မော်ရီစီယိုပိုချက်တီနိုအား မန်ချက်စတာယူနိုက်တက်ကချဉ်းကပ်လာမှုကို ပီအက်စ်ဂျီပယ်ချ
မန်ချက်စတာယူနိုက်တက်ကမော်ရီစီယိုပိုချက်တီနိုအား
ချဉ်းကပ်လာမှုကိုပီအက်စ်ဂျီကပယ်ချလိုက်ပါတယ်။
ပြင်သစ်ထိပ်သီးကလပ်ဟာယူနိုက်တက်ကအာဂျင်တီးနား
နည်းပြကို အလိုနေတယ်ဆိုတဲ့သတင်းများနှင့်နည်းပြ
ကိုယ်တိုင်ကလည်းယူနိုက်တက်သို့ပြောင်းလိုနေတယ်
ဆိုတဲ့သတင်းများအပေါ်စိတ်ပျက်နေပါတယ်။
ယခုအခါပီအက်စ်ဂျီကပိုချက်တီနိုအားမန်ယူဘက်က
ချဉ်းကပ်လာမှုအားလုံးကိုပယ်ချလာပြီဖြစ်ပါတယ်။
ဒါကြောင့်မန်ယူအနေဖြင့်အသက်၄၉နှစ်ရှိပိုချက်တီနိုအား
ခန့်အပ်လိုပါကလာမယ့်နွေရာသီအထိစောင့်ဆိုင်းရတော့မှာဖြစ်ပါတယ်။
ယူနိုက်တက်ဟာပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းကအိုလီဂန်းနား
ဆိုးလ်ရှားကိုထုတ်ပယ်လိုက်ပြီးနောက်ရာသီအကုန်အထိ
ခန့်အပ်ရန်ယာယီနည်းပြရှာဖွေနေပါတယ်။
လက်ရှိအချိန်တွင်မန်ယူကိုယာယီနည်းပြအဖြစ်
မိုက်ကယ်ကာရစ်ကကိုင်တွယ်နေပြီးပထမဆုံး
ကိုင်တွယ်တဲ့ဗီလာရီးရဲလ်နှင့်ပွဲစဉ်မှာ၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။
မကြာသေးမီတုန်းကထွက်ပေါ်ခဲ့တဲ့သတင်းအရ
မန်ယူဟာလက်စတာနည်းပြဘရန်ဒန်ရော်ဂျာကို
ဆက်သွယ်မှုပြုလုပ်ခဲ့ကြောင်းလည်းသိရပါတယ်။
ဒါ့အပြင်မန်ယူဟာဘာစီလိုနာနည်းပြဗယ်ဗာဒီ
နှင့်လည်းဆွေးနွေးမှုပြုလုပ်ထားပါတယ်။
ZawGyi
ကြာင့်မန်ယူအနေဖြင့်အသက်၄၉နှစ်ရှိပိုချက်တီနိုအာ
sportsviewnews
sportsviewnews