လင်ဂတ်ကို ဘာစီလိုနာနဲ့အေစီမီလန်အသင်းတို့က ခေါ်ယူဖို့စောင့်ကြည့်

မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း မတိုးရသေးတဲ့

လင်ဂတ်ကို ဘာစီလိုနာ နဲ့အေစီမီလန်အသင်းတို့က

ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့သိရပါတယ်။

လင်ဂတ်ကိုယ်တိုင်ကလည်း မန်ယူအသင်းမှ

ထွက်ခွာဖြစ်ပါက အသင်းဟောင်းကိုပြိုင်ဘက်အနေနဲ့

ရင်ဆိုင်ဖို့ ဆန္ဒမရှိတာကြောင့် ပရီးမီးယားလိဂ်အသင်းတွေထံ

ပြောင်းရွှေ့မှာ မဟုတ်ပေမယ့်လည်း စီးရီးအေ နဲ့

လာလီဂါ ကလပ်အသင်းတွေကိုတော့၎င်းရဲ့

အပြောင်းအရွှေ့ ကိစ္စနဲ့ ပတ်သက်ပြီး

လမ်းဖွင့်ပေးထားတယ်လိုသိရပါတယ်။

 

မန်ယူအသင်းဘက်က လင်ဂတ်ကို ပထမတစ်ကြိမ်

စာချုပ်သက်တမ်းတိုးဖို့ကမ်းလှမ်းခဲ့ပေမယ့်

ပယ်ချခံရပြီးနောက် နောက်ထပ် ကမ်းလှမ်းမှု

ပြုလုပ်ထားတာမျိုး မရှိသေးဘူးလို့လည်းသိရပါတယ်။

လင်ဂတ် အနေနဲ့ကလည်း လာမယ့် (၂၀၂၂) ကာတာ

ကမ္ဘာ့ဖလား ပြိုင်ပွဲမှာအင်္ဂလန်အသင်းနဲ့အတူ

ပွဲထွက်ခွင့်ရချင်တာကြောင့် မန်ယူအသင်းမှာ

၎င်းအတွက် ပွဲကစားချိန်များများ ရနိုင် ၊ မရနိုင် ဆိုတဲ့

အခြေအနေပေါ်ကိုမူတည်ပြီး

စာချုပ်သစ် ကိစ္စကို စဥ်းစားသွားမှာဖြစ်ပါတယ်။

 

zawgyi

 

မန်ယူအသင်းရဲ့ ကွင်းလယ်လူ လင်ဂတ်ဟာ

လာမယ့်နှစ် ဇွန်လမှာ အသင်းနဲ့

စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။

 











 











 

sportsviewnews

sportsviewnews