ပရီးမီးယားလိဂ်ပြန်ရောက်တာနဲ့ တစ်လတာအကောင်းဆုံးဆုတွေယူပြတော့မယ့် ရော်နယ်ဒို

 

 

လစဉ်တိုင်း ချီးမြှင့်နေကြဖြစ်တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ တစ်လတာ အကောင်းဆုံး

ကစားသမားဆု စက်တင်ဘာလအတွင်း POTM ဆုအတွက်

ဆန်ခါတင်စာရင်း ထွက်ပေါ်လာခဲ့ရာ မှာ

ရော်နယ်ဒို (ယူနိုက်တက်)၊ကန်ဆယ်လို (မန်စီးတီး)၊ဆာလာ (လီဗာပူး)၊

အစ္စမိုင်လာဆား (ဝက်ဖို့ဒ်)၊ရူဒီဂါ (ချယ်လ်ဆီး)နဲ့ စိန့်မက်ဆီမန် (နယူးကာဆဲလ်)

တို့ ပါဝင်လာခဲ့ပါတယ်။

စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးသွင်းဂိုးအတွက်

ဆန်ခါတင်စာရင်းမှာတော့ ယူနိုက်တက်အသင်းရဲ့ သွင်းဂိုး ၃ ဂိုးအထိပါဝင်နေခဲ့ပြီး

လော့ဒ်လင်ဂတ်ရဲ့ သွင်းဂိုး ၂ ဂိုးအထိ ပါနေခဲ့ပါတယ်။

ဘရူနို၊ လင်ဂတ်၊ လူကာကူ၊ တောင်ဆန်၊ ကီတာ၊ ကက်ချ် နဲ့

အူဘာမီယန်းတို့ရဲ့ သွင်းဂိုးတွေက ရွေးချယ်ခံထားရပါတယ်။

စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြ

ဆန်ခါတင်စာရင်းမှာတော့ နည်းစနစ်ဆရာသမားတွေဖြစ်တဲ့

အာတီတာ၊ ဂွာဒီယိုလာ၊ ကလော့ပ်၊ပေါ်တာ နဲ့ ဒင်းစမစ်တို့ ပါဝင်လာခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာကတော့ စက်တင်ဘာလအတွင်းမှာ

ကစားခဲ့တဲ့ သုံးပွဲလုံးကို အနိုင်ရခဲ့တာကြောင့် ဒီဆုကို ရသွားနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေခဲ့ပါတယ်။

ရော်နယ်ဒို ကတော့ ယူနိုက်တက် ကို တစ်ကျော့ပြန်ရောက်ရှိလာခဲ့ပြီးနောက်

စက်တင်ဘာလမှာ စတင်ကစားခဲ့တဲ့ နယူးကာဆယ် နဲ့

ပရီးမီးယားလိဂ်ပွဲမှာ ယူနိုက်တက် အတွက် စတင်ပွဲထွက်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

အဲဒီပွဲမှာ ရော်နယ်ဒို က (၂)ဂိုးသွင်းယူခဲ့ပါတယ်။

အဲဒီနောက် ဝက်စ်ဟမ်း နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း

ရော်နယ်ဒို ဟာ အသင်းအတွက် အရေးပါတဲ့ ချေပဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ရော်နယ်ဒို ဟာ စက်တင်ဘာလအတွင်း ကစားခဲ့တဲ့ ယူနိုက်တက် ရဲ့

ပရီးမီးယားလိဂ်ပွဲစဉ်(၃)ပွဲမှာ (၃)ဂိုးသွင်းယူနိုင်ခဲ့တာပါ။

အခုအချိန်မှာ ရော်နယ်ဒိုဟာ ယူနိုက်တက် အတွက်

အရေးပါတဲ့ ဂိုးသွင်းလာဘ်ကောင် ဖြစ်နေပြီး၊

မှတ်တမ်းကောင်းတွေကို ဆက်တိုက်သိမ်းပိုက်နေပါတယ်။

 

 

zawgyi

ပရီးမီးယားလိဂ္ဆီ ျပန္ေရာက္တာနဲ႔ တစ္လတာအေကာင္းဆုံး ဆုေတြ ယူျပေတာ့မယ့္ ေရာ္နယ္ဒို

လစဥ္တိုင္း ခ်ီးျမႇင့္ေနၾကျဖစ္တဲ့ ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ တစ္လတာ

အေကာင္းဆုံး ကစားသမားဆု စက္တင္ဘာလအတြင္း POTM ဆုအတြက္

ဆန္ခါတင္စာရင္း ထြက္ေပၚလာခဲ့ရာ မွ

ာ ေရာ္နယ္ဒို (ယူႏိုက္တက္)၊ကန္ဆယ္လို (မန္စီးတီး)၊ဆာလာ (လီဗာပူး)၊

အစၥမိုင္လာဆား (ဝက္ဖို႔ဒ္)၊႐ူဒီဂါ (ခ်ယ္လ္ဆီး)နဲ႔ စိန႔္မက္ဆီမန္ (နယူးကာဆဲလ္)

တို႔ ပါဝင္လာခဲ့ပါတယ္။

စက္တင္ဘာလအတြက္ ပရီးမီးယားလိဂ္အေကာင္းဆုံးသြင္းဂိုးအတြက္

ဆန္ခါတင္စာရင္းမွာေတာ့ ယူႏိုက္တက္အသင္းရဲ႕ သြင္းဂိုး ၃ ဂိုးအထိ

ပါဝင္ေနခဲ့ၿပီး ေလာ့ဒ္လင္ဂတ္ရဲ႕ သြင္းဂိုး ၂ ဂိုးအထိ ပါေနခဲ့ပါတယ္။

ဘ႐ူႏို၊ လင္ဂတ္၊ လူကာကူ၊ ေတာင္ဆန္၊ ကီတာ၊

ကက္ခ်္ နဲ႔ အူဘာမီယန္းတို႔ရဲ႕ သြင္းဂိုးေတြက

ေ႐ြးခ်ယ္ခံထားရပါတယ္။

စက္တင္ဘာလအတြက္ ပရီးမီးယားလိဂ္အေကာင္းဆုံးနည္းျပ

ဆန္ခါတင္စာရင္းမွာေတာ့ နည္းစနစ္ဆရာသမားေတြျဖစ္တဲ့ အာတီတာ၊

ဂြာဒီယိုလာ၊ ကေလာ့ပ္၊ေပၚတာ နဲ႔ ဒင္းစမစ္တို႔ ပါဝင္လာခဲ့ပါတယ္။

အာဆင္နယ္နည္းျပ အာတီတာကေတာ့ စက္တင္ဘာလအတြင္းမွာ

ကစားခဲ့တဲ့ သုံးပြဲလုံးကို အႏိုင္ရခဲ့တာေၾကာင့္ ဒီဆုကို

ရသြားႏိုင္ဖို႔ ေရပန္းအစားဆုံးျဖစ္ေနခဲ့ပါတယ္။

ေရာ္နယ္ဒို ကေတာ့ ယူႏိုက္တက္ ကို တစ္ေက်ာ့ျပန္ေရာက္ရွိလာခဲ့ၿပီးေနာက္

စက္တင္ဘာလမွာ စတင္ကစားခဲ့တဲ့ နယူးကာဆယ္ နဲ႔ ပရီးမီးယားလိဂ္ပြဲမွာ

ယူႏိုက္တက္ အတြက္ စတင္ပြဲထြက္ခြင့္ရရွိခဲ့တာျဖစ္ပါတယ္။

အဲဒီပြဲမွာ ေရာ္နယ္ဒို က (၂)ဂိုးသြင္းယူခဲ့ပါတယ္။

အဲဒီေနာက္ ဝက္စ္ဟမ္း နဲ႔ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲမွာလည္း

ေရာ္နယ္ဒို ဟာ အသင္းအတြက္ အေရးပါတဲ့ ေခ်ပဂိုးကို သြင္းယူႏိုင္ခဲ့ပါတယ္။

ေရာ္နယ္ဒို ဟာ စက္တင္ဘာလအတြင္း ကစားခဲ့တဲ့ ယူႏိုက္တက္ ရဲ႕

ပရီးမီးယားလိဂ္ပြဲစဥ္(၃)ပြဲမွာ (၃)ဂိုးသြင္းယူႏိုင္ခဲ့တာပါ။

အခုအခ်ိန္မွာ ​ေရာ္နယ္ဒိုဟာ ယူႏိုက္တက္ အတြက္ အ​ေရးပါတဲ့

ဂိုးသြင္းလာဘ္​ေကာင္ ျဖစ္​ေနၿပီး၊

မွတ္တမ္း​ေကာင္း​ေတြကို ဆက္တိုက္သိမ္းပိုက္​ေနပါတယ္။

sportsviewnews

sportsviewnews