ဂျူဗီပွဲစဉ်မှ ဒူးအရွတ်ဒဏ်ရာကြောင့် ဘင်ချဲလ်ဝဲလ်ရာသီအကုန်အထိအနားယူရနိုင်

ချဲလ်ဆီးနောက်ခံလူဘင်ချဲလ်ဝဲလ်ဟာအင်္ဂါနေ့တုန်းက

ဂျူဗင်တပ်အားဂိုးပြတ်အနိုင်ရရှိတဲ့ပွဲစဉ်မှာရရှိခဲ့တဲ့

ဒူးအရွတ်ဒဏ်ရာကြောင့်ရာသီအကုန်အထိ

အနားယူရနိုင်ကြောင်းသိရပါတယ်။

ယခုရာသီတွင်အကောင်းဆုံးပုံစံရရှိနေတဲ့ချဲလ်ဆီးဟာ

စတမ်းဖို့ဒ်ဘရစ်ချ်ပွဲစဉ်မှာလည်းအကောင်းဆုံးပုံစံဖြင့်

ဆက်လက်ကစားပြသွားခဲ့ပြီး၄-၀ဂိုးဖြင့်

အနိုင်ရရှိခဲ့ပါတယ်။

ဂျူဗင်တပ်နှင့်ပွဲတွင်သောမတ်စ်တူချယ်ရဲ့ချဲလ်ဆီးအတွက်

အားလုံးအပြုသဘောဆောင်ခဲ့ပေမယ့်ဘင်ချဲလ်ဝဲလ်

ဒဏ်ရာရရှိခဲ့မှုကတော့စိတ်ပျက်စရာပါ။

အင်္ဂလန်လက်ရွေးစင်ဘယ်နောက်ခံလူဟာဒဏ်ရာ

ရရှိပြီးနောက်ဆေးအဖွဲ့ဝင်နှစ်ဦးရဲ့အကူအညီဖြင့်

ကွင်းအပြင်သို့ထွက်ခဲ့ရပါတယ်။

အသက်၂၄နှစ်ရှိဘင်ချဲလ်ဝဲလ်ဟာရာသီအစတုန်းက

နေရာရရှိရန်ရုန်းကန်ခဲ့ရပေမယ့်နောက်ပိုင်းတွင်

တောက်လျှောက်ခြေစွမ်းပြကစားနိုင်မှုနဲ့အတူ

ပုံမှန်ပွဲထွက်ခွင့်ရရှိလာခဲ့ပါတယ်။

အစောပိုင်းတုန်းကဘင်ချဲလ်ဝဲလ်ဟာလေးပတ်မှ

ခြောက်ပတ်မျှသာအနားယူရမယ်လို့ယူဆခဲ့ရပေမယ့်

သူ့ဒဏ်ရာမှာဒူးအရွတ်ဒဏ်ရာဖြစ်နေမှုနဲ့အတူ

ရာသီအကုန်အထိအနားယူရဖို့ရှိပါတယ်။

ပုံမှန်အားဖြင့်ဒူးအရွတ်ဒဏ်ရာရရှိပါကကိုးလအထိ

အနားယူရလေ့ရှိရာဘင်ချဲလ်ဝဲလ်မှာလက်ကျန်

တစ်ရာသီလုံးကိုလွဲချော်ဖို့ရှိနေပါတယ်။

 

ZawGyi

 

ခ်ဲလ္ဆီးေနာက္ခံလူဘင္ခ်ဲလ္ဝဲလ္ဟာအဂၤါေန႔တုန္းကဂ်ဴဗင္တပ္အ

ားဂိုးျပတ္အႏိုင္ရရွိတဲ့ပြဲစဥ္မွာရရွိခဲ့တဲ့ဒူးအ႐ြတ္ဒဏ္ရာေၾကာင့္

ရာသီအကုန္အထိအနားယူရႏိုင္ေၾကာင္းသိရပါတယ္။

ယခုရာသီတြင္အေကာင္းဆုံးပုံစံရရွိေနတဲ့ခ်ဲလ္ဆီးဟာစတမ္း

ဖို႔ဒ္ဘရစ္ခ်္ပြဲစဥ္မွာလည္းအေကာင္းဆုံးပုံစံျဖင့္ဆက္လက္ကစားျ

ပသြားခဲ့ၿပီး၄-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ဂ်ဴဗင္တပ္ႏွင့္ပြဲတြင္ေသာမတ္စ္တူခ်ယ္ရဲ႕ခ်ဲလ္ဆီးအတြက္အ

ားလုံးအျပဳသေဘာေဆာင္ခဲ့ေပမယ့္ဘင္ခ်ဲလ္ဝဲလ္ဒဏ္ရ

ာရရွိခဲ့မႈကေတာ့စိတ္ပ်က္စရာပါ။

အဂၤလန္လက္ေ႐ြးစင္ဘယ္ေနာက္ခံလူဟာဒဏ္ရာရရွိၿပီ

းေနာက္ေဆးအဖြဲ႕ဝင္ႏွစ္ဦးရဲ႕အကူအညီျဖ

င့္ကြင္းအျပင္သို႔ထြက္ခဲ့ရပါတယ္။

အသက္၂၄ႏွစ္ရွိဘင္ခ်ဲလ္ဝဲလ္ဟာရာသီအစတုန္းကေနရာရ

ရွိရန္႐ုန္းကန္ခဲ့ရေပမယ့္ေနာက္ပိုင္းတြင္ေတာက္ေ

လွ်ာက္ေျခစြမ္းျပကစားႏိုင္မႈနဲ႔အတူပုံမွန္ပြဲထြက္ခြ

င့္ရရွိလာခဲ့ပါတယ္။

အေစာပိုင္းတုန္းကဘင္ခ်ဲလ္ဝဲလ္ဟာေလးပတ္မွေျခာက္ပတ္မွ်

သာအနားယူရမယ္လို႔ယူဆခဲ့ရေပမယ့္သူ႔ဒဏ္ရာမွာဒူးအ

႐ြတ္ဒဏ္ရာျဖစ္ေနမႈနဲ႔အတူရာသီအကုန္အထိအနားယူ

ရဖို႔ရွိပါတယ္။ပုံမွန္အားျဖင့္ဒူးအ႐ြတ္ဒဏ္ရာရရွိပါကကိုးလ

အထိအနားယူရေလ့ရွိရာဘင္ခ်ဲလ္ဝဲလ္မွာလက္က်န္တစ္ရာသီလုံးကို

လြဲေခ်ာ္ဖို႔ရွိေနပါတယ္။

 

sportsviewnews

sportsviewnews