွင်းမှာ ရမှတ် (၃) မှတ် စုဆောင်းသွားနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ ကွင်းလယ်လူ ဖရက်ဒ်ဟာ ပွဲချိန် (၇၇) မိနစ်မှာ ဂရင်းဝုဒ်ရဲ့
ဖန်တီးမှုကနေတဆင့် ညာခြေ ကန်သွင်းချက်နဲ့အတူ အသင်းအတွက်
ဂိုးရယူပေးခဲ့တာဖြစ်ပါတယ်။ နည်းပြဆိုးလ်ရှားလက်ထက်မှာ
ခြေစွမ်းပိုင်းဆိုးရွားမှုကြောင့် ဝေဖန်ခံခဲ့ရတဲ့ ဖရက်ဒ်ဟာ
ယာယီနည်းပြ ကာရစ်လက်ထက်မှာတော့ခြေစွမ်းကောင်း
ပြန်လည်ရရှိခဲ့တဲ့အပြင် အခု နည်းပြသစ် ရန်းနစ်ရဲ့
ပွဲဦးထွက်မှာတော့ ဂိုးပါ သွင်းယူပေးနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။
ဖရက်ဒ်ရဲ့ အဆိုပါ ညာခြေကန်ချက်သွင်းဂိုးနဲ့ ပတ်သက်ပြီး
နည်းပြရန်းနစ်ကိုယ်တိုင်ကတောင် ဒီကောင် ညာခြေနဲ့ ကန်တာ
ဟုတ်ရဲ့လား လို့  ပြန်ပြီးမေးယူရတဲ့အထိ အံ့အားသင့်စေခဲ့ရတယ်
လို့လည်း ဆိုပါတယ်။” ဖရက်ဒ် ဂိုးသွင်းသွားတော့ သူကန်သွားတာ
ညာခြေနဲ့မှ ဟုတ်ရဲ့လားလို့ကျွန်တော့်လက်ထောက် (မက်ကန်နာ)
ကိုတောင် လှမ်းမေးလိုက်ရသေးတယ်။ကျွန်တော့် လက်ထောက်က
ဟုတ်တယ် လို့ ဆိုတော့မှ ကျွန်တော်လည်းအံ့အားသင့်ခဲ့ရတယ်။
ဖရက်ဒ်ကို ဘယ်ခြေပဲ ကစားတတ်တဲ့ ကစားသမား
တစ်ယောက်လို ကျွန်တော်ထင်ထားခဲ့တာ။ သူ့အတွက် ကျွန်တော်
အများကြီး ပျော်ရွှင်မိရပါတယ်” လို့ နည်းပြ ရန်းနစ်က
ပြောဆိုသွားခဲ့ပါတယ်။ဖရက်ဒ်ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့
ပွဲစဥ်က သွင်းဂိုးကြောင်းဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး
(၂) ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။
zawgyi
ဖရက်ဒ်ဟာ ယာယီနည်းပြ ကာရစ်လက်ထက်မှာတော့ခြေစွမ်းေ
ကာင်းပြန်လည်ရရှိခဲ့တဲ့အပြင် အခု နည်းပြသစ် ရန်းနစ်ရဲ့
ဖရက်ဒ်ရဲ့ အဆိုပါ ညာခြေကန်ချက်သွင်းဂိုးနဲ့ ပတ်သက်ပြီး နည်ြး
ပရန်းနစ်ကိုယ်တိုင်ကတောင် ဒီကောင် ညာခြေနဲ့ ကန်တာ ဟုတ်ရဲ့လ
တ်ာအများကြီး ပျော်ရွှင်မိရပါတယ်” လို့ နည်းပြ ရန်းနစ်က
sportsviewnews
sportsviewnews