ပရီးမီးယားလိဂ်တွင် အနှိမ့်ချဆုံးစူပါစတားကစားသမားဖြစ်ကြောင်းကို Pizza Express မှာကန်တီသက်သေပြ

အန်ဂိုလိုကန်တီဟာပရီးမီးယားလိဂ်တွင်

အနှိမ့်ချဆုံးစူပါစတားကစားသမားဖြစ်ကြောင်းကို

Pizza Express မှာညစာစားပြီးထပ်မံသက်သေထူလာပြန်ပါတယ်။

ချဲလ်ဆီးကွင်းလယ်ကစားသမားဟာဂျင်းဘောင်းဘီနှင့်

အနက်ရောင် Jamper ကိုဝတ်ဆင်ထားပြီ

းဆိုင်မှစားပွဲထိုးလေးနှင့် Selfie ဓာတ်ပုံရိုက်ကူးပေးခဲ့ပါတယ်။

ဒါ့အပြင်ကန်တီဟာစားပွဲထိုးလေးအတွက်

တစ်သက်မမေ့နိုင်စရာနေ့တစ်နေ့ဖြစ်အောင်

လက်ကိုင်ပဝါမှာအမှတ်တရလက်မှတ်ထိုးပေးခဲ့သလို

လက်ဆွဲနှုတ်ဆက်မှုလည်းပြုလုပ်ခဲ့ပါတယ်။

ပြင်သစ်လက်ရွေးစင်ကစားသမားဟာလုပ်ခများစွာ

ရရှိတဲ့နာမည်ကျော်ဘောလုံးသမားတစ်ဦးဖြစ်ပေမယ့်လည်း

ဘဝကိုရိုးရှင်းစွာဖြတ်သန်းတတ်သူဖြစ်ပြီး

ပရီးမီးယားလိဂ်ရဲ့ Mr Nice Guys အဖြစ်

နာမည်ကြီးသူလည်းဖြစ်ပါတယ်။

သူဟာ Mini Cooper ကားလေးကိုယ်တိုင်မောင်းကာ

ဈေးဝယ်ထွက်လေ့ရှိသူဖြစ်ပြီးပရီသတ်များအား

အမှတ်တရလက်မှတ်ထိုးပေးဖို့အတွက်များစွ

ာစိတ်ရှည်သည်းခံပေးသူလည်းဖြစ်ပါတယ်။

သူဟာပြင်သစ်နှင့်အတူကမ္ဘာ့ဖလားဆွတ်ခူးတုန်းက

ကမ္ဘာ့ဖလားဆုကိုကိုင်မြှောက်ဖို့ရှက်ကြောက်နေခဲ့တာ

တွေ့ခဲ့ရသလိုတခါတုန်းကလည်းချဲလ်ဆီးအသင်း

လေ့ကျင့်ရေးကွင်းသို့သွားစဉ် ယာဉ်တိုက်မှုဖြစ်မှုကြောင့်

စိတ်ညစ်နေစဉ်အတွင်းပရိသတ်များကလက်မှတ်ထိုးပေးဖို့

တောင်းဆိုလာမှုကိုလည်းကြည်ဖြူစွာလုပ်ဆောင်ပေးခဲ့မှုနဲ့အတူ

လေ့ကျင့်ရေးကွင်းသို့အရောက်နောက်ကျခဲ့ရဖူးပါတယ်။

ZawGyi

 








ာနေ့တစ်နေ့ဖြစ်အောင်












းဖြစ်ပါတယ်။








sportsviewnews

sportsviewnews