အသင်းနည်းပြသစ် ရာထူးအတွက်ဆီမြွန်နီနဲ့ ဆွေးနွေးနေတဲ့ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းနည်းပြသစ်ရာထူးအတွက်

အက်သလက်တီကိုအသင်းနည်းပြဆီမြွန်နီနဲ့ဆွေးနွေးနေတယ်လို့

သတင်းထွက်ပေါ်နေပါတယ်။ ယူနိုက်တက်အသင်းဟာ

ပြီးခဲ့တဲ့တစ်ပတ်ကဝက်ဖို့ဒ်အသင်းကို(၄-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့အပြီး

နာရီပိုင်းအကြာမှာပဲ နည်းပြဆိုးလ်ရှားကို ရာထူးကထုတ်ပယ်ခဲ့ပြီး

အခုလောလောဆယ်ယာယီနည်းပြအဖြစ်

ကာရစ်ကို ရာသီကုန်အထိခန့်အပ်ထားတာဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြသစ်ဖြစ်လာဖို့ရေပန်းစားနေတဲ့သူတွေထဲမှာ

ဇီဒန်း၊ ပိုချက်တီနိုတို့ထိပ်ဆုံးကဦးဆောင်နေပေမယ့် ယူနိုက်တက်

ဘုတ်အဖွဲ့ဝင်တချို့က ဆီမြွန်နီကိုနှစ်သက်သဘောကျနေတာပါ။

ယူနိုက်တက်အသင်းအမှုဆောင်ချုပ်ဖြစ်သူအက်ဒ်ဝုဒ်ဝပ်ဒ်ဟာ

အက်သလက်တီကိုအသင်းနဲ့အတူ ဆီမြွန်နီရဲ့စွမ်းဆောင်ရည်

အပေါ် အားရကျေနပ်မှုအပြည့်ရှိနေတယ်လို့ Independent

သတင်းစာကဖော်ပြခဲ့ပါတယ်။ အဲဒါကြောင့် အက်ဒ်ဝုဒ်ဝပ်ဒ်ဟာ

ယူနိုက်တက်နည်းပြသစ်ရာထူးအတွက် ဆီမြွန်နီကို ခန့်အပ်ဖို့

ဆန္ဒရှိနေပေမယ့် အမှန်တကယ်ဖြစ်ပေါ်လာဖို့ကရာခိုင်နှုန်း

နည်းပါးနေပါတယ်။ ဆီမြွန်နီဟာ အက်သလက်တီကိုအသင်းနဲ့

၂၀၂၄ ခုနှစ်အထိစာချုပ်သက်တမ်းကျန်ရှိနေပြီး သူကလည်း

အခုလောလောဆယ်အသင်းနဲ့လမ်းခွဲဖို့ ဆန္ဒမရှိပါဘူး။

 

zawgyi

 

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အသင္းနည္းျပသစ္ရာထူးအတြက္

အက္သလက္တီကိုအသင္းနည္းျပဆီႁမြန္နီနဲ႔ေဆြးေႏြးေနတ

ယ္လို႔ သတင္းထြက္ေပၚေနပါတယ္။ ယူႏိုက္တက္အသင္းဟာ

ၿပီးခဲ့တဲ့တစ္ပတ္ကဝက္ဖို႔ဒ္အသင္းကို(၄-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့အၿပီး

နာရီပိုင္းအၾကာမွာပဲ နည္းျပဆိုးလ္ရွားကို ရာထူးကထုတ္ပယ္ခဲ့ၿပီး

အခုေလာေလာဆယ္ယာယီနည္းျပအျဖစ္ကာရစ္ကို ရာသီကုန္အထိခန

႔္အပ္ထားတာျဖစ္ပါတယ္။ ယူႏိုက္တက္နည္းျပသစ္ျဖစ္လာဖို႔ေရပန္းစာ

းေနတဲ့သူေတြထဲမွာ ဇီဒန္း၊ ပိုခ်က္တီႏိုတို႔ထိပ္ဆုံးက

ဦးေဆာင္ေနေပမယ့္ ယူႏိုက္တက္ဘုတ္အဖြဲ႕ဝင္တခ်ိဳ႕က ဆီႁမြန္နီကို

ႏွစ္သက္သေဘာက်ေနတာပါ။ ယူႏိုက္တက္အသင္းအမႈေဆာင္ခ်ဳပ္ျဖစ္သူ

အက္ဒ္ဝုဒ္ဝပ္ဒ္ဟာ အက္သလက္တီကိုအသင္းနဲ႔အတူ ဆီႁမြန္နီရဲ႕စြမ္းေ

ဆာင္ရည္အေပၚ အားရေက်နပ္မႈအျပည့္ရွိေနတယ္လို႔ Independent

သတင္းစာကေဖာ္ျပခဲ့ပါတယ္။ အဲဒါေၾကာင့္ အက္ဒ္ဝုဒ္ဝပ္ဒ္

ဟာ ယူႏိုက္တက္နည္းျပသစ္ရာထူးအတြက္ ဆီႁမြန္နီကို ခန႔္အပ္ဖို႔

ဆႏၵရွိေနေပမယ့္ အမွန္တကယ္ျဖစ္ေပၚလာဖို႔ကရာခိုင္ႏႈန္

းနည္းပါးေနပါတယ္။ ဆီႁမြန္နီဟာ အက္သလက္တီကိုအသင္းနဲ႔

၂၀၂၄ ခုႏွစ္အထိစာခ်ဳပ္သက္တမ္းက်န္ရွိေနၿပီး သူကလည္း အခုေ

လာေလာဆယ္အသင္းနဲ႔လမ္းခြဲဖို႔ ဆႏၵမရွိပါဘူး။

 

sportsviewnews

sportsviewnews