နှစ်ချို့သရဲနီကြီးကိုပစ်မှတ်ထားနေတဲ့ ဆိုစီဒက်အသင်း

မန်ချက်စတာယူနိုက်တက်အသင်းမှာ ပုံမှန်ကစားခွင့်

ပျောက်ဆုံးနေတဲ့စပိန်ဝါရင့်ကွင်းလယ်လူမာတာကို

လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာခေါ်ယူဖို့

ဆိုစီဒက်အသင်းက ပစ်မှတ်ထားနေတယ်လို့

Caught Offside ဝက်ဘ်ဆိုက်ကဖော်ပြခဲ့ပါတယ်။

အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်သူမာတာဟာ

နည်းပြဆိုးလ်ရှားလက်ထက်မှာဦးစားပေးကစားသမား

အဖြစ်ကစားခွင့်မရဖြစ်နေပြီး ဒီရာသီမှာလည်း

ဝက်စ်ဟမ်းအသင်းနဲ့ကစားခဲ့တဲ့လိဂ်ဖလား

တတိယအဆင့်ပွဲမှာသာ ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီကုန်က ယူနိုက်တက်အသင်းနဲ့(၁)နှစ်

စာချုပ်သက်တမ်းတိုးခဲ့တဲ့မာတာဟာ အခုလက်ရှိ

အခြေအနေပေါ် စိတ်ပျက်နေပြီး ပွဲကစားခွင့်ဆက်လက်

ပျောက်ဆုံးနေမယ်ဆိုရင်တော့ ဇန်နဝါရီအပြောင်းအရွှေ့ကျရင်

အသင်းနဲ့လမ်းခွဲမယ့်အနေအထားရှိနေပါပြီ။

ဆိုစီဒက်အသင်းဟာ မာတာကိုခေါ်ယူဖို့

ပြီးခဲ့တဲ့နွေရာသီမှာကတည်းကပစ်မှတ်ထားခဲ့ပေမယ့်

ကစားသမားက အသင်းနဲ့စာချုပ်သက်တမ်းတိုးခဲ့လို့

အဆင်မပြေဖြစ်ခဲ့ရပြီး လာမယ့်အပြောင်းအရွှေ့မှာ

ထပ်မံကြိုးပမ်းဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။

၂၀၁၄၊ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ ချယ်လ်ဆီးအသင်းကနေ

ယူနိုက်တက်အသင်းဆီပြောင်းရွှေ့ခဲ့သူ မာတာဟာ

လက်ရှိယူနိုက်တက်ကစားသမားတွေထဲမှာ

သက်တော်ရှည်ကစားသမားတစ်ဦးဖြစ်ပြီး

အသင်းအတွက်(၂၇၄)ပွဲကစား၊ (၅၁)ဂိုး

သွင်းယူခဲ့သလို FA ဖလား၊ လိဂ်ဖလား၊ ယူရိုပါလိဂ်၊

ကွန်မြူနတီဒိုင်းတွေရယူနိုင်ခဲ့ပါတယ်။

တကယ်လို့ ဆိုစီဒက်အသင်းသာ ဇန်နဝါရီကာလမှာ

မာတာကို တရားဝင်ကမ်းလှမ်းလာမယ်ဆိုရင်

ယူနိုက်တက်အသင်းကလည်း လက်ခံသွားမယ့်

အနေအထားရှိနေပါပြီ။

zawgyi

ႏွစ္ခ်ိဳ႕ သရဲနီႀကီးကို စိတ္ဝင္စားေနတဲ့ ဆိုစီဒက္

မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ပုံမွန္ကစားခြင့္ေ

ပ်ာက္ဆုံးေနတဲ့စပိန္ဝါရင့္ကြင္းလယ္လူမာတာကို

လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာေခၚယူဖို႔

ဆိုစီဒက္အသင္းက ပစ္မွတ္ထားေနတယ္လို႔

Caught Offside ဝက္ဘ္ဆိုက္ကေဖာ္ျပခဲ့ပါတယ္။

အသက္(၃၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူမာတာဟာ

နည္းျပဆိုးလ္ရွားလက္ထက္မွာဦးစားေပးကစားသမား

အျဖစ္ကစားခြင့္မရျဖစ္ေနၿပီး ဒီရာသီမွာလည္

း ဝက္စ္ဟမ္းအသင္းနဲ႔ကစားခဲ့တဲ့လိဂ္ဖလားတတိယ

အဆင့္ပြဲမွာသာ ပြဲထြက္ကစားခြင့္ရခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရာသီကုန္က ယူႏိုက္တက္အသင္းနဲ႔(၁)ႏွစ္

စာခ်ဳပ္သက္တမ္းတိုးခဲ့တဲ့မာတာဟာ အခုလက္ရွိအေျ

ခအေနေပၚ စိတ္ပ်က္ေနၿပီး ပြဲကစားခြင့္ဆက္လက္

ေပ်ာက္ဆုံးေနမယ္ဆိုရင္ေတာ့ ဇန္နဝါရီအေျပာင္

းအေ႐ႊ႕က်ရင္ အသင္းနဲ႔လမ္းခြဲမယ့္

အေနအထားရွိေနပါၿပီ။ ဆိုစီဒက္အသင္းဟာ

မာတာကိုေခၚယူဖို႔ ၿပီးခဲ့တဲ့ေႏြရာသီမွာ

ကတည္းကပစ္မွတ္ထားခဲ့ေပမယ့္ ကစားသမားက

အသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုးခဲ့လို႔အဆင္မေျပျဖစ္ခဲ့ရၿပီး

လာမယ့္အေျပာင္းအေ႐ႊ႕မွာ ထပ္မံႀကိဳးပမ္းဖို႔ျ

ပင္ဆင္ေနတာျဖစ္ပါတယ္။၂၀၁၄၊ ဇန္နဝါရီအေျပာင္းအေ႐ႊ

႕ေဈးကြက္မွာ ခ်ယ္လ္ဆီးအသင္းကေန ယူႏိုက္တက္

အသင္းဆီေျပာင္းေ႐ႊ႕ခဲ့သူ မာတာဟာ

လက္ရွိယူႏိုက္တက္ကစားသမားေတြထဲမွာ

သက္ေတာ္ရွည္ကစားသမားတစ္ဦးျဖစ္ၿပီး အသင္းအတြက္

(၂၇၄)ပြဲကစား၊ (၅၁)ဂိုးသြင္းယူခဲ့သလို

FA ဖလား၊ လိဂ္ဖလား၊ ယူ႐ိုပါလိဂ္၊ ကြန္ျမဴနတီဒိုင္းေတြရယူႏိုင္ခဲ့ပါတယ္။

တကယ္လို႔ ဆိုစီဒက္အသင္းသာ ဇန္နဝါရီကာလမွာ

မာတာကို တရားဝင္ကမ္းလွမ္းလာမယ္ဆိုရင္

ယူႏိုက္တက္အသင္းကလည္း လက္ခံသြားမယ့္

အေနအထားရွိေနပါၿပီ။

mdiarymm

sportsviewnews

sportsviewnews