သွေးကင်ဆာဝေဒနာခံစားနေရတဲ့ ဝေးလ်နှင့်ဘုန်းမောက်အလယ်တန်းကစားသမားဒေးဗစ်ဘရော့ခ်

ဝေးလ်စတားဒေးဗစ်ဘရော့ခ်ဟာသွေးကင်ဆာဝေဒနာ

ခံစားနေရကြောင်းသိရပါတယ်။အသက်၂၄နှစ်ရှိ

ဘုန်းမောက်အလယ်တန်းကစားသမားဟာ

Hodgkin Lymphoma အဆင့်၂ဖြစ်နေကြောင်း

တွေ့ရှိခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်ဝေးလ်စတား

ကတော့ရောဂါမှပြန်လည်ကောင်းမွန်အောင်

ကြိုးစားပြီးဘောလုံးပြန်ကစားမယ်လို့ကြုံးဝါးသွားပါတယ်။

ဘရော့ခ်ဟာအင်္ဂါနေ့တုန်းကဝေးလ်လက်ရွေးစင်အသင်းနှင့်

အတူလေ့ကျင့်ခန်းဆင်းစဉ် စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေမှုကြောင့်

စစ်ဆေးမှုခံယူခဲ့ရာသွေးကင်ဆာရောဂါခံစားနေရကြောင်း

တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။

သူဟာသူ့ရောဂါကိုအမြန်ဆုံးအဖြေရှာဖော်ထုတ်ပေးခဲ့တဲ့

ဝေးလ်လက်ရွေးစင်အသင်းဆေးအဖွဲ့ကို

ချီးကျူးမှုတောင်ပြုလုပ်သွားပါသေးတယ်။

ဘရော့ခ်က “ဒီစာကိုခက်ခက်ခဲခဲရေးသားလိုက်တာပါ။

Stage ll Hodgkiin Lymphoma ခံစားနေရပါတယ်။

လာမယ့်အပတ်မှာကုသမှုစတင်ပါမယ်။ဒီရောဂါကြောင့်

ကျွန်တော်နဲ့ကျွန်တော့်မိသားစုအရမ်းတုန်လှုပ်ခဲ့ရပါတယ်။

ဒါပေမယ့်အပြည့်အဝပြန်ကောင်းလာပြီးအမြန်ဆုံး

ပြန်ကစားလာနိုင်မယ်လို့ယုံကြည်နေပါတယ်။

ပရော်ဖက်ရှင်နယ်ဆန်ဆန်၊နွေးနွေးထွေးထွေး၊

နားလည်မှုအပြည့်နဲ့ကျွန်တော့်ကိုဆက်ခံခဲ့ကြတဲ့

ဆရာဝန်တွေ၊သူနာပြုတွေ၊အကြံပေးတွေနဲ့ဝန်ထမ်းတွေကို

ကျေးဇူးတင်ပါတယ်။ဝေးလ်ဘောလုံးအဖွဲ့ချုပ်ကိုလည်း

ကျေးဇူးတင်ပါတယ်။သူတို့ရဲ့ဆေးအဖွဲ့သာကျွန်တော့်ကို

ဂရုမစိုက်ခဲ့ဘူးဆိုရင်ဒီရောဂါဖြစ်နေတာ

သိမှာမဟုတ်ပါဘူး။ပြီးခဲ့တဲ့အပတ်မှာကျွန်တော့်ကို

အပြည့်အဝေထောက်ပံ့အားပေးတဲ့ဘုန်းမောက်ကိုလည်း

ကျေးဇူးတင်ပါတယ်။မီဒီယာတွေကအလေးထား

ဖော်ပြတာကိုကျေးဇူးတင်ပေမယ့်လာမယ့်လတွေမှ

ာကျွန်တော့်သီးသန့်ဘဝကိုတလေးတစားထားကြဖို့

တောင်းဆိုလိုပါတယ်။ကျွန်တော့်တိုးတက်မှု

အခြေအနေကိုတတ်နိုင်သမျှပြောပြနေမှာပါ”

လို့ပြောကြားသွားပါတယ်။

ဘရော့ခ်ဟာ၂၀၁၈ခုနှစ်တုန်းကရှက်ဖီးလ်ယူနိုက်တက်မှ

ဘုန်းမောက်သို့ပေါင်၁၁.၅သန်းဖြင့်ပြောင်းခဲ့သူဖြစ်ပြီး

ဝေးလ်နဲ့အတူယူရို၂၀၂၀ပြိုင်ပွဲကစားခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

 

ေဝးလ္စတားေဒးဗစ္ဘေရာ့ခ္ဟာေသြးကင္

ဆာေဝဒနာခံစားေနရေၾကာင္းသိရပါတယ္။

အသက္၂၄ႏွစ္ရွိဘုန္းေမာက္အလယ္တန္းကစားသမားဟာ

Hodgkin Lymphoma အဆင့္၂ျဖ

စ္ေနေၾကာင္းေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ေဝးလ္စတားကေတာ့ေရာဂါမွျ

ပန္လည္ေကာင္းမြန္ေအာင္ႀကိဳးစားၿပီ

းေဘာလုံးျပန္ကစားမယ္လို႔ႀကဳံးဝါးသြားပါတယ္။

ဘေရာ့ခ္ဟာအဂၤါေန႔တုန္းကေဝးလ္လက္ေ႐ြးစင္အသင္

းႏွင့္အတူေလ့က်င့္ခန္းဆင္းစဥ္ စိတ္ပင္ပန္းလူပင္ပန္

းျဖစ္ေနမႈေၾကာင့္စစ္ေဆးမႈခံယူခဲ့ရ

ာေသြးကင္ဆာေရာဂါခံစားေနရေၾကာင္

းေတြ႕ခဲ့ရတာလည္းျဖစ္ပါတယ္။

သူဟာသူ႔ေရာဂါကိုအျမန္ဆုံးအေျဖရွာေ

ဖာ္ထုတ္ေပးခဲ့တဲ့ေဝးလ္လက္ေ႐ြးစင္အသင္

းေဆးအဖြဲ႕ကိုခ်ီးက်ဴးမႈေတာင္ျပဳလုပ္သြားပါေသးတယ္။

ဘေရာ့ခ္က “ဒီစာကိုခက္ခက္ခဲခဲေရးသားလိုက္တာပါ။

Stage ll Hodgkiin Lymphoma ခံစားေနရပါတယ္။

လာမယ့္အပတ္မွာကုသမႈစတင္ပါမယ္။

ဒီေရာဂါေၾကာင့္ကြၽန္ေတာ္နဲ႔

ကြၽန္ေတာ့္မိသားစုအရမ္းတုန္လႈပ္ခဲ့ရပါတယ္။

ဒါေပမယ့္အျပည့္အဝျပန္ေကာင္းလာၿပီးအျမန္

ဆုံးျပန္ကစားလာႏိုင္မယ္လို႔ယုံၾကည္ေနပါတယ္။

ပေရာ္ဖက္ရွင္နယ္ဆန္ဆန္၊ေႏြးေႏြးေထြးေထြး၊

နားလည္မႈအျပည့္နဲ႔ကြၽန္ေတာ့္ကိုဆက္ခံခဲ့ၾကတဲ့

ဆရာဝန္ေတြ၊သူနာျပဳေတြ၊အႀကံေပးေတြနဲ႔

ဝန္ထမ္းေတြကိုေက်းဇူးတင္ပါတယ္

ေဝးလ္ေဘာလုံးအဖြဲ႕ခ်ဳပ္ကိုလည္းေက်းဇူးတင္ပါတယ္

သူတို႔ရဲ႕ေဆးအဖြဲ႕သာကြၽန္ေတာ့္ကိုဂ႐ုမစိုက္ခဲ့ဘူးဆိုရင္

ဒီေရာဂါျဖစ္ေနတာသိမွာမဟုတ္ပါဘူး။

ၿပီးခဲ့တဲ့အပတ္မွာကြၽန္ေတာ့္ကိုအျပည့္အေဝေ

ထာက္ပံ့အားေပးတဲ့ဘုန္းေမာက္ကိုလည္းေက်းဇူးတင္ပါတယ္။

မီဒီယာေတြကအေလးထားေဖာ္ျပတာကိုေ

က်းဇူးတင္ေပမယ့္လာမယ့္လေတြမွာကြၽန္ေတာ့္

သီးသန႔္ဘဝကိုတေလးတစားထားၾကဖို႔ေတာင္းဆိုလိုပါတယ္။

ကြၽန္ေတာ့္တိုးတက္မႈအေျခအေနကိုတတ္ႏို

င္သမွ်ေျပာျပေနမွာပါ”လို႔ေျပာၾကားသြားပါတယ္။

ဘေရာ့ခ္ဟာ၂၀၁၈ခုႏွစ္တုန္းကရွက္ဖီးလ္ယူႏိုက္တက္မွဘုန္းေမာက္သို

႔ေပါင္၁၁.၅သန္းျဖင့္ေျပာင္းခဲ့သူျဖစ္ၿပီးေဝးလ္နဲ႔

အတူယူ႐ို၂၀၂၀ၿပိဳင္ပြဲကစားခဲ့သူလည္းျဖစ္ပါတယ္။

sportsviewnews

ေဝးလ္ေဘာလုံးအဖြဲ႕ခ်ဳပ္ကိုလည္းေက်းဇူးတင္ပါတယ္

sportsviewnews