အာဆင်နယ်နဲ့ပွဲမှာပွဲမပြီးခင်ဥမင်အတွင်းကို ရော်နယ်ဒိုပြေးဝင်သွားရတဲ့အကြောင်းအရင်း

December 6, 2021 sportviews 0

    အာဆင်နယ်နဲ့ ပွဲမှာ ပွဲမပြီးခင်ဥမင်အတွင်းသို့ ရော်နယ်ဒိုပြေးဝင်သွားရတဲ့ အကြောင်းအရ င်းမှန်ထွက်ပေါ် အားလုံးပဲ အာဆင်နယ်အသင်းကို ၃-၂ ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရခဲ့တဲ့ ပွဲစဉ်မှာ ယူနိုက်တက် အသင်းရဲ့ အဓိက တိုက်စစ်မှုး ဖြစ်သူ ရော်နယ်ဒို တ စ်ယောက် […]

သမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားလားလို့မေးမြန်းမှုကိုအနှိမ့်ချဆုံးဖြေခဲ့တဲ့မက်ဆီ

December 6, 2021 sportviews 0

လီယွန်နယ်မက်ဆီကသမိုင်းတစ်လျှောက်အကောင်းဆုံး ကစားသမားဖြစ်လာရန်အတွက်ဘယ်တုန်းကမှ မကြိုးစားခဲ့ဖူးကြောင်းနှင့်သူ့ရဲ့ဘောလုံးခရီးစဉ်တွင် ဘုရားသခင်ကအဓိကနေရာမှပါဝင်နေတယ်လို့ ခံစားရကြောင်းပြောကြားလာပါတယ်။ အသက်၃၄နှစ်ရှိမက်ဆီဟာပြီးခဲ့တဲ့အပတ်တနင်္လာနေ့ တုန်းကပဲရစ်တွင် ခုနှစ်ကြိမ်မြောက် Ballon d’Or ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ယင်းဆုကိုထပ်မံရရှိလာမှုနဲ့အတူ ပရိသတ်များအကြား သမိုင်းတစ်လျှောက်အကောင်းဆုံး ကစားသမားဘယ်သူလဲဆိုတာနဲ့ပတ်သက်ပြီး ထပ်မံအငြင်းပွားလာပြန်ပါတယ်။ ပရိသတ်တစ်ဖက်ကမက်ဆီကိုသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးကစားသမားလို့ယုံကြည်နေသလို တစ်ဖက်ကလည်းခရစ္စတီယာနိုရော်နယ်ဒိုသာ ဖြစ်တယ်လို့ဆိုနေကြပါတယ်။ ဒါပေမယ့်မက်ဆီကတော့ “ကျွန်တော်ကိုယ်တိုင် တစ်ခါမှမပြောဖူးသလို တွေးလည်းမတွေးဘူး။ ဒီလိုအတွေးမျိုးတွေးဖို့လည်းမကြိုးစားဖူးဘူး။ […]

ဖာဂူဆန်နောက်ပိုင်း သူဘယ်လောက်လုပ်ပြနိုင်လဲ ပြသလိုက်တဲ့ရန်းနစ်ခ်

December 6, 2021 sportviews 0

    မန်ယူက ခရစ္စတယ်ပဲလေ့စ်ကို ၁-၀ နဲ့နိုင်ခဲ့တဲ့ပွဲဟာ ဂျာမန်သားနည်းပြ ရန်းနစ်ခ်ရဲ့ပထမဆုံးမန်ယူကို ကိုင်တွယ်တဲ့ပွဲဖြစ်ပြီး သူဘယ်လောက်လုပ်ပြနိုင်သေးလဲ ဆိုတာကို ပြသလိုက်တဲ့ပွဲစဥ်တစ်ခုလည်းဖြစ်ခဲ့ပါတယ်။ ၄-၂-၂-၂ ကစားကွက်ကိုအသုံးပြုခဲ့တဲ့ရန်းနစ်ခ်ဟာ မန်ယူကိုသူလိုချင်တဲ့ပုံစံမျိုး ရအောင်လုပ်ပေးနိုင်တယ် ဆိုတာကိုလည်း ပြသသွားပါတယ်။ High Pressing ကစားဟန်ကြောင့်လူသိများတဲ့ ရန်းနစ်ခ်ဟာ နည်းဗျူဟာပိုင်းပိုင်နိုင်သူဖြစ်တယ် ဆိုတာကို ပဲလေ့စ်နဲ့ပွဲမှာမြင်တွေ့ခဲ့ရပါတယ်။ […]

ဖရက်ဒ်ကိုဒီကောင်ညာခြေနဲ့ကန်တာဟုတ်ရဲ့လားလို့ပြန်မေးခဲ့ရတဲ့နည်းပြရန်းနစ်

December 6, 2021 sportviews 0

ယူနိုက်တက်အသင်းဟာ မနေ့ညက ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ကစားခဲ့ရာမှာတော့ ကွင်းလယ်လူ ဖရက်ဒ်ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုး နဲ့အိမ်ကွင်းမှာ ရမှတ် (၃) မှတ် စုဆောင်းသွားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ကွင်းလယ်လူ ဖရက်ဒ်ဟာ ပွဲချိန် (၇၇) မိနစ်မှာ ဂရင်းဝုဒ်ရဲ့ ဖန်တီးမှုကနေတဆင့် ညာခြေ ကန်သွင်းချက်နဲ့အတူ အသင်းအတွက် ဂိုးရယူပေးခဲ့တာဖြစ်ပါတယ်။ […]

ဂိုးသွင်းလိုက်ကာမှ ခေါင်းစားခံနေရတဲ့ ဘရာဇီးသားဖရက်ဒ်

December 6, 2021 sportviews 0

  မန်ယူအသင်းဟာ မနေ့ညတုန်းက ခရစ္စတယ်ပဲလေ့စ်ကို ၁-၀ နဲ့နိုင်ခဲ့ရာမှာ ကွင်းလယ်လူ ဖရက်ဒ်ကညာခြေနဲ့ လှလှပပကန်သွင်းပြီးမန်ယူအတွက် တစ်လုံးတည်းသော အနိုင်င်ဂိုးကိုသွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးဟာသူ့အတွက် ဒီရာသီပရီးမီးယားလိဂ်မှာ ဒုတိယမြောက်သွင်းဂိုးလည်းဖြစ်ပါတယ်။ အဲဒီဘရာဇီးသားဟာ နည်းပြသစ်ရန်းနစ်ခ် လက်ထက်မှာ သူ့ရဲ့တာဝန်ယူရမှုပိုင်း သိပ်မပြောင်းလဲခဲ့ပေမယ့် အခုလိုရန်းနစ်ခ်ရဲ့ပွဲဦးထွက်မှာ အနိုင်ရစေမယ့်ဂိုးကို သွင်းယူပေးခဲ့လို့ မှတ်မှတ်ရရဖြစ်ခဲ့ရပါတယ်။ ဒီအတွက် ကစားဖော်တွေနဲ့ […]

မနေ့ညကနိုင်ပွဲမှ ဖရက်ရဲ့အံ့ဩစရာကောင်းတဲ့အချက်အလက်အချို့

December 6, 2021 sportviews 0

မန်ချက်စတာယူနိုက်တက်ဒိုင်နမိုဖရက်ရဲ့မနေ့ညတုန်းက ခရစ္စတယ်ပဲလေ့စ်နိုင်ပွဲမှခြေစွမ်းကပရီးမီးယားလိဂ်မှာ ခြေစွမ်းမပြနိုင်ဖြစ်နေတဲ့စတားကစားသမား အချို့အတွက်အရှက်စရာဖြစ်နေပါတယ်။ ဘရာဇီးကွင်းလယ်ကစားသမားဟာပဲလေ့စ်နှင့်ပွဲမှာ ခြေစွမ်းပြကစားနိုင်ခဲ့ရုံသာမကယူနိုက်တက်အတွက် အနိုင်ဂိုးကိုလည်းသွင်းယူပေးနိုင်ခဲ့ပါတယ်။ သူဟာပွဲချိန်၇၇မိနစ်မှာမေဆင်ဂရင်းဝုဒ်ရဲ့ဖန်တီးမှုကနေ ကိုက်၂၀အကွာမှာအပေါ်ထောင့်သို့လှပစွာ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ဖရက်ဟာယူနိုက်တက် နည်းပြသစ်ရန်နစ်ခ်ရဲ့၄-၂-၂-၂ကစားကွက်မှာ စကော့မက်တိုမီနေးနှင့်အတူကွင်းလယ်အဖျက်အဖြစ် နောက်တန်းရှေ့မှကာကွယ်ပေးခဲ့ရပါတယ်။ သူဟာခရစ္စတယ်ပဲလေ့စ်ရဲ့တိုက်စစ်အင်ဂျင်ဖြစ်တဲ့ အင်္ဂလန်လူငယ်ပါရမီရှင်ဂယ်လာဂါကိုလည်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဘရာဇီးကွင်းလယ်ကစားသမားဟာပဲလေ့စ်နှင့်ပွဲမှာ ဘောလုံးဖျက်ထုတ်ှု၇ကြိမ်ပြုလုပ်ခဲ့သလိုပြစ်ဒဏ်ဘေ ာအများဆုံးကျူးလွန်ခံခဲ့ရတဲ့ကစားသမားလည်းဖြစ်ခဲ့ပါတယ်။ သူဟာဘောလုံးထိချက်ပေါင်း၉၅ကြိမ်အထိရှိခဲ့ပြီး ဒုတိယဘောလုံးအထိဆုံးကစားသမားဖြစ်ခဲ့သလို အိုးထရက်ဖို့ဒ်ကွင်းမှာ၆.၈မိုင်အထိပြေးလွှားကစားခဲ့ပါတယ်။ ဖရက်ရဲ့ပဲလေ့စ်နှင့်ပွဲစဉ်မှဂိုးကသူ့ရဲ့ယခုရာသီ ဒုတိယမြောက်ပရီးမီးယားလိဂ်ဂိုးဖြစ်ပြီးဟယ်ရီကိန်းထက် တစ်ဂိုးပိုသွင်းထားနိုင်ပြီဖြစ်ပါတယ်။ […]

လူသိနည်းတဲ့စည်းမျဉ်းကြောင့် ဂိုးတစ်ဂိုးကိုခွင့်မပြုခဲ့မှုအတွက် အက်စတွန်ဗီလာပရိသတ်များဒေါသထွက်ခဲ့ကြ

December 6, 2021 sportviews 0

အက်စတွန်ဗီလာနှင့်သူတို့ရဲ့ပရိသတ်များဟာ လက်စတာနှင့်ပွဲစဉ်မှဂိုးတစ်ဂိုးကိုခွင့်မပြုခဲ့မှုအတွက် အကြီးအကျယ်ဒေါသထွက်ခဲ့ကြပါတယ်။ တစ်ဖက်တစ်ဂိုးစီသရေကျနေချိန်မှာလက်စတာ ဂိုးသမားကက်စ်ပါရှမိုက်ကယ်ဟာခေါင်းတိုက်မှု တစ်ချက်မှ ထွက်လာတဲ့ဘောလုံးကိုဖမ်းရန် ကြိုးပမ်းရန်စဉ်ဗီလာရဲ့ဂျာကော့ဘ်ရမ်ဆေးကလည်း ဘောလုံးကိုအနီးကပ်ကန်သွင်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်VAR ကရှမိုက်ကယ်ကိုပြစ်ဒဏ်ကျူးလွန်တယ် ဆိုပြီးယင်းဂိုးကိုခွင့်မပြုခဲ့ပါဘူး။ အနှေးပြကွက်အရရှမိုက်ကယ်ဟာဘောလုံးကို အလျှင်ဖမ်းမိစဉ်ရမ်ဆေးကကန်သွင်းခဲ့တာတွေ့ရပါတယ်။ ရှမိုက်ကယ်ဟာကွင်းမှာလဲကျနေစဉ်ဘောလုံးကို အလျှင်ဦးစွာထိမိခဲ့တယ်ဆိုပေမယ့် အပြည့်အဝထိန်းချုပ်နိုင်တာမျိုးမဟုတ်ပါဘူး။ ဘောလုံးစည်းမျဉ်း ၁၂ အရဂိုးသမားကဘောလုံးကို ကွင်းမြက်ခင်းတွင်လည်းကောင်း၊လေထဲတွင်လည်းကောင်း လက်ဖြင့်ထိထားပါကဘောလုံးကိုထိန်းချုပ်ထားလိုက်ပြီလို့ မှတ်ချက်ချကာပြိုင်ဘက်ကစားသမားကလာထိလျှင် ပြစ်ဒဏ်ဘောအဖြစ်သတ်မှတ်ပေးပါတယ်။ ဒါပေမယ့်ဗီလာဟာဒုတိယပိုင်းမှာကွန်ဆာရဲ့ဂိုးကြောင့် […]

လုပ်ပွဲမှတ်ချက်နှင့်ပတ်သက်ပြီး ဂျူ့ဘယ်လင်ဂမ်စစ်ဆေးခံနေရ

December 6, 2021 sportviews 0

ဒေါ့မွန်ကွင်းလယ်ကစားသမားဂျူ့ဘယ်လင်ဂမ်ဟာ ဘိုင်ယန်မြူးနစ်အားရှုံးနိမ့်တဲ့ပွဲအပြီးမှာပြုလုပ်တဲ့ အင်တာဗျူးတွင်ကွင်းလယ်ဒိုင်လူကြီးဖီးလစ်ဇွာယာနှင့် ပတ်သက်ပြီးပြောဆိုမှုအတွက်ဂျာမန်ဘောလုံးအဖွဲ့ချုပ်ရဲ့ စုံစမ်းစစ်ဆေးခြင်းခံနေရပါတယ်။ ဘိုင်ယန်မြူးနစ်ကဒေါ့မွန်ကို၃-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာ ဇွာယာဟာမာကိုရူးစ်အားလူးကပ်စ်ဟာနန်ဒက်ဇ်က ဧရိယာအတွင်းလဲကျအောင်လုပ်မှုအတွက် ပင်နယ်တီမပေးခဲ့ပေမယ့်ပွဲချိန်၇၇မိနစ်မှာ ဒေါ့မွန်နောက်ခံလူဟမ်မဲလ်ရဲ့လက်ထိဘောအတွက် ပင်နယ်တီပေးခဲ့ပါတယ်။ယင်းပင်နယ်တီကိုရောဘတ် လီဝန်ဒေါ့စကီးကကန်သွင်းကာဘိုင်ယန်မြူးနစ်အတွက် အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။ယင်းနိုင်ပွဲကြောင့် ဘိုင်ယန်ဟာဒေါ့မွန်ကိုရမှတ်၄မှတ်ဖြတ်ထားလာနိုင်ပါတယ်။ ပွဲအပြီးတွင်ဘယ်လင်ဂမ်က “ကျွန်တော့်အတွက်တော့ ဒါကပင်နယ်တီမဟုတ်ပါဘူး။ဟမ်မဲလ်က ဘောလုံးကိုတောင်ကြည့်နေတာမဟုတ်ပါဘူး။ သူကဘောလုံးရဖို့ကြိုးစားနေတာပါ။ဘောလုံးက သူ့ကိုထိတာပါ ဘောလုံးကိုသူကြည့်မနေပါဘူး ဒီပွဲကအခြားဆုံးဖြတ်ချက်တွေကိုလည်းကြည့်နိုင်ပါတယ်။ ဒီဒိုင်ကအရင်တုန်းကလုပ်ပွဲကစားခဲ့တာခင်ဗျားတို့လည်း အသိပါ။အခုဂျာမနီရဲ့အကြီးကျယ်ဆုံးပွဲမှာ ဒီဒိုင်ကိုခန့်လာတော့ဘာဖြစ်လာမယ်ထင်လဲ”ဆိုသွားပါတယ်။ […]

ဘရန့်ဖို့ဒ်ဒုတိယဂိုးသွင်းပြီးနောက် ကာနို့စ်ကိုပစ္စည်းဖြင့်ပစ်ပေါက်မှုကြောင့် လိဒ်ဒဏ်ရိုက်ခံရနိုင်

December 6, 2021 sportviews 0

လိဒ်ဟာမနေ့ညတုန်းကဘရန့်ဖို့ဒ်နှင့်နှစ်ဂိုးစီ သရေကျတဲ့ပွဲစဉ်မှာဘရန့်ဖို့ဒ်အတွက်ဒုတိယဂိုးကို ဆာဂျီကာနို့စ်ကသွင်းယူပြီးနောက်ပရိသတ်က အရာဝတ္ထုပစ္စည်းဖြင့်ပစ်ပေါက်မှုအတွက်အက်ဖ်အေရဲ့ စုံစမ်းစစ်ဆေးမှုခံလာရဖို့ရှိနေပါတယ်။ လိဒ်နှင့်ဘရန့်ဖို့ဒ်တို့ဟာတနင်္ဂနွေနေ့ညတုန်းကပွဲစဉ်မှာ ၂ဂိုးစီသရေကျခဲ့ပါတယ်။လိဒ်အတွက်အဖိုးတန်ချေပဂိုးကို ဒဏ်ရာကြောင့်၉ပွဲလွဲချော်ခဲ့တဲ့ပက်ထရစ်ဘမ်းဖို့ဒ်က နောက်ကျချေပဂိုးသွင်းယူခဲ့ပါတယ်။ ဒါပေမယ့်ယင်းပွဲစဉ်မှာထူးခြားဖြစ်စဉ်အဖြစ် ကာနို့စ်ကဘရန့်ဖို့ဒ်ကို၂-၁ဖြင့်ဦးဆောင်စေမယ့် ဂိုးသွင်းယူပြီးနောက်ဖြစ်ပျက်ခဲ့ပါတယ်။ စပိန်ကစားသမားဟာပွဲချိန်၆၁မိနစ်မှာဦးဆောင်ဂိုး သွင်းယူပြီးနောက်အောင်ပွဲခံစဉ် Don Revis Stand မှ ပရိသတ်တစ်ဦးရဲ့ပစ္စည်းဖြင့်ပစ်ပေါက်မှုခံခဲ့ရပါတယ်။ စပိန်ကစားသမားဟာနောက်စေ့ကိုကိုင်ကာလဲကျခဲ့ပြီး ဒိုင်လူကြီးဒေးဗစ်ကိုးတီကပွဲပြီးမှတ်တမ်းတင် ထည့်သွင်းရေးသားလာဖို့သေချာနေပါတယ်။ လိဒ်ဟာအထက်ပါဖြစ်ရပ်ကြောင့်အက်ဖ်အေရဲ့ စုံစမ်းစစ်ဆေးမှုခံရဖို့သေချာနေပြီးဒဏ်ရိုက်ခံရဖို့ရှိနေပါတယ်။   […]

နည်းပြပြောင်းလဲလိုက်တာနဲ့ တိုက်စစ်ကစားပုံလုံးဝပြောင်းလဲသွားတဲ့ ယူနိုက်တက်အသင်း

December 6, 2021 sportviews 0

    ယူနိုက်တက်အသင်း နည်းပြသစ် ရန်းနစ်ရဲ့ ပထမဆုံး တာဝန်ယူကိုင်တွယ်တဲ့ ပွဲဦးထွက် ကတော့ ပေးဂိုးမရှိ နိုင်ပွဲနဲ့အတူ အဖွင့်လှခဲ့ပါတယ်။ အသင်းနဲ့ လေ့ကျင်ချိန် (၂)ရက်သာရခဲ့ပေမယ့် ရန်းနစ်ကတော့ သူ့ရဲ့ နည်းဗျူဟာ ကို ကစားသမားတွေ နားလည်အောင်ပြောပြနိုင်ခဲ့တယ်လို့ ဆိုရမှာပါပဲ။ ပွဲမစတင်ခင်ကတည်းက တိုက်စစ်ဖိအားပေးကစားဟန်နဲ့ ကျော်ကြားတဲ့ […]